Connect with us

Hi, what are you looking for?

သတင်း

မုံရွာ- အရာတော်လမ်းပိုင်းတွင် ရိက္ခာလာပို့သော စစ်ကောင်စီယာဉ်တိုက်ခိုက်ရာ သုံးပွင့်ဗိုလ်တစ်ဦးအပါအဝင် သုံးဦးသေ

ယမန်နေ့က သပြေညိုပြောက်ကျားတပ်ဖွဲ့နှင့်God Of Monywa People Defence Force _GPDF တို့ပူးပေါင်းကာ စစ်ဆင်ရေးတစ်ရပ်ကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့သည်ဟု ဆိုသည်။

(စစ်ကောင်စီတပ်မှ သုံးပွင့်ဗိုလ်ပါရှိသည့် မော်တော် ယာဥ်၊ ဓာတ်ပုံ - သပြေညိုပြောက်ကျားတပ်ဖွဲ့)
(စစ်ကောင်စီတပ်မှ သုံးပွင့်ဗိုလ်ပါရှိသည့် မော်တော် ယာဥ်၊ ဓာတ်ပုံ - သပြေညိုပြောက်ကျားတပ်ဖွဲ့)

မုံရွာ – အရာတော်လမ်းပိုင်းတွင် ရိက္ခာလာပို့သော စစ်ကောင်စီယာဉ်ကို တိုက်ခိုက်ရာ သုံးပွင့်ဗိုလ်တစ်ဦးအပါအဝင် သုံးဦးသေဆုံးကြောင်း သပြေညိုပြောက်ကျားတပ်ဖွဲ့ က ယနေ့(အောက်တိုဘာ ၂၆ ရက်) ထုတ်ပြန်သည်။

ယမန်နေ့က သပြေညိုပြောက်ကျားတပ်ဖွဲ့နှင့်God Of Monywa People Defence Force _GPDF တို့ပူးပေါင်းကာ စစ်ဆင်ရေးတစ်ရပ်ကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့သည်ဟု ဆိုသည်။

တိုက်ခိုက်မှုဖြစ်စဥ်အရ မုံရွာ-အရာတော်လမ်းပိုင်း၌ ကင်းပုန်းဝပ်နေသော စစ်ကောင်စီတပ်သားများကို ရိက္ခာလာပို့သော မက်တူးကားကိုလက်နက်ငယ်များဖြင့် အနီးကပ်ပစ်ခတ်နိုင်ခဲ့ ကြောင်းဖော်ပြသည်။

(စစ်ကောင်စီတပ်မှ သုံးပွင့်ဗိုလ်ပါရှိသည့် မော်တော် ယာဥ်၊ ဓာတ်ပုံ - သပြေညိုပြောက်ကျားတပ်ဖွဲ့)
(စစ်ကောင်စီတပ်မှ သုံးပွင့်ဗိုလ်ပါရှိသည့် မော်တော် ယာဥ်၊ ဓာတ်ပုံ – သပြေညိုပြောက်ကျားတပ်ဖွဲ့)

“မက်တူးကားပေါ်မှာပါတဲ့ စခ သုံးပွင့်ဗိုလ်ရယ် တပ်သားနှစ်ဦးရယ် သေတယ်။ကျန်တဲ့ စခ နှစ် ယောက်က ဒဏ်ရာအပြင်းအထန်ရတယ်”ဟု သပြေညိုပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်က ပြန် လည် ပစ်ခတ်မှုများရှိလာသဖြင့် ဆုတ်ခွာခဲ့ရပြီးရဲဘော်များ ထိခိုက်မှုမရှိခဲ့ကြောင်း ၎င်းက ဆိုသည်။

(စစ်ကောင်စီတပ်မှ သုံးပွင့်ဗိုလ်ပါရှိသည့် မော်တော် ယာဥ်၊ ဓာတ်ပုံ - သပြေညိုပြောက်ကျားတပ်ဖွဲ့)
(စစ်ကောင်စီတပ်မှ သုံးပွင့်ဗိုလ်ပါရှိသည့် မော်တော် ယာဥ်၊ ဓာတ်ပုံ – သပြေညိုပြောက်ကျားတပ်ဖွဲ့)

အလားတူ ယမန်နေ့ နံနက်အစောပိုင်းက မုံရွာ-အရာတော်လမ်းပိုင်းတွင် စစ်ကားတစ်စီး မိုင်းဆွဲ တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ၁၀ဦး ခန့်သေဆုံးနိုင် ကြောင်းဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်မှာ တိုက်ပွဲတွေ နေ့စဉ်ဖြစ်ပွားနေတယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ချင်းတွင်းမြစ်အတွင်းမှာ စက်လှေတိမ်းမှောက်ပြီး အလုပ်ပြန် သင်္ဘောကျင်းလုပ်သား ၅ ဦး ပျောက်ဆုံးနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်နဲ့ ကန်ပက်လက်မြို့ကို ထိုးစစ်ဆင်နေတဲ့ စစ်တပ်ကို ကာလရှည်ခုခံတိုက်ခိုက်နေတဲ့ ချင်းတော်လှန်ရေး မဟာ မိတ်ပူးပေါင်းတပ်က ရဲဘော်တွေအတွက် ရိက္ခာပံ့ပိုးနိုင်ရေး ပါဝင်ပေးကြဖို့ ချင်းပြည်သူ့အစည်းအရုံး(CPU/CPA) ထောက်ပို့ဌာနက နှိုးဆော်ပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်းတိုက်ပွဲမှာ စစ်တပ်ကို ခုခံကာကွယ်နေတဲ့ ရဲဘော်တွေအတွက်ပြုလုပ်နေတဲ့ ရိက္ခာကမ်ပိန်းမှာ တက်နိုင်သလောက်ပါဝင်ပေးဖို့ ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်(CPU/CPA) ထောက်ပို့ဌာနက တိုက်တွန်းနှိုးဆော်ထားပါတယ်။