Connect with us

Hi, what are you looking for?

သတင်း

နမ့်ခမ်းမြို့နယ်တွင် မိုင်းဆွဲတိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်က ဒေသခံလယ်သမားနှစ်ဦးကို သတ်ဖြတ်

နမ့်ခမ်းမြို့နယ်၊မန်စပ်အုပ်စု၊ နမ့်စိပ်ကျေးရွာမှ ဒေသခံ လယ်သမားနှစ်ဦးကို စစ်ကောင်စီတပ်က ယမန်နေ့(နိုဝင်ဘာလ ၄ရက်)နေ့လယ်တွင် သေနတ်ဖြင့် ပစ်သတ်သွားခြင်းဖြစ်သည်။

နမ့်ခမ်းမြို့နယ်တွင် မိုင်းဆွဲတိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်က ဒေသခံလယ်သမားနှစ်ဦးကို သတ်ဖြတ်
နမ့်ခမ်းမြို့နယ်တွင် မိုင်းဆွဲတိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်က ဒေသခံလယ်သမားနှစ်ဦးကို သတ်ဖြတ်

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့တွင် မိုင်းဆွဲတိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်က ၎င်းတို့ မိုင်းမိသည့်နေရာအနီးမှ ​ဒေသခံလယ်သမားနှစ်ဦးကို သတ်ဖြတ်သွားကြောင်း ဒေသခံများက ပြောသည်။

နမ့်ခမ်းမြို့နယ်၊မန်စပ်အုပ်စု၊ နမ့်စိပ်ကျေးရွာမှ ဒေသခံ လယ်သမားနှစ်ဦးကို စစ်ကောင်စီတပ်က ယမန်နေ့(နိုဝင်ဘာလ ၄ရက်)နေ့လယ်တွင် သေနတ်ဖြင့် ပစ်သတ်သွားခြင်းဖြစ်သည်။

“လမ်းမပေါ် မိုင်းပေါက်လို့ဆိုပြီး လမ်းဘေးလယ်ထဲက ဦးကြီးနှစ်ယောက်ကို ပစ်သတ်သွားတာ။ ဘာမှမဆိုင်ဘဲ ပစ်သတ်တာ”ဟု နမ်းခမ်းမြို့ဒေသခံတစ်ဦးက ပြောသည်။

နမ့်ခမ်းမြို့နယ်တွင် မိုင်းဆွဲတိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်က ဒေသခံလယ်သမားနှစ်ဦးကို သတ်ဖြတ်
နမ့်ခမ်းမြို့နယ်တွင် မိုင်းဆွဲတိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်က ဒေသခံလယ်သမားနှစ်ဦးကို သတ်ဖြတ်

အသတ်ခံရသူနှစ်ဦးမှာ မန်စပ်ကျေးရွာမှအသက်(၅၀)ဝန်းကျင် ဒေသခံနှစ်ဦးဖြစ်သည်။

Public Service Announcement

Public Service Announcement

တောင်သူလယ်သမားနှစ်ဦးအပြင် လယ်ကွင်းထဲရှိ ကျွဲကိုပါသေနတ်ဖြင့် ပစ်သတ်သွားသည်ဟု မန်စပ်ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအသင်းက ထုတ်ပြန်ထားသည်။

“စကစဆိုတာ ပြည်သူတွေကို လက်နက်အားကိုးနဲ့ ရိုက်ချင်သလိုရိုက်၊ သတ်ချင်သလိုသတ်၊ ဥပဒေဆိုတာသူတို့လက်ထဲမှာ။အပြစ်မဲ့မန်စပ်ရွာသားနှစ်ဦး လယ်ထဲစပါးသိမ်းနေတာကို ပစ်သတ်သွားတယ်။ကျွဲကအစမချန်ဘူး”ဟု မန်စပ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအသင်းက ထုတ်ပြန်သည်။

စစ်ကောင်စီတပ်သည် ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်း၊ မူဆယ်၊ ကွတ်ခိုင်နှင့် လားရှိုးမြို့နယ်တို့တွင် မြောက်ပိုင်းမဟာမိတ်အဖွဲ့၏ တိုက်ခိုက်မှုကို ခံနေရသည်။တိုက်ပွဲတွင် အထိနာတိုင်း စစ်ကောင်စီက အရပ်သားများကို အညိုးအတေးထား လက်တုံ့ပြန်နေသည်ဟု ဒေသခံများကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

နိုင်ငံတကာက မြန်မာနဲ့ သံတမန်ရေး ထိတွေ့မှုတွေကို မြှင့်တင်ဖို့ ခြေလှမ်းပြင်လာချိန်မှာပဲ အာဏာသိမ်း စစ်တပ်ကမြန်မာပြည်သူတွေအပေါ် သတ်ဖြတ်မှုတွေလျော့ပါးမသွားတဲ့အပြင်ပိုပြီးတောင်ဆိုးရွားလာနေတယ်လို့ နိုင်ငံတကာ လေ့လာစောင့်ကြည့်မှု အဖွဲ့တစ်ခုက ထောက်ပြခဲ့ပါတယ်။

သတင်း

ကျူးလွန်သူကိုထိထိရောက်ရောက်အရေးယူ၊ အပြစ်ပေးဖို့အရပ်ဖက်အဖွဲ့တွေနဲ့ ပြည်သူတွေတောင်းဆို