Connect with us

Hi, what are you looking for?

သတင်း

လားရှိုး နမ့်ပုံဒေသ၌ MNDAAနှင့် စစ်ကောင်စီတပ် တိုက်ပွဲဆက်ဖြစ်၊ စစ်ကောင်စီတပ် သေဆုံးထိခိုက်မှုရှိ

နိုဝင်ဘာ ၁၅ ရက်တွင် လားရှိုးမြို့ နမ့်ပုံကျေးရွာတွင် MNDAAနှင့် စစ်ကောင်စီတပ်တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် နိုဝင်ဘာ ၁၆ရက်တွင် ဆက်လက်တိုက်ပွဲဖြစ်ခဲ့သည်ဟု ဆိုသည်။

(ကိုးကန့်တပ်မတော် -MNDAA မှ ရဲဘော်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - The Kokang)
(ကိုးကန့်တပ်မတော် -MNDAA မှ ရဲဘော်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - The Kokang)

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ်၌ တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က သေဆုံးထိခိုက်မှုရှိခဲ့ကြောင်း ကိုးကန့်တပ်မတော် (MNDAA)က ယနေ့ ထုတ်ပြန်သည်။

နိုဝင်ဘာ ၁၅ ရက်တွင် လားရှိုးမြို့ နမ့်ပုံကျေးရွာတွင် MNDAAနှင့် စစ်ကောင်စီတပ်တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် နိုဝင်ဘာ ၁၆ရက်တွင် ဆက်လက်တိုက်ပွဲဖြစ်ခဲ့သည်ဟု ဆိုသည်။

MNDAA တပ်ဖွဲ့ နယ်မြေကင်းလှည့်ချိန် စစ်ကောင်စီ၏ စကခ(၁၆) လက်အောက်ခံ တပ်ရင်း (၂၉၁)သည် လူအင်အား(၁၅၀)ဖြင့် နမ့်ပုံဒေသတစ်လျှောက်စုဝေးနေသည်ကိုတွေ့ရ MNDAA တပ်ခွဲမှူးက တိုက်ခိုက်ရေးအဖွဲ့ကို စုစည်းပြီး စစ်ကောင်စီတပ် စုဝေးရာနေရာကို တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

“ကင်းစောင့်တဲ့ စစ်ကောင်စီတပ်သားကို အရင်ချေမှုန်းပြီးတော့ သူတို့ ရှိတဲ့နေရာကို ဝင်ပြီးတော့ ပစ်ခတ်တာပေါ့။ အဲဒီလို သွားရောက်ပစ်ခတ်တော့ MNDAA အဖွဲ့က အထိအခိုက် ကျဆုံးမှုမရှိခဲ့ဘူး။ အလစ်တိုက်တယ် အမြန်ထွက်ခွာတယ်ဆိုတော့ စစ်ကောင်စီ ကျဆုံးဒဏ်ရာရတာ ကောင်းကောင်း မသိခဲ့ဘူး။ အနည်းဆုံး တစ်ယောက်တော့ ကျတယ် အဲဒီ ကင်းတပ်သားတော့”ဟု ကိုးကန့် သတင်းရင်းမြစ်က ယမန်နေ့တွင် People’s Spring သတင်းဌာနသို့ ဖြေကြားထားသည်။

Public Service Announcement

Public Service Announcement

MNDAA၏ ယနေ့ ထုတ်ပြန်ချက်တွင်လည်း စစ်ကောင်စီတပ်မှ တစ်ဦး သေဆုံးပြီး ဒဏ်ရာရသူများ ရှိခဲ့ကြောင်း၊ တပ်စခန်း အဆောင် တစ်ခုကိုလည်း ဖျက်ဆီးခဲ့ကြောင်း ဖော်ပြထားသည်။

စစ်ကောင်စီတပ်သည် နိုဝင်ဘာ ၁၇ရက် နေ့လယ်ပိုင်း၌ အဆိုပါ တိုက်ပွဲဖြစ်ပွားရာဒေသသို့ စစ်လေယာဉ် ၂စီးဖြင့် လာရောက်ကင်းလှည့်ခဲ့သည်ဟု MNDAAက ထုတ်ပြန်သည်။

လားရှိုးမြို့နယ်တွင် နိုဝင်ဘာ ၁၅ရက်က ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် MNDAA တပ်ဖွဲ့၏ မိုင်းဖြင့်တိုက်ခိုက်မှု၊ ကြားဖြတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ ၁၃ဦး သေဆုံးပြီး ၁၅ဦးခန့် ဒဏ်ရာရခဲ့သည်ဟု ကိုးကန့်သတင်းရင်းမြစ်က ပြောကြားထားသည်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် စစ်ဗြဲ(စပ်ပြဲ)ကျေးရွာတိုက်ပွဲမှာ စစ်တပ်က အထိနာ ဆုတ်ခွာထွက်ပြေးသွားပြီး ရုပ်အလောင်းတွေနဲ့ လက်နက်ခဲယမ်းအချို့ သိမ်းရခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

လက်နက် ၉လက်နဲ့ စစ်သုံ့ပန်း ၄ဦးဖမ်းမိဟု PDF ထုတ်ပြန်

သတင်း

ရွှေကူမြို့ထဲပါတိုက်ပွဲဖြစ်လာပြီး စစ်တပ်စစ်ကြောင်းမှာပါတဲ့ ရဲတွေနဲ့ စစ်မှုထမ်းသင်တန်းဆင်း စစ်သားသစ်တွေ ထွက်ပြေးသွားကြသလို KIA ၊KPDF ထံအလင်းဝင်သူအချို့လည်းရှိတယ်လို့မြေပြင်စစ်​ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ မိုးဗြဲ -နန်းမယ်ခုံမြို့ကြား နဲ့ ဒီးမော့ဆိုမြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။