Connect with us

Hi, what are you looking for?

LuduNwayOo

News

မန္တလေး-ရွှေဘို-မြစ်ကြီးနားလမ်း ည၈ နာရီမှ နံနက်၅ နာရီအထိ မည်သည့်ကားမျှဖြတ်သန်းသွားလာခွင့်မပြု​ကြောင်း SBDF အသိ​ပေး

ရွှေဘို-မန္တလေး-မြစ်ကြီးနားလမ်းတစ်လျှောက် ဖြတ်သန်းရာမြို့နယ်များတွင် ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များက အကြမ်းဖက် စစ်ကောင်စီတပ်ယာဥ်များအား ခုခံတော်လှန်တိုက်ခိုက်နေကြသည်။

မန္တလေး-ရွှေဘို-မြစ်ကြီးနားလမ်းပေါ်တွင်ည၈နာရီမှနံနက် ၅ နာရီအထိ မည်သည့်ကားမျှ ဖြတ်သန်းသွားလာခွင့်မပြုကြောင်း Shweo Bo Defense Force -SBDF က ဖေဖော်ဝါရီ ၁၅ ရက်တွင် အသိပေးကြေညာသည်။

မန္တလေး-ရွှေဘို-မြစ်ကြီးနားလမ်းမကြီးတွင် SBDF တပ်စိတ်များ၊ မဟာမိတ်အဖွဲ့များ လှုပ်ရှားလျက်ရှိပြီး မိမိတို့နယ်မြေကိုကာကွယ်ရန် ပြည်သူ့ရန်သူများကို နေရာစုံတွင်တိုက်ခိုက်လျက်ရှိကြောင်း၊မန္တလေး-ရွှေဘို-မြစ်ကြီးနားလမ်းပေါ်တွင် ည ၈ နာရီမှ နံနက် ၅ နာရီအထိ မည်သည့်ကားမှ ဖြတ်သန်းသွားလာခွင့်မပြုကြောင်း၊ ကျန်အချိန်များတွင်လည်း ကားမှန်ချမောင်းနှင်ကြရန် Shweo Bo Defense Force -SBDF က သတိပေးသည်။

ထို့အပြင် ရွှေဘိုမြို့နယ်အတွင်း ဖဲဝိုင်း၊ ကြက်ဝိုင်း၊ ဂျင်ဝိုင်း စသည့်မည်သည့်လောင်းကစားဝိုင်းမဆို မပြုလုပ်ရန်၊ စစ်တပ်ပိုင်ကုမ္ပဏီများ၊ ဦးပိုင်ကုမ္ပဏီများမှ မည်သည့်ထုတ်ကုန်မဆို ရောင်းချခြင်းမပြုရန်၊ မလိုက်နာပါက ဖြစ်ပေါ်လာသော အကျိုးဆက်များသည် မလိုက်နာသူ၏ တာဝန်သာဖြစ်ကြောင်း၊ မြန်မာပြည်သူများ စစ်အာဏာရှင်လက်အောက်မှ လွတ်မြောက်ရေးနှင့် မိမိတို့နယ်မြေ လွတ်မြောက်နယ်မြေဖြစ်လာရန် ကြိုးပမ်းရာတွင် ပြည်သူ့ရန်သူ သတင်းပေးဒလံများ၊ ပျူစောထီးများနှင့် အုပ်ချုပ်ရေးမှူးများအားလုံးကိုလည်း ပြတ်ပြတ်သားသား ရှင်းလင်းဖယ်ရှားသွားမည်ဖြစ်ကြောင်း Shweo Bo Defense Force -SBDF ကသတိပေးထားသည်။

ရွှေဘို-မန္တလေး-မြစ်ကြီးနားလမ်းတစ်လျှောက် ဖြတ်သန်းရာမြို့နယ်များတွင် ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များက အကြမ်းဖက် စစ်ကောင်စီတပ်ယာဥ်များအား ခုခံတော်လှန်တိုက်ခိုက်နေကြသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့အပြင် ပုသိမ်၊ နေပြည်တော်၊ ပဲခူးရုံးခွဲတို့၏ ပတ်စ်ပို့လုပ်ငန်းများကိုလည်း ဝက်ဘ်ဆိုက်၌ ကြိုတင် စာရင်းသွင်းနိုင်သည်ဟု စစ်ကောင်စီက ဆိုသည်။

ဆောင်းပါး

စစ်ကောင်စီအသက်သွင်းလိုက်သည့် စစ်မှုထမ်းဥပဒေသည် နိုင်ငံတွင်းရှိ ယောင်ဝါးဝါးနေနေသော ပြည်သူအချို့အား ဘက်တစ်ဘက်၌ ခြေစုံချရပ်ရန် သတိပေးလိုက်ခြင်းပင်ဖြစ်သည်ဟုပြည်သူများက​ပြောသည်။

သတင်း

အောင်မြေသာဇံမြို့နယ်ရှိ Black Panther မှန်မကွဲအရောင်းဆိုင်၌ မီးလောင်မှုဖြစ်ခဲ့ရာ ၃နာရီခန့် မီးငြှိမ်းသတ်ခဲ့ရကြောင်း မီးသတ်တပ်ဖွဲ့က ထုတ်ပြန်သည်။

သတင်း

ရာအိမ်မှူးအပြင် အခြားနောက်တစ်ဦးမှာလည်း ကျည် ၂ ချက် ထိမှန်ဒဏ်ရာရပြီးထွက်ပြေးသွားကာ ကျန်တစ်ဦးမှာအမျိုးသမီး စာ​ရေး ဖြစ်နေ၍ သတိပေးကာ အသက်ချမ်းသာပေးခဲ့ကြောင်းကိုချာလီ ကဆက်ပြောသည်။