Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမေရိကန် နေ့ကလေးထိန်း ဌာနတစ်ခုမှာ အဆိပ်ဓာတ်ငွေ့ ယိုစိမ့်လို့ ကလေး ၂ ဒါဇင်ကျော် ဆေးရုံရောက်

အခင်းဖြစ်တဲ့ အဆောက်အအုံဟာ ပတ်ဝန်းကျင်နဲ့ သီးခြား တည်ရှိနေတာကြောင့် အဆိပ်ဓာတ်ငွေ့တွေ ပျံ့နှံ့မှာ စိုးရိမ်စရာ မရှိဘူးလို့ ဆိုပါတယ်။

အမေရိကန် နေ့ကလေးထိန်း ဌာနတစ်ခုမှာ အဆိပ်ဓာတ်ငွေ့ ယိုစိမ့်လို့ ကလေး ၂ ဒါဇင်ကျော် ဆေးရုံရောက်
အမေရိကန် နေ့ကလေးထိန်း ဌာနတစ်ခုမှာ အဆိပ်ဓာတ်ငွေ့ ယိုစိမ့်လို့ ကလေး ၂ ဒါဇင်ကျော် ဆေးရုံရောက်

အမေရိကန် နိုင်ငံက နေ့ကလေးထိန်း ဌာနတစ်ခုမှာ အဆိပ်ဓာတ်ငွေ့ ယိုစိမ့်မှုကြောင့် ကလေး ၂ ဒါဇင်ထက်မနည်း ဆေးရုံ တက်ခဲ့ရပါတယ်။

အောက်တိုဘာ ၁၁ ရက်က ပင်ဆယ်လ်ဗေးနီးယား ပြည်နယ်မှာရှိတဲ့ နေ့ကလေးထိန်း ဌာနမှာ ကာဘွန်မိုနော့ဆိုက် ဓာတ်ငွေ့ ယိုစိမ့်မှုတွေ ဖြစ်ခဲ့တာပါ။ သတင်းကြားတဲ့နောက် အယ်လန်တောင်း မြို့ထဲမှာ ရှိသမျှ လူမှုကယ်ဆယ်ရေး အသင်းတွေရဲ့ ဆေးရုံကားတွေဟာ ဟက်ပီးစမိုင်းလ်စ် နေ့ကလေးထိန်း ဌာနဆီ ချက်ချင်း သွားရောက် ကူညီခဲ့ကြပါတယ်။

မနက်ပိုင်းမှာ ကလေးတွေ အပါအဝင် နေ့ကလေးထိန်း ဌာနမှာ ရှိနေသူတွေ အဆိပ်မိတဲ့ လက္ခဏာတွေ ပြသလာတဲ့နောက် ရဲဌာနဆီ ဖုန်းဆက် အကူအညီ တောင်းခံခဲ့ရပါတယ်။ နောက်တော့ ကလေး ၂၅ ယောက်နဲ့ ဝန်ထမ်း ၈ ယောက်ကို ဆေးရုံပို့ခဲ့ရပြီး အခုအခါ အားလုံးရဲ့ အခြေအနေက တည်တည်ငြိမ်ငြိမ် ရှိနေပြီလို့ ဆိုပါတယ်။

ကာဘွန်မိုနော့ဆိုက် အဆိပ်သင့်မှုဟာ အပြင်းအထန် နာမကျန်း ဖြစ်စေနိုင်ပြီး အခြေအနေဆိုးရင် အသက်အန္တရာယ်ကိုတောင် ထိခိုက်စေနိုင်ပါတယ်။ ကယ်ဆယ်ရေး အဖွဲ့တွေနဲ့ မီးသတ်သမားတွေဟာ ကလေးတွေ အစာအဆိပ်သင့်တယ်ထင်ပြီး ကူညီဖို့ အပြေးအလွှား ရောက်လာပေမယ့် သူတို့ရဲ့ ယူနီဖောင်းက ကိရိယာတွေမှာတော့ ပတ်ဝန်းကျင်က အဆိပ်ဓာတ်ငွေ့ ပျံ့နှံ့မှုတွေ ရှိနေကြောင်း စတင် အချက်ပေးလာပါတော့တယ်။

Public Service Announcement

Public Service Announcement

အဖြစ်မှန်ကို ရိပ်စားမိသွားချိန်မှာ ကယ်ဆယ်ရေး အဖွဲ့တွေက တစ်မြို့လုံးမှာ ရှိနေတဲ့ ပရဟိတ အဖွဲ့တွေကို ဆေးရုံကားတွေ အမြန်ဆုံး လွှတ်ပေးဖို့ အကူအညီ လှမ်းတောင်းခဲ့ပါတယ်။ အခင်းဖြစ်တဲ့ အဆောက်အအုံဟာ ပတ်ဝန်းကျင်နဲ့ သီးခြား တည်ရှိနေတာကြောင့် အဆိပ်ဓာတ်ငွေ့တွေ ပျံ့နှံ့မှာ စိုးရိမ်စရာ မရှိဘူးလို့ ဆိုပါတယ်။

ဒေသခံ မီဒီယာတွေကတော့ ဓာတ်ငွေ့ ကုမ္ပဏီ တာဝန်ရှိသူတွေကို ကိုးကားပြီး အခုယိုစိမ့်မှုဟာ အပူပေး ပိုက်လိုင်းတစ်ခုမှာ ပိတ်ဆို့ရာကနေ စက်ချွတ်ယွင်းပြီး ဖြစ်လာတာလို့ ပြောပါတယ်။ ကာဘွန်မိုနော့ဆိုက်ဟာ အရောင်အဆင်း၊ အနံ့အရသာ ဘာမှ မရှိပါဘူး။ ဓာတ်ဆီ၊ သစ်သား၊ ကျောက်မီးသွေး အစရှိတဲ့ ကာဘွန်အခြေခံ လောင်စာတွေ တစ်ဝက်တစ်ပျက် လောင်ကျွမ်းတာမျိုး ဆိုရင်လည်း အဲဒီဓာတ်ငွေ့ ထွက်ပေါ်နိုင်ပါတယ်။

ကာဘွန်မိုနော့ဆိုက်ဟာ လူတွေရဲ့ သွေးဆဲလ်တွေထဲက အောက်စီဂျင်ကို ဖယ်ထုတ်လေ့ ရှိတာကြောင့် ကိုယ်တွင်းအင်္ဂါတွေကို အပြင်းအထန် ထိခိုက် ပျက်စီးစေနိုင်ပါတယ်။ အမေရိကန်မှာ ကာဘွန်မိုနော့ဆိုက် ဓာတ်ငွေ့နဲ့ ဆက်စပ်တဲ့ မတော်တဆမှုတွေကြောင့် နှစ်စဉ် ပျမ်းမျှ လူ ၄၀၀ ကျော်လောက် သေဆုံးပြီး ၄၀၀၀ ဝန်းကျင် ဆေးရုံ တက်ရလေ့ ရှိတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမှာ လက်ရွေးစင် အသင်း ကြုံတွေ့နေတဲ့ ကန့်သတ်ခံရမှုတွေနဲ့ ပတ်သက်ပြီး ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)ဆီ တရားဝင် အရေးဆိုသွားမယ်လို့ အီရန် ဘောလုံးအဖွဲ့ချုပ်က ပြောပါတယ်။

နိုင်ငံတကာ

ဆွစ်ဇာလန်မှာ အီရန် ကိုယ်စားလှယ်တွေနဲ့ သွားရောက်တွေ့ဆုံပြီး စစ်ပြေငြိမ်းရေး လုပ်ထုံးလုပ်နည်းဆိုင်ရာ သဘောတူညီမှုတွေအတွက် လက်မှတ်ရေးထိုးမယ့် ခရီးစဉ်ကို အမေရိကန် ဒုတိယ သမ္မတ ဂျိမ်းစ်ဒေးဗစ် ဗန့်စ်က ပယ်ဖျက်လိုက်ပါတယ်။

သတင်း

ပါရှန်း ပင်လယ်ကွေ့မှာ အီရန်ရေယာဉ်တွေကို တားဆီးဖို့ ဖြန့်ကျက်ထားတဲ့ အမေရိကန် ရေတပ် ပိတ်ဆို့မှုကို ရုပ်သိမ်းလိုက်ပြီလို့ အမေရိကန် စစ်တပ်က အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်မှာ လမ်းပေါ် ပျက်ကျလာတဲ့ လေယာဉ်ထဲက ခရီးသည်တွေကို လမ်းသွားလမ်းလာတွေက ကြိုးကြိုးစားစား ကယ်ထုတ်ပေးခဲ့ကြပါတယ်။