Connect with us

Hi, what are you looking for?

သတင်း

မန္တလေး – မြစ်ကြီးနား ဗျူဟာလမ်း အင်းတော် မြို့နယ်အတွင်းလမ်းပိုင်းကို ညဘက်သွားလာခြင်းမပြုရန် တားမြစ်

ယခု ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး အင်တာနက် လိုင်းရသည့် ပြည်သူများ အနေဖြင့် လိုင်းမရသည့် သူများအား ဖုန်းဆက်၍ သော်လည်းကောင်း၊ သင့်ရာနည်းဖြင့် ဆက်သွယ်အသိပေးရန် ပြည်သူများအား ပန်ကြားထားသည်။

Indaw Revolution(IR)မှ ရဲဘော်တစ်ဦးအား တွေ့ရစဉ်၊ ဓာတ်ပုံ - IR
Indaw Revolution(IR)မှ ရဲဘော်တစ်ဦးအား တွေ့ရစဉ်၊ ဓာတ်ပုံ - IR

▪️စစ်ကားများသွားလာမှုအပေါ် စစ်ရေးလှုပ်ရှားရာ၌ ပြည်သူနှင့် ရောသွားမည်စိုး၍ဟု PDF ရဲဘော်ပြော

မန္တလေး-မြစ်ကြီးနား ဗျူဟာလမ်းမကြီးပေါ်ရှိ အင်းတော်မြို့နယ်ပိုင် ကျောင်းကုန်း-အင်းတော်-မော်လူး-ကသာ လမ်းပိုင်းအား ယနေ့မှစ၍ ညဘက်သွားလာခြင်းမပြုရန် တားမြစ်ချက် ထုတ်ပြန်လိုက်ကြောင်း Indaw Revolution(IR)က ဖော်ပြသည်။

“အဲဒါက ညဆိုလို့ရှိရင် စစ်ကောင်စီကားတွေတအား ဖြတ်လို့။ ဖြတ်လို့ရှိရင် ကျနော်တို့ စစ်ရေးလှုပ်ရှားလို့ရှိရင် ပြည်သူကားတွေနဲ့ ရောမှာ စိုးလို့ပေါ့။ အဲဒါကြောင့်မို့ပါ”ဟု အင်းတော်ပြည်သူ့ကာကွယ်ရေးတပ်(PDF) ရဲဘော်တစ်ဦးက ပြောသည်။

Public Service Announcement
Public Service Announcement

အဆိုပါ လမ်းပိုင်းကို ည ၆နာရီမှ နံနက် ၆နာရီ အတွင်း မည်သည့်ယာဉ်အမျိုးအစားမဆို လုံး၀ (လုံး၀) ဖြတ်သန်းသွားလာခြင်းမပြုလုပ်ရန် အလေးအနက် တားမြစ်လိုက်ကြောင်း Indaw Revolution က အသိပေးထားပြီး အကယ်၍ မလိုက်နာပါက ဖြစ်လာမည့် ကိစ္စအ၀၀ကို တာဝန်မယူကြောင်း ဖော်ပြထားသည်။

ယခု ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး အင်တာနက် လိုင်းရသည့် ပြည်သူများ အနေဖြင့် လိုင်းမရသည့် သူများအား ဖုန်းဆက်၍ သော်လည်းကောင်း၊ သင့်ရာနည်းဖြင့် ဆက်သွယ်အသိပေးရန် ပြည်သူများအား ပန်ကြားထားသည်။

Public Service Announcement

Public Service Announcement

ယခု ထုတ်ပြန်ချက်သည် ပြန်လည်ကြေညာခြင်း မရှိသရွေ့ အသက်ဝင်နေမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

မန္ဆလေးမြို့မှာ အာဏာသိမ်းစစ်တပ်ရဲ့ ဝါဒဖြန့်ဇာတ်မင်းသား အောင်ဇမ္ဗူရဲ့ ဖျော်ဖြေပွဲကို ၃ ရက်ကြိုတင်ကာ ညအိပ်စောင့်ပြီး လက်မှတ်လာတန်းကြတဲ့ ပရိသတ်တွေ မိုးမိပြီး ဒုက္ခရောက်ခဲ့ကြပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်နဲ့ စစ်ကိုင်းတိုင်းအစပ် အင်းတော်ဒေသမှာလည်း တိုက်ပွဲတွေဆက်ဖြစ်နေကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ ကွမ်းယာရောင်းနေတဲ့ စစ်ရှောင်သားအဖ ၂ဦး ဓားထိုးခံရပြီး ဖခင်ဖြစ်သူသေဆုံးတဲ့ဖြစ်စဥ်တစ်ခု ဇူလိုင်၂၉ရက်က ဖြစ်ပွားခဲပါတယ်။

သတင်း

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့အနီးကို ဗဟိုပြုပြီး ၄.၆ အဆင့်ရှိ အင်အား အတော်အသင့်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က သတင်းထုတ်ပြန်ပါတယ်။