Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီ၏ လှည့်ကွက်များအကြား သွေးအေးမနေဘဲ ပြတ်သားစွာလုပ်ဆောင်ရမည်အချိန်ဟု TNLA၊ MNDAAနှင့် AA ပူးပေါင်းထုတ်ပြန်

စစ်ကောင်စီ၏ အပြစ်မဲ့ ပြည်သူလူထုအပေါ် ကျူးလွန်ထားသော စစ်ရာဇဝတ်မှုများအတွက် ထိုက်သင့်သော ပြစ်ဒဏ် ပေးရေးနှင့် ကျူးလွန်ခံရသူများ ဘက်မှ တရားမျှတမှု ရရှိရန် မျှော်လင့်ကြောင်း ညီနောင်မဟာမိတ် သုံးဖွဲ့၏ ဝမ်းနည်းကြောင်း သဝဏ်လွှာ၌ ဖော်ပြထားသည်။

(စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်ပြီးနောက် ပျက်စီးမှုများအား တွေ့ရစဉ်)
(စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်ပြီးနောက် ပျက်စီးမှုများအား တွေ့ရစဉ်)

▪️ဖားကန့်လေကြောင်းတိုက်ခိုက်ခံရမှုဖြစ်ရပ် အပေါ် ဝမ်းနည်းကြေကွဲရကြောင်းဖော်ပြပြီး ကျူးလွန်ခံရမှုအတွက် တရားမျှတမှုရရန် မျှော်လင့်ဟု ဖော်ပြ

တိုင်းရင်းသားလူမျိုးလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ အနေဖြင့် အကြမ်းဖက်စစ်ကောင်စီ ၏ မီးစတစ်ဖက် ရေမှုတ်တစ်ဖက် လှည့်ကွက်များအကြားတွင် သွေးအေးမနေဘဲ အထူးသတိထားရမည့် အချိန်ဖြစ်သည်နှင့်အညီ စည်းလုံးညီညွတ်စွာဖြင့် လုပ်သင့်လုပ်ထိုက်သည့် အလုပ်ကို ပြတ်ပြတ် သားသား တက်လှမ်း လုပ်ဆောင်ရမည့် အချိန်ဖြစ်ကြောင်း တအာင်းတပ်မတော် (TNLA)၊ ကိုးကန့် တပ်မတော်(MNDAA)နှင့် ရက္ခိုင့်တပ်တော်(AA) တို့က ဖားကန့် လေကြောင်းတိုက်ခိုက်ခံရမှု အပေါ် ဝမ်းနည်းကြောင်း ပူးတွဲထုတ်ပြန်ရာ၌ ဖော်ပြခဲ့သည်။

ယမန်နေ့ညပိုင်းက စစ်ကောင်စီ၏ တိုက်လေယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် အသက်ဆုံးရှုံးခဲ့ရသော အပြစ်မဲ့ ပြည်သူလူထုများ၊ အနုပညာရှင်များနှင့် KIO/KIA စစ်ဖက်၊ အရပ်ဖက် ဝန်ထမ်းများအတွက် ဝမ်းနည်းကြောင်း သဝဏ်လွှာကို ညီနောင်မဟာမိတ် သုံးဖွဲ့က ပေးပို့ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီ၏ အပြစ်မဲ့ ပြည်သူလူထုအပေါ် ကျူးလွန်ထားသော စစ်ရာဇဝတ်မှုများအတွက် ထိုက်သင့်သော ပြစ်ဒဏ် ပေးရေးနှင့် ကျူးလွန်ခံရသူများ ဘက်မှ တရားမျှတမှု ရရှိရန် မျှော်လင့်ကြောင်း ညီနောင်မဟာမိတ် သုံးဖွဲ့၏ ဝမ်းနည်းကြောင်း သဝဏ်လွှာ၌ ဖော်ပြထားသည်။

စစ်ကောင်စီသည် ၎င်းတို့၏ စစ်ရေးနိုင်ငံရေး အခြေအနေသည် လက်ရှိအချိန်၌ ပိုမိုဆိုးဝါးလာသည်နှင့်အမျှ စိတ်ဓာတ်ကျဆင်းပြီး စိတ်ကစဉ့်ကလျားဖြစ်ကာ လက်နက်အားကိုးဖြင့် အပြစ်မဲ့ ပြည်သူလူထုအား ဦးတည် တိုက်ခိုက်လာခြင်းကို မြန်မာပြည်အနှံ့ နေ့စဉ်ရက်ဆက် ပြုလုပ်လျက်ရှိကြောင်း ညီနောင်မဟာမိတ် သုံးဖွဲ့ကဆိုသည်။

Public Service Announcement

Public Service Announcement

(စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်ပြီးနောက် ပျက်စီးမှုများအား တွေ့ရစဉ်)
(စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်ပြီးနောက် ပျက်စီးမှုများအား တွေ့ရစဉ်)

စစ်သားမပီသဘဲ သူရဲဘောကြောင်စွာ တိုက်လေယာဉ်များဖြင့် ညအချိန်များ၌ အလစ်အငိုက် တိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် ရမ်းသန်း ပစ်ခတ်တိုက်ခိုက်ခြင်းများကို အဓိကထား ပြုလုပ်နေပြီး စစ်ရာဇဝတ်မှုကျူးလွန်ခြင်းနှင့် လူသားမျိုးနွယ်အပေါ် ပြစ်မှု ကျူးလွန်ခြင်းများအား အထင်အရှားတွေ့မြင်နေရသည်ဟု ဖော်ပြထားသည်။

စစ်ကောင်စီ၏ လုပ်ရပ်များမှာ တစ်ရက်ထက် တစ်ရက် ပိုမိုဆိုးဝါးလာနေသောကြောင့် မြန်မာပြည်သူတစ်ရပ်လုံးအနေဖြင့် အထူးသတိထား စောင့်ကြည့်ရန် လိုအပ်သကဲ့သို့ နိုင်ငံတကာ ကလည်း အထူးသတိထား စောင့်ကြည့်ပြီး အရေးယူဆောင်ရွက်သင့်သည်များကို အမြန်ဆုံး အရေးယူ ဆောင်ရွက်ရန်လိုအပ်ကြောင်း ညီနောင်မဟာမိတ်သုံးဖွဲ့က ထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

အာရက္ခတပ်တော်(AA)နဲ့ မဟာမိတ်တွေ စစ်ရေးအရှိန်မြင့်ထားတဲ့ ရခိုင်ပြည်နယ်အစပ်ဧရာဝတီတိုင်း၊မကွေးတိုင်းထဲစစ်မျက်နှာ​တွေက စစ်တပ်ရဲ့ရှေ့တန်းစခန်းတွေကို​တော်လှန်​ရေးတပ်​တွေက ထပ်မံသိမ်းယူနိုင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်၀မြို့နယ်တို့အတွင်းက ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမတွေကို အခုလာမယ့် ပညာသင်နှစ်ကနေစပြီး လစာအနေနဲ့ ထောက်ပံ့ပေးတော့မယ်လို့ အာရက္ခပညာရေးဌာနတာဝန်ရှိသူတွေက ပြောပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်မှာ ကျပ်သိန်း ၃၀၀ နီးပါးတန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါး Ice တွေနဲ့အတူ သုံးစွဲ၊ ရောင်းချ နေသူသုံးဦးကို ဖမ်းဆီးရမိခဲ့ပြီး မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတတ်တဲ့ ဆေးဝါးဆိုင်ရာဥပဒေပုဒ်မ သုံးခုနဲ့ အမှုဖွင့်အရေးယူထားတယ်လို့ အာရက္ခတပ်တော် (AA)ရဲ့ ရဲတပ်ဖွဲ့က ပြောပါတယ်။