Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ကော့ကရိတ်မြို့နယ် ဘော့ဒိုင်းရွာကို စစ်ကောင်စီတပ်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်

စစ်ကောင်စီတပ်သည် မြ၀တီမြို့နယ် မြ၀တီ-ဝေါ်လေ ကားလမ်းအနီးတဝိုက်ဒေသများကိုလည်း လေကြောင်း တိုက်ခိုက်မှုများ အကြိမ်ကြိမ်ပြုလုပ်ခဲ့သည်။

မြဝတီမြို့နယ်အတွင်း စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ခဲ့စဥ်(ပုံအဟောင်းကို အသုံးပြုထားပါသည်)ဓာတ်ပုံ - ကော်ဘရာစစ်ကြောင်း
မြဝတီမြို့နယ်အတွင်း စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ခဲ့စဥ်(ပုံအဟောင်းကို အသုံးပြုထားပါသည်)ဓာတ်ပုံ - ကော်ဘရာစစ်ကြောင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ကော့ကရိတ်မြို့နယ် ဘော့ဒိုင်းကျေးရွာကို စစ်ကောင်စီတပ်က ယမန်နေ့ညပိုင်း၌ လေယာဉ်ဖြင့် ဗုံးကြဲသွားကြောင်း ဒေသတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်(PDF) တပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ သူတို့ ပထမတစ်ခါကြဲဖူးတဲ့ဘော်ဒိုင်းကို ထပ်ကြဲတာ။ လွန်ခဲ့တဲ့နှစ်လလောက်က ကြဲသွားတဲ့နေရာကို ည ၁၂နာရီလောက်က ကြဲသွားတာ။ အထိအခိုက်မရှိဘူး”ဟု ၎င်းက ပြောသည်။

Public Service Announcement
Public Service Announcement

စစ်ကောင်စီတပ်သည် မြ၀တီမြို့နယ် မြ၀တီ-ဝေါ်လေ ကားလမ်းအနီးတဝိုက်ဒေသများကိုလည်း လေကြောင်း တိုက်ခိုက်မှုများ အကြိမ်ကြိမ်ပြုလုပ်ခဲ့သည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးနှင့် အတွဲလိုက်ဒုံးများပစ်ခတ်မှု၊ မြေပြင် စစ်အင်အား အလုံးအရင်းဖြင့် ထိုးစစ်ဆင်မှုတို့ဖြင့် KNU ဦးဆောင်သည့် ပူးပေါင်းတပ်ဖွဲ့များကို ထိုးစစ်ဆင်လျက်ရှိရာ တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်က အထိနာလျက်ရှိသည်။

Public Service Announcement

Public Service Announcement

ဩဂုတ် ၁၅ရက်ကလည်း ကော့ကရိတ်မြို့ပေါ်ရှိ စစ်ကောင်စီတပ်စွဲရာနေရာများကို ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ရဲမှူးအပါအဝင် စစ်ကောင်စီတပ်ကသေဆုံးထိခိုက်မှုများရှိခဲ့သည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။