Connect with us

Hi, what are you looking for?

သတင်း

ကော့ကရိတ်အနီး ကျေးရွာများတွင် လေကြောင်းမှဗုံးကြဲတိုက်ခိုက်နေ

ကော့ကရိတ်မြို့နယ်အတွင်းတွင် ယမန်နေ့ညပိုင်းနှင့် မနက်အစောပိုင်းတွင် စစ်ကောင်စီတပ်၏လေယာဉ်များက အခေါက်ပေါင်းများစွာ လာရောက်ပျံဝဲခဲ့ပြီး ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ကော့ကရိတ်အနီး ကျေးရွာများတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေ
ကော့ကရိတ်အနီး ကျေးရွာများတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေ

ကော့ကရိတ်မြို့တွင်း၌ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သားများ ထိခိုက်သေဆုံးဒဏ်ရာရခဲ့သည်ဟု ဒေသခံများက ပြောသည်။

ယနေ့ အောက်တိုဘာ ၂၁ နံနက်(၁၀)နာရီအချိန်တွင် စစ်ကောင်စီတပ်မှ ကော့ကရိတ်မြို့အနီးရှိ ကျေးရွာများကို ဂျက်ဖိုက်တာလေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်‌ေကြာင်း ဒေသခံကပြောသည်။

“လေယာဉ်နှစ်စီးနဲ့လာတယ်။ အကြာကြီးလှည့်ပတ်ပြီး တစ်နာရီလောက်ကြာတယ် လှည့်ပတ်ပြီးမှ ဗုံးကြဲသွားတယ်၊ သုံးလေးချက်လောက်ရှိတယ်၊ ကော့နွဲဘက်ခြမ်းဝန်းကျင်မှာ” ဟု ကော့ကရိတ်ဒေသခံတစ်ဦးက ပြောသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကလည်း ” မနက်စောစောစီးစီး ပွဲက စကြမ်းနေပြီ၊ လေယာဉ်နဲ့ပါပစ်တာ” ဟုလည်း ၎င်း၏လူမှုကွန်ယက်တွင် ရေးသားထား‌သေးသည်။

Public Service Announcement

Public Service Announcement

ကော့ကရိတ်အနီး ကျေးရွာများတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေ
ကော့ကရိတ်အနီး ကျေးရွာများတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေ

ကော့ကရိတ်မြို့နယ်အတွင်းတွင် ယမန်နေ့ညပိုင်းနှင့် မနက်အစောပိုင်းတွင် စစ်ကောင်စီတပ်၏လေယာဉ်များက အခေါက်ပေါင်းများစွာ လာရောက်ပျံဝဲခဲ့ပြီး ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ယနေ့ နံနက်ပိုင်းတွင်လည်း ကော့ကရိတ်မြို့အနီး ပစ်ခတ်သံများဖြစ်ပေါ်ခဲ့ပြီး မြို့တွင်းထဲ၌ လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့ခြင်းကြောင့် အရပ်သားများ ထိခိုက်သေဆုံးဒဏ်ရာရရှိမှု ရှိခဲ့သည်ဟု ကော့ကရိတ်မြို့ခံတစ်ဦးက ပြောသည်။

“လက်နက်ကြီးတစ်လုံးကျတယ်။ အရပ်သားတစ်ဦးသေတယ်၊ သုံးဦးဒဏ်ရာရတယ်၊ အခု နှစ်ဖက်ပစ်နေပြီ” လို့ မြိုခံတစ်ဦးက ဆိုသည်။

ကေအဲန်ယူ-ကော့ကရိတ်မြို့နယ် အုပ်ချုပ်မှုနယ်မြေဖြစ်သည့် မြ၀တီ-ကော့ကရိတ် အာရှလမ်းမတွင် ပြီးခဲ့သည့် အောက်တိုဘာလ(၁၈)ရက်နေ့ကစတင်၍ နယ်မြေကျူးကျော်လာသော စစ်ကောင်စီတပ်များနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) မဟာမိတ်ပူးပေါင်းတပ်များအကြား တိုက်ပွဲများဖြစ်ခဲ့ပြီး တိုက်ပွဲကြောင့် အာရှလမ်းမတွင် သွားလာနေသော ယာဉ်ပေါင်းများစွာ ပိတ်ဆို့မှုဖြစ်ခဲ့သည်။

အလားတူ ပြီးခဲ့သည့် အောက်တိုဘာလ(၁၈)ရက်နေ့ကလည်း တပ်မဟာ(၆)နယ်မြေ ကြာအင်းဆိပ်ကြီးမြို့နယ် ဘီးစကပ်ကျေးရွာထဲတွင် စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကြဲမှုများ လုပ်ဆောင်ခဲ့သည်ဟု ပူးပေါင်းတပ်ဖွဲ့များမှ သတင်းထုတ်ပြန်ထားသည်။

ကေအဲန်ယူ-ဒူးပလာယာခရိုင် တပ်မဟာ(၆)နယ်မြေတစ်ခုလုံးတွင် တိုက်ပွဲများဖြစ်ပွားနေပြီး စစ်ကောင်စီတပ်၏ စစ်ဆင်ရေးဆောင်ရွက်မှုနှင့် လူ့အခွင့်အရေးချိုးဖောက်ဆောင်ရွက်မှုများကြောင့် ခရိုင်အတွင်းတွင် ထွက်ပြေးတိမ်းရှောင်နေရသူဦးရေသည် (၁၀၀၀၀၀)နီးပါးအထိရှိလာပြီဖြစ်သည်ဟု KNU မှပြောကြားထားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့အရှေ့ခြမ်းက ကျေးရွာတွေကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်နေတယ်လို့ နတ်မောက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ က ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဘုတလင်မြို့နယ်က ကျေးရွာတွေကို ပိတ်ဆို့ပြီး စစ်တပ်က စစ်ကြောင်းထိုးနေတာမို့ ပြည်သူသောင်းနဲ့ချီထွက် ပြေးနေရပြီး ကျေးရွာအတွင်း ပိတ်မိနေတဲ့ ပြည်သူတွေလည်းရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာတိုက်ပွဲတွေ ဆက်ပြင်းထန်နေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA)က သတင်းဖော်ပြထားပြီး စစ်တပ်က နေ့စဉ် လေယာဉ်နဲ့ စားနပ်ရိက္ခာတွေ ချပေးနေရတယ်လို့ ဖော်ပြထားပါတယ်။

သတင်း

တော်လှန်ရေးတပ်တွေရဲ့ မြေပြင်ရိက္ခာလမ်းကြောင်း ဖြတ်တောက်ခံထားရတဲ့ မကွေးတိုင်း၊ မြိုင်မြို့နယ်က အမှတ်(၃)တပ်မတော်အကြီးစားစက်ရုံ(တစခ -၃)ကို စစ်တပ်က လေယာဉ်နဲ့ ရိက္ခာတွေ ချပေးခဲ့တယ်လို့ အညာမြေတပ်ပေါင်းစု တာဝန်ရှိသူက ပြောပါတယ်။