Connect with us

Hi, what are you looking for?

News

မန္တလေး-ရွှေဘို-မြစ်ကြီးနားလမ်း ည၈ နာရီမှ နံနက်၅ နာရီအထိ မည်သည့်ကားမျှဖြတ်သန်းသွားလာခွင့်မပြု​ကြောင်း SBDF အသိ​ပေး

ရွှေဘို-မန္တလေး-မြစ်ကြီးနားလမ်းတစ်လျှောက် ဖြတ်သန်းရာမြို့နယ်များတွင် ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များက အကြမ်းဖက် စစ်ကောင်စီတပ်ယာဥ်များအား ခုခံတော်လှန်တိုက်ခိုက်နေကြသည်။

မန္တလေး-ရွှေဘို-မြစ်ကြီးနားလမ်းပေါ်တွင်ည၈နာရီမှနံနက် ၅ နာရီအထိ မည်သည့်ကားမျှ ဖြတ်သန်းသွားလာခွင့်မပြုကြောင်း Shweo Bo Defense Force -SBDF က ဖေဖော်ဝါရီ ၁၅ ရက်တွင် အသိပေးကြေညာသည်။

မန္တလေး-ရွှေဘို-မြစ်ကြီးနားလမ်းမကြီးတွင် SBDF တပ်စိတ်များ၊ မဟာမိတ်အဖွဲ့များ လှုပ်ရှားလျက်ရှိပြီး မိမိတို့နယ်မြေကိုကာကွယ်ရန် ပြည်သူ့ရန်သူများကို နေရာစုံတွင်တိုက်ခိုက်လျက်ရှိကြောင်း၊မန္တလေး-ရွှေဘို-မြစ်ကြီးနားလမ်းပေါ်တွင် ည ၈ နာရီမှ နံနက် ၅ နာရီအထိ မည်သည့်ကားမှ ဖြတ်သန်းသွားလာခွင့်မပြုကြောင်း၊ ကျန်အချိန်များတွင်လည်း ကားမှန်ချမောင်းနှင်ကြရန် Shweo Bo Defense Force -SBDF က သတိပေးသည်။

ထို့အပြင် ရွှေဘိုမြို့နယ်အတွင်း ဖဲဝိုင်း၊ ကြက်ဝိုင်း၊ ဂျင်ဝိုင်း စသည့်မည်သည့်လောင်းကစားဝိုင်းမဆို မပြုလုပ်ရန်၊ စစ်တပ်ပိုင်ကုမ္ပဏီများ၊ ဦးပိုင်ကုမ္ပဏီများမှ မည်သည့်ထုတ်ကုန်မဆို ရောင်းချခြင်းမပြုရန်၊ မလိုက်နာပါက ဖြစ်ပေါ်လာသော အကျိုးဆက်များသည် မလိုက်နာသူ၏ တာဝန်သာဖြစ်ကြောင်း၊ မြန်မာပြည်သူများ စစ်အာဏာရှင်လက်အောက်မှ လွတ်မြောက်ရေးနှင့် မိမိတို့နယ်မြေ လွတ်မြောက်နယ်မြေဖြစ်လာရန် ကြိုးပမ်းရာတွင် ပြည်သူ့ရန်သူ သတင်းပေးဒလံများ၊ ပျူစောထီးများနှင့် အုပ်ချုပ်ရေးမှူးများအားလုံးကိုလည်း ပြတ်ပြတ်သားသား ရှင်းလင်းဖယ်ရှားသွားမည်ဖြစ်ကြောင်း Shweo Bo Defense Force -SBDF ကသတိပေးထားသည်။

ရွှေဘို-မန္တလေး-မြစ်ကြီးနားလမ်းတစ်လျှောက် ဖြတ်သန်းရာမြို့နယ်များတွင် ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များက အကြမ်းဖက် စစ်ကောင်စီတပ်ယာဥ်များအား ခုခံတော်လှန်တိုက်ခိုက်နေကြသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ အမျိုးသားပုံစံဝတ်ဆင်နေထိုင်တဲ့ ပစ္စည်းတွေသယ်ယူပို့ဆောင်ပေးသူ(Delivery) အမျိုးသမီးတစ်ဦး ပစ္စည်းပို့ရင်း ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။

သတင်း

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် မြစ်ဆုံကို ကာကွယ်ဖို့၊ ဧရာ၀တီမြစ်ထာ၀ရ လွတ်လပ်စွာ စီးဆင်းစေဖို့ တောင်းဆိုတဲ့လှုပ်ရှားမှုကို ဒေသခံ လူငယ်တွေ ဦးဆောင်ပြုလုပ်ခဲ့တယ်လို့ မြစ်ကြီးနား ဒေသခံက ပြောပါတယ်။

သတင်း

မြစ်ဆုံဆည်စီမံကိန်းကို ပြန်လည်အသက်သွင်းခြင်းဟာ အချိန်အခါမဟုတ်ဘဲ၊ ပါဝင်ပတ်သက်သူများ ကြား ကွဲပြားမှုကို ပိုမိုဖြစ်စေပြီး လက်နက်ကိုင်ပဋိပက္ခကို ပိုမိုပြင်းထန်လာစေနိုင်ကြောင်း ကချင်အဖွဲ့တွေ အပါအဝင်အဖွဲ့အစည်း ၁၂၉ဖွဲ့ရဲ့ ကချင်ဒေသတကျော့ပြန်စစ်ပွဲ (၁၅) နှစ်ပြည့်အထိမ်းအမှတ် ပူးတွဲသဘောထားထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

သတင်း

မန္တလေးမြို့မှာ ဆိုင်ကယ်စီးနင်းလာသူ အမျိုးသားတစ်ဦး အုပ်စုဖွဲ့ ဆိုင်ကယ်လုယက် ခံလိုက်ရပါတယ်။