Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ကွီလုံတိုင်စခန်းသိမ်းတိုက်ပွဲ စစ်ကောင်စီနှင့် BGF၈ ဦး​သေ၊ ၃၂ဦး လက်နက်ချဟု နဂါးနီစစ်ကြောင်း အသိပေး

ယခုနောက်ပိုင်း၌ KNU ထံလက်နက်ချ အလင်းဝင်သည့် စစ်ကောင်စီတပ်သားအရေအတွက်ပိုများပြားလာသကဲ့သို့ CDM ပြုလုပ်ပြီး ပြည်သူ့ဘက်ရပ်တည်လာသူများလည်းရှိကြောင်း KNU သတင်းရင်းမြစ်က ပြောသည်။

သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများနှင့် သုံ့ပန်းများ၊ ဓာတ်ပုံ - နဂါးနီစစ်ကြောင်း
သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများနှင့် သုံ့ပန်းများ၊ ဓာတ်ပုံ - နဂါးနီစစ်ကြောင်း

▪️KNLA ပူးပေါင်းတပ်များဘက်က ကျဆုံးမှုမရှိ၊ လက်နက် ၄၃လက်နှင့် ကျည်၊ခဲယမ်းများစွာ ရရှိ

▪️ယခု​နောက်ပိုင်းKNU ထံလက်နက်ချ​​​သောစစ်​ကောင်စီတပ်ပိုများလာ၊ CDMပြုလုပ်၍ပြည်သူနှင့်ပူး​ပေါင်းသူများလည်းရှိ

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၆) နယ်မြေ ကြာအင်းဆိပ်ကြီးမြို့နယ် ကွီလုံတိုင် စခန်းသိမ်းတိုက်ပွဲ၌ စစ်ကောင်စီတပ်မှ ၁၅ဦးနှင့် နယ်ခြားစောင့်တပ်(BGF)မှ ၁၇ဦး စုစုပေါင်း ၃၂ဦး လက်နက်ချခဲ့ပြီး လက်နက်မျိုးစုံ ၄၃လက် သိမ်းဆည်းရရှိခဲ့သည်ဟု နဂါးနီစစ်ကြောင်းက သတင်းထုတ်ပြန်သည်။

KNU၏ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်ရင်း၁၇၊ တပ်ရင်း ၂၇၊ Federal Win၊SOF၊PDF(နဂါးနီစစ်ကြောင်း)ပူးပေါင်းတပ်ဖွဲ့များသည်ကြာအင်းဆိပ်ကြီးမြို့နယ်၊ကွီလုံတိုင်စခန်းကို အောက်တိုဘာ ၂၂ရက်တွင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများနှင့် သုံ့ပန်းများ၊ ဓာတ်ပုံ - နဂါးနီစစ်ကြောင်း
သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများနှင့် သုံ့ပန်းများ၊ ဓာတ်ပုံ – နဂါးနီစစ်ကြောင်း

အဆိုပါ တပ်စခန်းကို အောက်တိုဘာ ၂၆ရက်တွင် အောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့ကြောင်း ထုတ်ပြန်သည်။

“မြေပြင်သတင်းများအရစကစဘက်မှ၄ယောက်၊BGFမှ၄ယောက်ကျဆုံးကြောင်းသတင်းရရှိခဲ့ပါသည်။ရန်သူဘက်မှစကစ၁၅ယောက်နှင့်BGF၁၇ယောက်လက်နက်ချအဖမ်းခံခဲ့ပါသည်” ဟု နဂါးနီစစ်ကြောင်းက သတင်းထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

စခန်းသိမ်းပီးမကြာခင်စစစ်ကောင်စီဘက်မှ လေယာဉ်များဖြင့် အနီးပတ်ဝန်း ကျင်ရှိကျေးရွာများကိုဗုံးကြဲတိုတ်ခိုက်ခဲ့ကြောင်း၊ ကျေးရွာရှိပြည်သူများမှာထိခိုက်မှုတစုံတရာမရှိခဲ့ကြောင်း ဖော်ပြထားသည်။

တိုက်ပွဲဖြစ်ပွားချိန်တွင် ရန်သူစခန်းတောင်ကုန်းအားခက်ခဲစွာတက်ရောက်၍ ရွတ်ရွတ်ချွံချွံတိုက် ခိုက်ခဲ့ပြီး ပူးပေါင်းတပ်ဖွဲ့မှထိခိုက်ကျဆုံါ်မရှိဘဲ ရန်သူစခန်းကို သိမ်းပိုက်နိုင်ခဲ့သည်ဟု ထုတ်ပြန်သည်။

သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများနှင့် သုံ့ပန်းများ၊ ဓာတ်ပုံ - နဂါးနီစစ်ကြောင်း
သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများနှင့် သုံ့ပန်းများ၊ ဓာတ်ပုံ – နဂါးနီစစ်ကြောင်း

စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိခဲ့သည့်လက်နက်ခဲယမ်းများမှာ MA1 (၄လတ်)၊MA2-(၃လတ်)၊MA3-(၆လတ်)၊MA4-(၁လတ်)၊MA5-(၂လတ်)၊M16-(၄လတ်)၊ AK(၅လတ်)၊ Sniper (၁လတ်)၊40mm (၁လတ်)၊ 60mm (၁လတ်)၊RPG-(၂လတ်)၊ကာဘိုင် (၁၂လတ်) noto စက်လတ်(၁လတ်) တို့ဖြစ်ပြီး ခဲယမ်း၊ ကျည်၊ ဗုံးသီး အများအပြား သိမ်းဆည်းရရှိခဲ့သည်ဟု အသိပေးထားသည်။

ယခုနောက်ပိုင်း၌ KNU ထံလက်နက်ချ အလင်းဝင်သည့် စစ်ကောင်စီတပ်သားအရေအတွက်ပိုများပြားလာသကဲ့သို့ CDM ပြုလုပ်ပြီး ပြည်သူ့ဘက်ရပ်တည်လာသူများလည်းရှိကြောင်း KNU သတင်းရင်းမြစ်က ပြောသည်။

“သူတို့(တိုက်ပွဲ၌ လက်နက်ချသည့် စစ်ကောင်စီတပ်သား)ကျတော့ နည်းနည်းကွာတာပေါ့နော်။ သူတို့ကိုတော့ အပြည်ပြည်ဆိုင်ရာ ဥပဒေအရ ကောင်းကောင်းမွန်မွန် ကြည့်ရှုစောင့်ရှောက်တာပေါ့။ ဒါပေမဲ့ တစ်ဖက်မှာကျတော့လည်း စစ်ရေးသတိနဲ့ပေါ့” ဟု KNU သတင်းရင်းမြစ်က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။