Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်မြို့ရှိ KIA တပ်မဟာ(၉)အခြေစိုက်စခန်းကို စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကြဲ

ဖားကန့်မြို့နယ် ကံစီးကျေးရွာပတ်ဝန်းကျင်ကို စစ်ကောင်စီတပ်က ယနေ့(အောက်တိုဘာ ၂၃ရက်)ည ၈နာရီခွဲခန့်တွင် လေကြောင်းမှ လာရောက်တိုက်ခိုက်ခြင်းဖြစ်သည်။

(KIAတပ်မှ ရဲဘော်များအား ရှေ့တန်းတစ်နေရာ၌ တွေ့ရစဥ်၊ ဓာတ်ပုံ-The New York Time)
(KIAတပ်မှ ရဲဘော်များအား ရှေ့တန်းတစ်နေရာ၌ တွေ့ရစဥ်၊ ဓာတ်ပုံ-The New York Time)

ဖားကန့်မြို့နယ်ရှိ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)တပ်မဟာ(၉)အခြေစိုက်စခန်းကို ယနေ့ညပိုင်းတွင် စစ်ကောင်စီတပ်က တိုက်လေယာဉ် သုံးစင်းဖြင့် ဗုံးလာကြဲနေကြောင်း သတင်းရရှိသည်။

ဖားကန့်မြို့နယ် ကံစီးကျေးရွာပတ်ဝန်းကျင်ကို စစ်ကောင်စီတပ်က ယနေ့(အောက်တိုဘာ ၂၃ရက်)ည ၈နာရီခွဲခန့်တွင် လေကြောင်းမှ လာရောက်တိုက်ခိုက်ခြင်းဖြစ်သည်။

“ကံစီးဘက်က ကေအိုင်အေ တပ်မဟာ(၉)ကို ဗုံးကြဲတာ။ ဖားကန့်မြို့ပေါ်မှာလည်း တိုက်လေယာဉ်‌‌တွေ ဝဲတယ်။ ကျွန်တော်တို့ တပ်မဟာ(၉)ဘက်ကို ကြိုပြီးသတင်းပို့နိုင်တယ်”ဟု ဖားကန့်ဒေသမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

Public Service Announcement
Public Service Announcement

ဖားကန့်မြို့ ဝေခါနှင့် ဆိပ်မူကျေးရွာတို့တွင်လည်း ယနေ့ည ၉နာရီခန့်ထိ စစ်ကောင်စီတိုက်လေယာဉ်နှစ်စီး ပျံဝဲနေ၍ ဒေသခံများ စိုးရိမ်နေသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သည် မိုးမောက်မြို့နယ်အတွင်း ယမန်နေ့ကစ၍ နှစ်ရက်ဆက်ဖြစ်နေသော KIA၊ PDF ပူးပေါင်းတပ်နှင့် တိုက်ပွဲတွင်လည်း အထိနာပြီး လေကြောင်းအသုံးပြုတိုက်ခိုက်နေသည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူ ၂၀ နီးပါးဒဏ်ရာရ၊ သေဆုံးသူ ထပ်တိုးနိုင်ဟုဆို

သတင်း

ချင်းပြည်နယ် မင်းတပ်မြို့နယ်အရှေ့ခြမ်း တနေရာကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ ဇွန် ၁၇ရက် မနက်မှာ လေယာဉ်နဲ့ ဗုံးအလုံး ၇၀ ခန့် ကြဲချတိုက်ခိုက်ခဲ့ကြောင်း မင်းတပ်ဒေသခံက အသိပေးပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ဂွမြို့နယ်၊ကျိန္တလီမြို့၊ရမ္မာကျွန်းလူနေကျေးရွာကို အာဏာသိမ်းစစ်တပ်က ဂျက်ဖိုက်တာနဲ့ ပေါင်ငါး ရာ ဗုံး ၃ လုံး ကြဲချခဲ့တာကြောင့် ​ဒေသခံပြည်သူ ၂ ဦး သေဆုံးပြီး ကလေး ငယ်တွေအပါအဝင် ၈ ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

သတင်း

မိခင်ဖြစ်သူသေဆုံးပြီး သား၊သမီး ၂ဦးဒဏ်ရာရ