Connect with us

Hi, what are you looking for?

သတင်း

စစ်အုပ်စုနှင့် ဆက်နွှယ်သော ခရိုနီများကို ထပ်တိုး အရေးယူဒဏ်ခတ်သည့် EU နှင့် အမေရိကန်တို့ကို NUG ကြိုဆို

ဥရောပသမဂ္ဂ(EU)နှင့် အမေရိကန်တို့သည် ၂၀၂၀ ရွေးကောက်ပွဲ ၂ နှစ်ပြည့် နှစ်ပတ်လည်နေ့တွင် တရားမဝင်အာဏာသိမ်းစစ်ကောင်စီနှင့် ၎င်းနှင့်ပတ်သက်ဆက်နွှယ်နေသူများကို အရေးယူဒဏ်ခတ်ကြောင်း ကြေညာခဲ့ခြင်းဖြစ်သည်။

စစ်အုပ်စုနှင့် ဆက်နွှယ်သော ခရိုနီများကို ထပ်တိုး အရေးယူဒဏ်ခတ်သည့် EU နှင့် အမေရိကန်တို့ကို NUG ကြိုဆို
စစ်အုပ်စုနှင့် ဆက်နွှယ်သော ခရိုနီများကို ထပ်တိုး အရေးယူဒဏ်ခတ်သည့် EU နှင့် အမေရိကန်တို့ကို NUG ကြိုဆို

▪︎အရေးယူဒဏ်ခတ်ပိတ်ဆို့ခြင်းကို အရေးတကြီးအရှိန်မြှင့်တင်ပြီး ပိုမိုတိုးချဲ့ရန်လိုအပ်ကြောင်းJFM တိုက်တွန်း

စစ်အုပ်စုနှင့် ၎င်းတို့နှင့်ဆက်နွှယ်နေသည့် ခရိုနီများကို ဥရောပသမဂ္ဂ(EU)နှင့် အမေရိကန်တို့က စီးပွားရေးပိတ်ဆို့မှုများထပ်မံတိုးမြှင့်ဆောင်ရွက်ခဲ့ခြင်းကို အမျိုးသားညီညွတ်ရေးအစိုးရ NUG က ကြိုဆိုကြောင်း ယနေ့ထုတ်ပြန်သည်။

ထိုသို့ ထပ်မံတိုးမြှင့်သည့် အရေးယူဆောင်ရွက်မှုများသည် မြန်မာပြည်သူများနှင့် NUG အပေါ် ထောက်ခံအားပေးကြောင်း သတင်းစကားပါးလိုက်ခြင်းဖြစ်ပြီး တဖက်တွင် စစ်ရာဇ၀တ်မှုများကို တိုးမြှင့်လုပ်ဆောင်နေသည့် အကြမ်းဖက်စစ်အုပ်စိုကိုလည်း သတိပေးလိုက်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ဥရောပသမဂ္ဂ(EU)နှင့် အမေရိကန်တို့သည် ၂၀၂၀ ရွေးကောက်ပွဲ ၂ နှစ်ပြည့် နှစ်ပတ်လည်နေ့တွင် တရားမဝင်အာဏာသိမ်းစစ်ကောင်စီနှင့် ၎င်းနှင့်ပတ်သက်ဆက်နွှယ်နေသူများကို အရေးယူဒဏ်ခတ်ကြောင်း ကြေညာခဲ့ခြင်းဖြစ်သည်။

မြန်မာစစ်အုပ်စုနှင့် စစ်လက်နက်ပွဲစားများကို အီးယူနှင့် အမေရိကန်တို့က အရေးယူ ဒဏ်ခတ်ပိတ်ဆို့ခြင်းကို Justice For Myanmar ကလည်း ကြိုဆိုလိုက်ပြီး အကြမ်းဖက်အဖွဲ့အစည်းဖြစ်သည့် မြန်မာစစ်အုပ်စုဆီကို စစ်လက်နက်နှင့် အခွန်ဝင်ငွေများ စီးဝင်ရောက်ရှိခြင်းကို ဟန့်တားရန်အတွက် မဖြစ်မနေ အရေးပါကြောင်း ထောက်ပြထားသည်။

Public Service Announcement

Public Service Announcement

“စစ်အုပ်စုရဲ့ အဆင်ခြင်မဲ့လေကြောင်းတိုက်ခိုက်မှုတွေကို အားပေးကူညီနေတဲ့ လေယာဉ်ဆီ ရရှိနေတဲ့လမ်းကြောင်းတွေကို ရပ်တန့်နိုင်ဖို့အတွက် မြန်မာ့ရေနံဓါတုဗေဒလုပ်ငန်းနဲ့ Asia Sun Group တို့ကို ဒဏ်ခတ်ပိတ်ဆို့မှုတွေ အလျင်အမြန်ချမှတ်ဖို့ အမေရိကန်ပြည်ထောင်စုနဲ့ အီးယူတို့ကို ကျွန်မတို့ တောင်းဆိုပါတယ်။ အမေရိကန်ပြည်ထောင်စုအနေနဲ့ အကြမ်းဖက်စစ်အုပ်စုအတွက် အကြီးမားဆုံးနိုင်ငံခြားဝင်ငွေဖြစ်တဲ့ မြန်မာ့ရေနံနဲ့သဘာဝဓါတ်ငွေ့လုပ်ငန်း (MOGE) အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ဖို့ ဒီအချိန်မှာ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်” ဟု JFM ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ဆိုသည်။

စစ်အုပ်စုအပေါ် အရေးယူဒဏ်ခတ်ပိတ်ဆို့ခြင်းကို အရေးတကြီးအရှိန်မြှင့်တင်ပြီး ပိုမိုတိုးချဲ့ရန်လိုအပ်ကြောင်း JFM က တိုက်တွန်းသည်။ တချိန်တည်းတွင် စစ်အုပ်စုနှင့် ၎င်း၏ စီးပွားရေးအပေါ် ဒဏ်ခတ်ပိတ်ဆို့ရန် ပျက်ကွက်ခဲ့ကြသည့် ဩစတြေးလျ၊ အိန္ဒိယ၊ ဂျပန်၊ တောင်ကိုရီးယားနိုင်ငံများအပါအဝင် ဒေသတွင်း ဒီမိုကရေစီနိုင်ငံများကိုလည်း အရေးယူမှုများ လုပ် ဆောင်ရန် JFM က တောင်းဆိုသည်။

“အခုနောက်ဆုံးအသုတ်ချမှတ်လိုက်တဲ့ အရေးယူဒဏ်ခတ်ပိတ်ဆို့မှုတွေက စစ်အုပ်စုနဲ့ သူ့ရဲ့စီးပွားရေးလုပ်ငန်းတွေအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုချမှတ်ဖို့ ပျက်ကွက်ခဲ့ကြတဲ့ နိုင်ငံတွေဖြစ်တဲ့ ဩစတြေးလျ၊ အိန္ဒိယ၊ ဂျပန်နဲ့ တောင်ကိုရီးယားနိုင်ငံတွေအပါအဝင် ဒေသတွင်း ဒီမိုကရေစီနိုင်ငံတွေရဲ့ ရှက်ဖွယ်လုပ်ရပ်ဖြစ်တဲ့ အရေးယူဆောင်ရွက်ခြင်းကင်းမဲ့မှုကို ပေါ်လွင်စေပါတယ်။ အဲဒီနိုင်ငံတွေအနေနဲ့ မြန်မာပြည်သူတွေကို စစ်အုပ်စုက ဆင်နွှဲနေတဲ့ အကြမ်းဖက်စစ်ပွဲကို ကူညီရပ်တန့်ပေးဖို့ အခုအချိန်မှာ အရေးယူဆောင်ရွက်ပေးကြဖို့ ကျွန်မတို့က တောင်းဆိုပါတယ်” ဟု မရတနာမောင်က ပြောသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမှာ လက်ရွေးစင် အသင်း ကြုံတွေ့နေတဲ့ ကန့်သတ်ခံရမှုတွေနဲ့ ပတ်သက်ပြီး ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)ဆီ တရားဝင် အရေးဆိုသွားမယ်လို့ အီရန် ဘောလုံးအဖွဲ့ချုပ်က ပြောပါတယ်။

နိုင်ငံတကာ

ဆွစ်ဇာလန်မှာ အီရန် ကိုယ်စားလှယ်တွေနဲ့ သွားရောက်တွေ့ဆုံပြီး စစ်ပြေငြိမ်းရေး လုပ်ထုံးလုပ်နည်းဆိုင်ရာ သဘောတူညီမှုတွေအတွက် လက်မှတ်ရေးထိုးမယ့် ခရီးစဉ်ကို အမေရိကန် ဒုတိယ သမ္မတ ဂျိမ်းစ်ဒေးဗစ် ဗန့်စ်က ပယ်ဖျက်လိုက်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

မန္တလေးမြို့မှာ 81 လျှပ်စစ်ပစ္စည်းကုမ္ပဏီရဲ့ အားကစားဝတ်စုံနဲ့ ဒီက​နေ့ပြေးခဲ့တဲ့အမျိုးသားတစ်ဦးကို စစ်အုပ်စုက ရိုက်နှက်ဖမ်းဆီးသွားကြောင်း မြို့ခံတွေက ပြောပါတယ်။