Connect with us

Hi, what are you looking for?

သတင်း

လွိုင်ကော်အရှေ့ဘက်ခြမ်းက စခန်းကုန်းတွေမကျရေး စစ်‌တပ် လေကြောင်းကခုခံနေ

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့အရှေ့ဘက်ခြမ်းက စခန်းကုန်းတွေ မကျရေး စစ်‌တပ်က လေကြောင်းက နေ အပြင်းအထန်ခုခံနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

(ကရင်နီပြည်မှာ ဗုံးကြဲတိုက်ခိုက်နေတဲ့ စစ်တပ်လေယာဉ်ကို တွေ့ရစဉ်။ ဓာတ်ပုံ − KNDF)

စက်တင်ဘာ -၅၊၂၀၂၆။ဇော်၀င်း/People’s Spring

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့အရှေ့ဘက်ခြမ်းက စခန်းကုန်းတွေ မကျရေး စစ်‌တပ်က လေကြောင်းက နေ အပြင်းအထန်ခုခံနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

လွိုင်ကော်-လွိုင်လင်လေးလမ်းပိုင်းအနီးက တပ်စခန်းကုန်းတွေကို ဩဂုတ်လနောက်ဆုံးပတ်ကစပြီး ကရင်နီတော်လှန်ရေးပူးပေါင်းတပ်တွေက ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။

အဲဒီထိုးစစ်ဆင်မှုအရ လွယ်ထွယ်ရွာအနီးတဝိုက်က စခန်းကုန်းကို ဩဂုတ် ၂၆ ရက်မှာ ကရင်နီပူးပေါင်းတပ်တွေ ပြန်လည်သိမ်းယူနိုင်ခဲ့တယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် လွယ်ထွယ်ကျေးရွာရဲ့ တောင်ဘက်ခြမ်းက စစ်တပ်စခန်းကုန်းတွေ မကျရေးအတွက် မနေ့က(စက်တင်ဘာ ၄ ရက်)တစ်ရက်တည်းမှာပဲ လေကြောင်းကနေ ၃ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ စစ်ရေး သတင်းရင်းမြစ်က အသိပေးပါတယ်။

“နောက်ထပ်စခန်းကုန်းတစ်ခု ထပ်ရတယ်ဆိုတာတော့ ကြားတယ်။ဒါပေမယ့် အတည်ပြုနိုင်ဖို့ လိုသေးတယ်။ လေ‌ယာဉ်ကတော့ မနေ့က တောက်လျှောက်ကြဲတယ်”လို့ သူက ပြောပါတယ်။

အဲဒီစခန်းကုန်းတွေဟာ အာဏာသိမ်းစစ်တပ်က ပြန်ဖွင့်ဖို့ကြိုးပမ်းနေတဲ့ လွိုင်ကော်မြို့လေဆိပ်အတွက် အရေးပါတဲ့နေရာတွေ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

“အကြောင်းကုန်စင် သတင်းမရသေးပါဘူး”လို့ လွိုင်ကော်အရှေ့ဘက်ခြမ်းစခန်းကုန်းတွေထိုးစစ်ဆင်မှုကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) တာ၀န်ရှိသူက ပြောပါတယ်။

လက်ရှိ ကရင်နီပြည်နယ်မှာ ဒီးမော့ဆို၊ဖရူဆို မြို့နယ်နဲ့ ကရင်နီနဲ့ ရှမ်းတောင်အစပ်က မိုးဗြဲမြို့တွေမှာ အာဏာသိမ်းစစ်တပ်က စစ်ကြောင်းထိုးနေလို့ မကြာခဏ တိုက်ပွဲဖြစ်နေပါတယ်။

အာဏာသိမ်းစစ်တပ်က မိုးဗြဲမြို့နဲ့ဒီးမော့ဆိုမြို့ ဒေါငံခါးရွာကတဆင့် ကရင်နီတပ်ပေါင်းစု ထိန်းချုပ်ထားတဲ့နန်းမယ်ခုံမြို့ကို ရယူဖို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။

ဒါ့အပြင် ဒီးမော့ဆိုနဲ့ ဖရူဆိုမြို့နယ်က အခြေစိုက်တပ်တွေ ချိတ်ဆက်နိုင်ဖို့ အဓိက လမ်းပိုင်းတွေမှာလည်း စစ်တပ်က အင်အားဖြန့်ထားတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေမြို့နယ် ၊ပါဒလိတ်တပ်ရင်းတွေရဲ့ အဓိကရှေ့ထွက်ကာကင်းတွေရှိရာ အမြင့်ကျွန်းဝန်းကျင်က စစ်တပ်စခန်း နောက်တခုကို အာရက္ခတပ်တော်(AA)က ဒီနေ့ ထပ်မံသိမ်းပိုက်လိုက်တယ်လို့ AA နဲ့နီးစပ်တဲ့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ညောင်ဦးမြို့နယ်ကဗျတ္တပန်းဆက်လမ်းပိုင်းတနေရာမှာတပ်စွဲထားတဲ့ စစ်တပ်စခန်းကိုတိုက်ခိုက်ခဲ့ရာစစ်တပ်ထိခိုက်မှုရှိတယ်လို့ ညောင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က တာဝန်ရှိသူတဦးက ပြောပါတယ်။

သတင်း

ဗန်းမော်အပါအဝင် ဒေသ ၅ခုမှာ စစ်ရေးတင်းမာ၊ စစ်တပ်က ဗန်းမော်က ဘုရားကျောင်းနဲ့ ပြည်သူ့အိုးအိမ်တွေ မီးရှို့

သတင်း

မကွေးတိုင်း၊ရေစကြိုမြို့နယ်၊ ဂွေးချိုကျေးရွာက ပျူစောထီးစခန်းကို တိုက်ခိုက်ရာ စစ်တပ်က လေကြောင်းကနေ အပြင်းအထန် ခုခံမှုကြောင့် ဆုတ်ခွာခဲ့ရတယ်လို့ ရေစကြိုမြို့နယ်အထူးလှုပ်ရှားစစ်ကြောင်းက အောက်တိုဘာ ၅ ရက်မှာ ထုတ်ပြန်ပါတယ်။