Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဖားကန့်မြို့ရှိ KIA တပ်မဟာ(၉)အခြေစိုက်စခန်းကို စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကြဲ

ဖားကန့်မြို့နယ် ကံစီးကျေးရွာပတ်ဝန်းကျင်ကို စစ်ကောင်စီတပ်က ယနေ့(အောက်တိုဘာ ၂၃ရက်)ည ၈နာရီခွဲခန့်တွင် လေကြောင်းမှ လာရောက်တိုက်ခိုက်ခြင်းဖြစ်သည်။

(KIAတပ်မှ ရဲဘော်များအား ရှေ့တန်းတစ်နေရာ၌ တွေ့ရစဥ်၊ ဓာတ်ပုံ-The New York Time)
(KIAတပ်မှ ရဲဘော်များအား ရှေ့တန်းတစ်နေရာ၌ တွေ့ရစဥ်၊ ဓာတ်ပုံ-The New York Time)

ဖားကန့်မြို့နယ်ရှိ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)တပ်မဟာ(၉)အခြေစိုက်စခန်းကို ယနေ့ညပိုင်းတွင် စစ်ကောင်စီတပ်က တိုက်လေယာဉ် သုံးစင်းဖြင့် ဗုံးလာကြဲနေကြောင်း သတင်းရရှိသည်။

ဖားကန့်မြို့နယ် ကံစီးကျေးရွာပတ်ဝန်းကျင်ကို စစ်ကောင်စီတပ်က ယနေ့(အောက်တိုဘာ ၂၃ရက်)ည ၈နာရီခွဲခန့်တွင် လေကြောင်းမှ လာရောက်တိုက်ခိုက်ခြင်းဖြစ်သည်။

“ကံစီးဘက်က ကေအိုင်အေ တပ်မဟာ(၉)ကို ဗုံးကြဲတာ။ ဖားကန့်မြို့ပေါ်မှာလည်း တိုက်လေယာဉ်‌‌တွေ ဝဲတယ်။ ကျွန်တော်တို့ တပ်မဟာ(၉)ဘက်ကို ကြိုပြီးသတင်းပို့နိုင်တယ်”ဟု ဖားကန့်ဒေသမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

Public Service Announcement
Public Service Announcement

ဖားကန့်မြို့ ဝေခါနှင့် ဆိပ်မူကျေးရွာတို့တွင်လည်း ယနေ့ည ၉နာရီခန့်ထိ စစ်ကောင်စီတိုက်လေယာဉ်နှစ်စီး ပျံဝဲနေ၍ ဒေသခံများ စိုးရိမ်နေသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သည် မိုးမောက်မြို့နယ်အတွင်း ယမန်နေ့ကစ၍ နှစ်ရက်ဆက်ဖြစ်နေသော KIA၊ PDF ပူးပေါင်းတပ်နှင့် တိုက်ပွဲတွင်လည်း အထိနာပြီး လေကြောင်းအသုံးပြုတိုက်ခိုက်နေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။