Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမေရိကန် လေကြောင်းပြပွဲမှာ ဒုတိယ ကမ္ဘာစစ်လက်ကျန် လေယာဉ်နှစ်စီး တိုက်မိ

P-63တွေဟာ တစ်ယောက်စီး လေယာဉ်ငယ်တွေဖြစ်ပြီး B-17တွေကတော့ အဖွဲ့သား ၁၀ ယောက်လောက်ထိ စီးနင်း လိုက်ပါနိုင်ပါတယ်။ လေယာဉ်တွေဟာ တိုက်မိတဲ့နောက် လေယာဉ်ကွင်းထဲ ပျက်ကျပြီး မီးစွဲလောင်ခဲ့ကြောင်း မျက်မြင်တွေက ပြောပါတယ်။

အမေရိကန် လေကြောင်းပြပွဲမှာ ဒုတိယ ကမ္ဘာစစ်လက်ကျန် လေယာဉ်နှစ်စီး တိုက်မိ
အမေရိကန် လေကြောင်းပြပွဲမှာ ဒုတိယ ကမ္ဘာစစ်လက်ကျန် လေယာဉ်နှစ်စီး တိုက်မိ

အမေရိကန် နိုင်ငံက လေကြောင်းပြပွဲ တစ်ခုမှာ ဒုတိယ ကမ္ဘာစစ်လက်ကျန် လေယာဉ်နှစ်စီး တိုက်မိလို့ လူ ၂ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

တက္ကဆက်စ် ပြည်နယ်မှာ နိုဝင်ဘာ ၁၂ ရက်က အနိမ့်ပျံသန်းလာတဲ့ B-17 Flying Fortress ဗုံးကြဲလေယာဉ်နဲ့ P-63 Kingcobra တိုက်လေယာဉ်တို့ တိုက်မိခဲ့တာ ဖြစ်ပါတယ်။ B-17ဟာ ဒဲလက်စ်မြို့မှာ ကျင်းပနေတဲ့ လေကြောင်းပြပွဲ တစ်ခုမှာ ပါဝင် ပျံသန်းနေခဲ့တာပါ။

လေယာဉ်နှစ်စီးပေါ်မှာ စုစုပေါင်း ဘယ်နှဦး စီးနင်းလိုက်ပါခဲ့သလဲ ဆိုတာကိုတော့ မသိရသေးပါဘူး။ လေယာဉ်တွေဟာ လေထဲမှာ တိုက်မိပြီးတဲ့နောက် အသီးသီး ပျက်ကျခဲ့ကြပါတယ်။ သတင်းတွေက အနည်းဆုံး ၂ ဦးသေတယ်လို့ ဖော်ပြနေပေမယ့် တချို့မီဒီယာတွေမှာတော့ အသေအပျောက်က ၆ ဦးထိရှိတယ်လို့ ဆိုပါတယ်။

တက္ကဆက်စ် လေယာဉ်မှူးများ အသင်းကတော့ သေဆုံးသူတွေထဲက အနည်းဆုံး ၂ ဦးရဲ့ နာမည်ကို အတည်ပြု ထုတ်ပြန်ထားပါတယ်။

Public Service Announcement

Public Service Announcement

P-63တွေဟာ တစ်ယောက်စီး လေယာဉ်ငယ်တွေဖြစ်ပြီး B-17တွေကတော့ အဖွဲ့သား ၁၀ ယောက်လောက်ထိ စီးနင်း လိုက်ပါနိုင်ပါတယ်။ လေယာဉ်တွေဟာ တိုက်မိတဲ့နောက် လေယာဉ်ကွင်းထဲ ပျက်ကျပြီး မီးစွဲလောင်ခဲ့ကြောင်း မျက်မြင်တွေက ပြောပါတယ်။

အမေရိကန်ရဲ့ ပြည်ထောင်စု လေကြောင်း လုံခြုံရေး ဌာနက ၃ ရက်ကြာ ကျင်းပတဲ့ အစီအစဉ်မှာ ဘယ်လို ဆိုးဆိုးရွားရွား လွဲချော်မှုမျိုး ဖြစ်သွားခဲ့သလဲ ဆိုတာကို စုံစမ်းသွားမယ်လို့ ပြောပါတယ်။ ဒဲလက်စ် မြို့တော်ဝန် အဲရစ်ဂျွန်ဆန်က စစ်မှုထမ်းဟောင်းများနေ့ကို ကြိုဆို ဂုဏ်ပြုတဲ့ အနေနဲ့ ဒုတိယ ကမ္ဘာစစ်က လေယာဉ်တွေကို ပါဝင် သရုပ်ပြ ပျံသန်းစေဖို့ စီစဉ်ထားရာကနေ ကြေကွဲစရာ ဖြစ်ရပ်မျိုး ပြောင်းလဲသွားခဲ့ကြောင်း ပြောပါတယ်။

ဒီမတော်တဆမှုမှာ ထိခိုက် သေဆုံးမှု ဘယ်လောက် ရှိခဲ့သလဲ ဆိုတာကတော့ အခုထိ သတင်းတွေ ရှုပ်ထွေးနေဆဲပါ။

B-17 တွေဟာ ဒုတိယ ကမ္ဘာစစ်မှာ မဟာမိတ်တွေက နာဇီ ဂျာမနီအပေါ် လေကြောင်းအင်အား အသာစီး ရယူခဲ့ရာမှာ အဓိက အကျဆုံး အခန်းကဏ္ဍက ပါဝင်ခဲ့တဲ့ မဟာဗျူဟာ ဗုံးကြဲလေယာဉ်တွေ ဖြစ်ပါတယ်။ P-63တွေကိုတော့ အမေရိကန်က ထုတ်လုပ်ပေမယ့် အမေရိကန် လေတပ်မှာ မသုံးစွဲခဲ့ဘဲ ဆိုဗီယက် လေတပ် တစ်ခုတည်းကသာ တိုက်ခိုက်ရေး ကဏ္ဍမှာ လက်တွေ့ အသုံးပြုခဲ့ကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်မှာ မွေးဖွားသူတွေ နိုင်ငံသား ဖြစ်ပိုင်ခွင့်ကို ကန့်သတ်မယ့် အထူးအမိန့် နှစ်ခုကို သမ္မတ ဒေါ်နယ်လ်ထရမ့်က လက်မှတ်ရေးထိုး အတည်ပြုလိုက်ပါတယ်။

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ရဲ့ သွားရောက်တွေ့ဆုံမှုကို အမေရိကန်ပြည်ထောင်စုမှ ကြိုဆိုကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ဒီကနေ့ထုတ်ပြန်လိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းနဲ့ ခြွင်းချက်မရှိ လွှတ်ပေးရန် ဆက်လက်တောင်းဆိုကြောင်း ဖော်ပြပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ ကုန်သွယ်ရေးဆိုင်ရာ ပိတ်ဆို့မှုတွေကို တုံ့ပြန်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ တရုတ်ဟာ အမေရိကန် ကုမ္ပဏီတွေအပေါ် အရေးယူ ကန့်သတ်မှု အသစ်တွေ ပြဋ္ဌာန်း သတ်မှတ်လိုက်ပါတယ်။

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြား ပြန်ဖွင့်နိုင်ရေးအတွက် အီရန်နဲ့ သဘောတူညီမှု တစ်ခုကို ရက်ပိုင်းအတွင်း ရယူနိုင်ဖို့ အမေရိကန်က မျှော်လင့်နေကြောင်း သိရပါတယ်။