Connect with us

Hi, what are you looking for?

သတင်း

ကွီလုံတိုင်စခန်းသိမ်းတိုက်ပွဲ စစ်ကောင်စီနှင့် BGF၈ ဦး​သေ၊ ၃၂ဦး လက်နက်ချဟု နဂါးနီစစ်ကြောင်း အသိပေး

ယခုနောက်ပိုင်း၌ KNU ထံလက်နက်ချ အလင်းဝင်သည့် စစ်ကောင်စီတပ်သားအရေအတွက်ပိုများပြားလာသကဲ့သို့ CDM ပြုလုပ်ပြီး ပြည်သူ့ဘက်ရပ်တည်လာသူများလည်းရှိကြောင်း KNU သတင်းရင်းမြစ်က ပြောသည်။

သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများနှင့် သုံ့ပန်းများ၊ ဓာတ်ပုံ - နဂါးနီစစ်ကြောင်း
သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများနှင့် သုံ့ပန်းများ၊ ဓာတ်ပုံ - နဂါးနီစစ်ကြောင်း

▪️KNLA ပူးပေါင်းတပ်များဘက်က ကျဆုံးမှုမရှိ၊ လက်နက် ၄၃လက်နှင့် ကျည်၊ခဲယမ်းများစွာ ရရှိ

▪️ယခု​နောက်ပိုင်းKNU ထံလက်နက်ချ​​​သောစစ်​ကောင်စီတပ်ပိုများလာ၊ CDMပြုလုပ်၍ပြည်သူနှင့်ပူး​ပေါင်းသူများလည်းရှိ

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၆) နယ်မြေ ကြာအင်းဆိပ်ကြီးမြို့နယ် ကွီလုံတိုင် စခန်းသိမ်းတိုက်ပွဲ၌ စစ်ကောင်စီတပ်မှ ၁၅ဦးနှင့် နယ်ခြားစောင့်တပ်(BGF)မှ ၁၇ဦး စုစုပေါင်း ၃၂ဦး လက်နက်ချခဲ့ပြီး လက်နက်မျိုးစုံ ၄၃လက် သိမ်းဆည်းရရှိခဲ့သည်ဟု နဂါးနီစစ်ကြောင်းက သတင်းထုတ်ပြန်သည်။

KNU၏ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်ရင်း၁၇၊ တပ်ရင်း ၂၇၊ Federal Win၊SOF၊PDF(နဂါးနီစစ်ကြောင်း)ပူးပေါင်းတပ်ဖွဲ့များသည်ကြာအင်းဆိပ်ကြီးမြို့နယ်၊ကွီလုံတိုင်စခန်းကို အောက်တိုဘာ ၂၂ရက်တွင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများနှင့် သုံ့ပန်းများ၊ ဓာတ်ပုံ - နဂါးနီစစ်ကြောင်း
သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများနှင့် သုံ့ပန်းများ၊ ဓာတ်ပုံ – နဂါးနီစစ်ကြောင်း

အဆိုပါ တပ်စခန်းကို အောက်တိုဘာ ၂၆ရက်တွင် အောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့ကြောင်း ထုတ်ပြန်သည်။

“မြေပြင်သတင်းများအရစကစဘက်မှ၄ယောက်၊BGFမှ၄ယောက်ကျဆုံးကြောင်းသတင်းရရှိခဲ့ပါသည်။ရန်သူဘက်မှစကစ၁၅ယောက်နှင့်BGF၁၇ယောက်လက်နက်ချအဖမ်းခံခဲ့ပါသည်” ဟု နဂါးနီစစ်ကြောင်းက သတင်းထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

စခန်းသိမ်းပီးမကြာခင်စစစ်ကောင်စီဘက်မှ လေယာဉ်များဖြင့် အနီးပတ်ဝန်း ကျင်ရှိကျေးရွာများကိုဗုံးကြဲတိုတ်ခိုက်ခဲ့ကြောင်း၊ ကျေးရွာရှိပြည်သူများမှာထိခိုက်မှုတစုံတရာမရှိခဲ့ကြောင်း ဖော်ပြထားသည်။

တိုက်ပွဲဖြစ်ပွားချိန်တွင် ရန်သူစခန်းတောင်ကုန်းအားခက်ခဲစွာတက်ရောက်၍ ရွတ်ရွတ်ချွံချွံတိုက် ခိုက်ခဲ့ပြီး ပူးပေါင်းတပ်ဖွဲ့မှထိခိုက်ကျဆုံါ်မရှိဘဲ ရန်သူစခန်းကို သိမ်းပိုက်နိုင်ခဲ့သည်ဟု ထုတ်ပြန်သည်။

သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများနှင့် သုံ့ပန်းများ၊ ဓာတ်ပုံ - နဂါးနီစစ်ကြောင်း
သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများနှင့် သုံ့ပန်းများ၊ ဓာတ်ပုံ – နဂါးနီစစ်ကြောင်း

စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိခဲ့သည့်လက်နက်ခဲယမ်းများမှာ MA1 (၄လတ်)၊MA2-(၃လတ်)၊MA3-(၆လတ်)၊MA4-(၁လတ်)၊MA5-(၂လတ်)၊M16-(၄လတ်)၊ AK(၅လတ်)၊ Sniper (၁လတ်)၊40mm (၁လတ်)၊ 60mm (၁လတ်)၊RPG-(၂လတ်)၊ကာဘိုင် (၁၂လတ်) noto စက်လတ်(၁လတ်) တို့ဖြစ်ပြီး ခဲယမ်း၊ ကျည်၊ ဗုံးသီး အများအပြား သိမ်းဆည်းရရှိခဲ့သည်ဟု အသိပေးထားသည်။

ယခုနောက်ပိုင်း၌ KNU ထံလက်နက်ချ အလင်းဝင်သည့် စစ်ကောင်စီတပ်သားအရေအတွက်ပိုများပြားလာသကဲ့သို့ CDM ပြုလုပ်ပြီး ပြည်သူ့ဘက်ရပ်တည်လာသူများလည်းရှိကြောင်း KNU သတင်းရင်းမြစ်က ပြောသည်။

“သူတို့(တိုက်ပွဲ၌ လက်နက်ချသည့် စစ်ကောင်စီတပ်သား)ကျတော့ နည်းနည်းကွာတာပေါ့နော်။ သူတို့ကိုတော့ အပြည်ပြည်ဆိုင်ရာ ဥပဒေအရ ကောင်းကောင်းမွန်မွန် ကြည့်ရှုစောင့်ရှောက်တာပေါ့။ ဒါပေမဲ့ တစ်ဖက်မှာကျတော့လည်း စစ်ရေးသတိနဲ့ပေါ့” ဟု KNU သတင်းရင်းမြစ်က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်အုပ်စုရဲ့ဟန်ပြလုပ်ရပ်တွေ စိစစ်ပြီး ကျားဖြန့်လုပ်ငန်း အမှန်တကယ် တိုက်ဖျက်နေတဲ့ မြေပြင်အဖွဲ့တွေနဲ့ လက်တွဲပူးပေါင်းဖို့ အိမ်နီးချင်းနဲ့ နိုင်ငံတကာထံ တောင်းဆို

သတင်း

ထိုင်း - မြန်မာနယ်စပ် မြဝတီမြို့မှာ ကရင်နယ်ခြားစောင့်တပ်(BGF)တပ်ဖွဲ့ဝင် မောင်းနှင်လာတဲ့ကားက ဝင်တိုက်လို့ ကလေးငယ် ၁ဦးအပါအဝင်ဒေသခံအချို့ ဒဏ်ရာအပြင်းအထန်ရရှိသွားပြီး လမ်းဘေး ဈေးဆိုင်နဲ့ ကား၊ဆိုင်ကယ်တွေ ပျက်စီးမှုဖြစ်ပွားခဲ့ပါတယ်။