Connect with us

Hi, what are you looking for?

သတင်း

မန္တလေး CDM သူနာပြု အမျိုးသမီး စစ်ကြောရေးမှာကျဆုံးသွားတဲ့သတင်းထွက်လာ

အောက်တိုဘာလ ၂၉ ရက် အစောဆုံးဖမ်းခံသူရ ၄ ဦးထဲမှာ မန္တလေး ဗဟိုအမျိုးသမီး ဆေးရုံက သူနာပြုမ ပိုးသန္တာအောင် လည်းပါပါတယ်။

မန္တလေး CDM သူနာပြု အမျိုးသမီး စစ်ကြောရေးမှာကျဆုံးသွားတဲ့သတင်းထွက်လာ
မန္တလေး CDM သူနာပြု အမျိုးသမီး စစ်ကြောရေးမှာကျဆုံးသွားတဲ့သတင်းထွက်လာ

PDF တပ်ဖွဲ့ထံ ဆေးဝါးထောက်ပံ့တယ်ဆိုပြီး ပြီးခဲ့တဲ့ ရက်သတ္တပတ် ၂ ပတ်ကျော်က မန္တလေးမှာ ဖမ်းခံရတဲ့ CDM သူနာပြု မပိုးသန္တာအောင်ဟာ စစ်ကောင်စီတပ်ရဲ့စစ်ကြောရေးမှာ ကျဆုံးသွားတယ်လို့သတင်းထွက်လာပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းက ပုလဲ − ဂန့်ဂေါလမ်းပိုင်းမှာ ဆေးပစ္စည်းတွေတင်ထားတဲ့ ၆ ဘီးကား ဖမ်းဆီးခံရတာနဲ့ဆက်စပ်ပြီး မန္တလေးမြို့က CDM အထူးကုဆရာဝန်ကြီးတွေပါအဝင် CDM ကျန်းမာရေးဝန်ထမ်း ၃၀ နီးပါး ဖမ်းဆီးခံခဲ့ရပါတယ်။

အောက်တိုဘာလ ၂၉ ရက် အစောဆုံးဖမ်းခံသူရ ၄ ဦးထဲမှာ မန္တလေး ဗဟိုအမျိုးသမီး ဆေးရုံက သူနာပြုမ ပိုးသန္တာအောင် လည်းပါပါတယ်။

သူနာပြု ဆရာမ မပိုးသန္တာအောင်တို့ကို ဖမ်းမိတာကိုလည်း စစ်ကောင်စီက ဓာတ်ပုံနဲ့တကွ ထုတ်ပြန်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဖမ်းခံရပြီးနောက် မပိုးသန္တာအောင် စစ်ကြောရေးမှာ ကျဆုံးသွားတဲ့သတင်းဟာ မနေ့ကညပိုင်းကစတင်ပြီး ကျယ်ကျယ်ပြန့်ပြန့်ထွက်လာပါတယ်။

အထက်မြန်မာပြည်ဗဟိုဝန်ထမ်းတက္ကသိုလ် ( ဇီးပင်ကြီး ) မှာလူမျိုးရေး ၊ဘာသာရေးမှိုင်းတိုက်သင်ကြားတာကို ဖွင့်ချခဲ့တဲ့ CDM ဆရာဝန် ဒေါက်တာစိုးသူရဇော်ကလည်း သူနာပြု ဆရာမ မပိုးသန္တာအောင် စစ်ကြောရေးမှာကျဆုံးသွားတဲ့သတင်းကြားရတယ်လို့ လူမှုကွန်ရက်မှာရေးသားလာပါတယ်။

မန္တလေး CDM ကျန်းမာရေးဝန်ထမ်းအသိုင်းအဝိုင်းထဲမှာ ဒီသတင်းပြန့်နှံနေပြီး အတည်ပြုနိုင်ဖို့ ခက်ခဲနေတယ်လို့သိရပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံတဝှမ်းက ကျန်းမာရေးဝန်ထမ်းတွေကို ဖမ်းဆီးသတ်ဖြတ်ရာမှာ ၁၈ လကျော်ကာလအတွင်း ကျန်းမာရေးဝန်ထမ်း ၆၀ နီးပါး သေဆုံးခဲ့ရတယ်လို့ NUG ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ကန်တော်ကြီးကန်ပတ်လမ်းမှာအမျိုး သားတစ်ဦးရဲ့ ရုပ်အလောင်းကို မနေ့ ( စက်တင်ဘာလ ၁၈ ရက်) နေ့ခင်းပိုင်းက မြို့ခံတွေ တွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

ပေါ်တာစွဲခံထားရပြီး မန္တလေးနန်းတွင်းမှာ ချုပ်နှောင်ခံထားရတဲ့ လူငယ်တွေကို ပုသိမ်ကြီးနယ်က ခလရ(၁၁၆)နဲ့ (၁၁၉)တပ်ရင်းကို ပို့လိုက်ပြီလို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ဒေးဝန်းအနောက်ဘက် သင်္ဂဇာချောင်းအနီးမှာအမျိုးသမီးရုပ်အလောင်းကို ဒီနေ့ (စက်တင်ဘာလ ၁၆ ရက်) မနက်ပိုင်းက ဒေသခံတွေတွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ လင်မယား၂ဦး နေအိမ်အတွင်း သတ်ဖြတ်ခံထားရကြောင်း ဒေသခံတွေက ပြောပါတယ်။