Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

အမေရိကန် လေတပ် F-35 တိုက်လေယာဉ်တစ်စီး ပျက်ကျ၊ လေယာဉ်မှူး လွတ်မြောက်

ကမ္ဘာပေါ်မှာ ခေတ်အမီဆုံး ဘက်စုံသုံး တိုက်လေယာဉ်အဖြစ် ညွှန်းဆိုခံထားရတဲ့ F-35 ပျက်ကျခဲ့တဲ့ အကြောင်းရင်းကိုတော့ အတိအကျ မသိရသေးပါဘူး။ အနီးအနားမှာ ရှိနေသူ တချို့ကတော့ လေယာဉ် အဆင်းမှာ ပျက်ကျသွားတာကို တွေ့လိုက်ကြောင်း ပြောပါတယ်။

အမေရိကန် လေတပ် F-35 တိုက်လေယာဉ်တစ်စီး ပျက်ကျ၊ လေယာဉ်မှူး လွတ်မြောက်
အမေရိကန် လေတပ် F-35 တိုက်လေယာဉ်တစ်စီး ပျက်ကျ၊ လေယာဉ်မှူး လွတ်မြောက်

အမေရိကန် လေတပ်ရဲ့ ခေတ်အမီဆုံး ဂျက်တိုက်လေယာဉ် တစ်စီး ပျက်ကျခဲ့ပြီး လေယာဉ်မှူးကတော့ အသက်ရှင် လွတ်မြောက်သွားခဲ့ပါတယ်။

F-35A Lightning II အမျိုးအစား ဂျက်တိုက်လေယာဉ်ဟာ အောက်တိုဘာ ၂၀ မနက်အစောပိုင်းက ယူတားပြည်နယ်၊ ဟေးလ် လေတပ်စခန်းရဲ့ ပြေးလမ်း အကျော်မှာ ပျက်ကျသွားခဲ့တာ ဖြစ်ပါတယ်။ လူမှုကွန်ရက်တွေပေါ်မှာတော့ လေယာဉ် ပေါက်ကွဲမီးလောင်လို့ မီးခိုးလုံးတွေ အူထွက်နေတာကို အဝေးက ရိုက်ကူးထားတဲ့ ဗီဒီယိုတွေ ပျံ့နှံ့ခဲ့ပါတယ်။

လေယာဉ်မှူးက ခုန်ထွက်လွတ်မြောက်ခဲ့ပြီး အခြေအနေ စိုးရိမ်စရာ မရှိကြောင်း၊ သူ့ကို အနီးအနားက ဆေးရုံတစ်ခုဆီ ခေါ်ဆောင်သွားပြီး ကျန်းမာရေး စစ်ဆေးမှုတွေ လုပ်ဆောင်ပေးခဲ့ကြောင်း ဟေးလ် လေတပ်စခန်းရဲ့ Twitter စာမျက်နှာမှာ ဖော်ပြထားပါတယ်။

ကမ္ဘာပေါ်မှာ ခေတ်အမီဆုံး ဘက်စုံသုံး တိုက်လေယာဉ်အဖြစ် ညွှန်းဆိုခံထားရတဲ့ F-35 ပျက်ကျခဲ့တဲ့ အကြောင်းရင်းကိုတော့ အတိအကျ မသိရသေးပါဘူး။ အနီးအနားမှာ ရှိနေသူ တချို့ကတော့ လေယာဉ် အဆင်းမှာ ပျက်ကျသွားတာကို တွေ့လိုက်ကြောင်း ပြောပါတယ်။

Public Service Announcement

Public Service Announcement

ပုံမှန်ဆိုရင် ပြေးလမ်းရဲ့ တောင်ဖက်ခြမ်းကနေ လေယာဉ်တွေ ဆင်းလာလေ့ ရှိပေမယ့် အခု F-35ကတော့ ရုတ်တရက် စက်ရပ်သွားဟန်ရှိပြီး ချက်ချင်း ထိုးဆင်းသွားခဲ့ကြောင်း မျက်မြင်တစ်ယောက်က ဆိုပါတယ်။ ဟေးလ် လေတပ်စခန်းဟာ အကျယ်အဝန်းနဲ့ အမှုထမ်း ဦးရေတွေအရ အမေရိကန်လေတပ်ရဲ့ ဒုတိယ အကြီးဆုံး အခြေစိုက် စခန်းလို့ သတ်မှတ်နိုင်ပါတယ်။

F-35တွေဟာ ရေဒါနဲ့ ထောက်လှမ်းမှုကို ရှောင်ကွင်းနိုင်တဲ့ ကိုယ်ပျောက်စွမ်းရည် မြင့်မြင့်မားမား ပါဝင်ပြီး အဆင့်မြင့် နည်းပညာတွေ အသုံးပြုထားတဲ့ ပဉ္စမမျိုးဆက် တိုက်လေယာဉ်တွေ ဖြစ်ပါတယ်။ အမေရိကန်ရယ်၊ အနီးစပ်ဆုံး မဟာမိတ် နိုင်ငံ အနည်းအကျဉ်းရယ်လောက်ကိုပဲ ဒီလေယာဉ်တွေ တင်ပို့တာဖြစ်ပြီး နည်းပညာ ပေါက်ကြားမှု မရှိအောင် ဘက်ပေါင်းစုံကနေ ကန့်သတ်ထားပါတယ်။

F-35မှာ မျိုးကွဲ ၃ ခု ရှိရာမှာ အခုပျက်ကျတဲ့ F-35Aကတော့ သာမန် ပြေးလမ်းတွေမှာသာ အတက်အဆင်း ပြုလုပ်နိုင်ပြီး လေတပ်အတွက် အဓိက ရည်ရွယ် တည်ဆောက်ထားတာ ဖြစ်ပါတယ်။ ကျန်တဲ့ မျိုးကွဲတွေကတော့ လေယာဉ်တင် သင်္ဘောတွေက ပြေးလမ်းတိုတွေနဲ့ အံဝင်မယ့် အမျိုးအစားရယ်၊ မရိန်းတပ်ဖွဲ့အတွက် ဒေါင်လိုက် အတက်အဆင်း လုပ်နိုင်တဲ့ အမျိုးအစားရယ် ဖြစ်ပါတယ်။ F-35 တိုက်လေယာဉ် တစ်စီးရဲ့ ပျမ်းမျှတန်ဖိုးဟာ ဒေါ်လာ သန်း ၁၀၀ ဝန်းကျင်လောက် ရှိကြောင်းလည်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရုရှား အစိုးရ ပြောရေးဆိုခွင့်ရ အရာရှိ ဒစ်မစ်ထရီ ပက်စ်ကော့ဗ်ကတော့ အခုဆုံးဖြတ်ချက်ဟာ အမေရိကန်ကို ကြွယ်ဝသထက် ကြွယ်ဝစေပြီး ယူကရိန်း အတွက်တော့ နောက်ထပ် အသက်တွေ စတေးရင်း တွင်းဆုံးကျစေမယ့် ကိစ္စမျိုးလို့ တုံ့ပြန်သွားပါတယ်။

နိုင်ငံတကာ

အမေရိကန်က အဲဒီအဆိုကို ဗီတိုအာဏာသုံးပြီး ပယ်ချခဲ့မေယ့် အမေရိကန်ရဲ့ အနီးစပ်ဆုံး မဟာမိတ်တွေထဲက ပြင်သစ်၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့ကလည်း ပါလက်စတိုင်းနိုင်ငံ ထူထောင်ရေး အဆိုကို ထောက်ခံခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ကုလသမဂ္ဂဆိုင်ရာ အီရန် သံတမန် အဖွဲ့က အီရန်ရဲ့ တိုက်ခိုက်မှုဟာ တရားမျှတပြီး အမေရိကန် အနေနဲ့ ကြားမဝင်ဖို့ လိုတယ်လို့ သတိပေးလိုက်တာ ဖြစ်ပါတယ်။

ဆောင်းပါး

မြဝတီမြို့ပြင်တိုက်ပွဲများကြောင့် မြို့ခံအချို့မှာ လုံခြုံရေးအခြေအနေစိုးရိမ်၍ ယခုရက်ပိုင်းအတွင်း ထိုင်းနိုင်ငံ၊​ မဲဆောက်မြို့သို့ ပြောင်းရွှေ့နေထိုင်မှုများလည်း ရှိနေသည်။