Connect with us

Hi, what are you looking for?

သတင်း

ပွင့်ဖြူနယ်တွင် ရဲအင်အားမလုံလောက်၍ နေ့စားသမားခေါ်ပြီးယူနီဖောင်းဝတ်ကင်းစောင့်ခိုင်းနေဟု ဒေသခံပြော

ပွင့်ဖြူရဲစခန်းနှင့်လယ်ကိုင်းရဲစခန်းတွင်အထက်ကရဲတပ်သားသစ် တောင်းသည်ကို မပေးနိုင်၍ ရပ်ကွက်ထဲရှိ ခိုးဆိုးနှိုက်နှင့် လေ့လွင့်သူအချို့ကို ညကင်းစောင့် နေ့စားသမားအဖြစ်ငှားရမ်း၍ အသုံးပြုနေကြောင်း၊ ရဲများကမူ အရပ်ဝတ်များဖြင့် နေထိုင်ကြောင်းဒေသခံတစ်ဦးက​ပြောသည်။

(၂၀၂၁ နှစ်ကုန်ပိုင်းကပွင့်ဖြူမြို့တစ်​နေရာတွင်စစ်ကောင်စီရဲများကခရီးသွားပြည်သူများကိုတားဆီးစစ်​ဆေးစဥ်။ ဓါတ်ပုံ-ပွင့်ဖြူဟစ်တိုင်)
(၂၀၂၁ နှစ်ကုန်ပိုင်းကပွင့်ဖြူမြို့တစ်​နေရာတွင်စစ်ကောင်စီရဲများကခရီးသွားပြည်သူများကိုတားဆီးစစ်​ဆေးစဥ်။ ဓါတ်ပုံ-ပွင့်ဖြူဟစ်တိုင်)

မကွေးတိုင်းပွင့်ဖြူမြို့နယ်တွင်ရဲတပ်သားအသစ်တောင်းယူ၍မရသောကြောင့် ခိုးဆိုးနှိုက်နှင့် ရပ်ကွက်တွင်း​လေ့လွင့်​နေ​သောအရပ်သားများအား နေ့စားပေးကာယူနီဖောင်းဝတ်ဆင်​စေပြီးကင်းစောင့်ခိုင်းနေကြောင်း ပွင့်ဖြူဒေသခံအချို့က ပြောသည်။

ပွင့်ဖြူရဲစခန်းနှင့်လယ်ကိုင်းရဲစခန်းတွင်အထက်ကရဲတပ်သားသစ် တောင်းသည်ကို မပေးနိုင်၍ ရပ်ကွက်ထဲရှိ ခိုးဆိုးနှိုက်နှင့် လေ့လွင့်သူအချို့ကို ညကင်းစောင့် နေ့စားသမားအဖြစ်ငှားရမ်း၍ အသုံးပြုနေကြောင်း၊ ရဲများကမူ အရပ်ဝတ်များဖြင့် နေထိုင်ကြောင်းဒေသခံတစ်ဦးက​ပြောသည်။

အခြားပွင့်ဖြူနယ်ခံတစ်ဦးကလည်း ပြီးခဲ့သည့်ရက်ပိုင်းမှစ၍ စစ်ကောင်စီလက်ပါးစေရဲများကိုထိုသို့လုပ်ဆောင်လာခြင်းဖြစ်သည်ဟု ပြောသည်။

“တပ်သားသစ်ခေါ်တာမျိုးမဟုတ်ဘူး။ တရားဝင်တပ်သားကို သူတို့ စုဆောင်းလို့မရဘူး။မရတော့ သူတို့က နေ့စားပေးငှားတာတို့ ၊ ရပ်ကွက်ထဲမှာ ဆိုး၊ ခိုး၊လု သောင်းကျန်းနေတဲ့သူတို့ကို ချော့မော့ပြီး နေ့စားပုံစံမျိုးငှားတာ။ ငှားပြီး သူတို့ကို ယူနီဖောင်းတွေ ဝတ်ပေးတယ်။ ယူနီဖောင်းဝတ်ပေးပြီး ကင်းတွေစောင့်ခိုင်းတာပေါ့။ သူတို့ကကျတော့ အရပ်ဝတ်တွေနဲ့လှည့်တယ်။တရားမဝင်တဲ့သူတွေကျတော့ယူနီဖောင်းအပြည့်အစုံနဲ့ ဂိတ်တွေမှာ စောင့်ခိုင်းတယ်။ နေ့စားနဲ့ စောင့်ခိုင်းထားတာ” ဟုဒေသခံကပြောသည်။

Public Service Announcement

Public Service Announcement

ထိုသို့ နေ့စားခေါ် ကင်းစောင့်ခိုင်းရခြင်းမှာရဲနှင့်စစ်ကောင်စီတပ် အင်အားများလိုအပ်နေပြီးတပ်သားသစ်စုမရသည့် အခြေအနေကြောင့် ဖြစ်သည်ဟု ၎င်း ကဆက်​ပြောသည်။

စစ်ကောင်စီတပ် အနေဖြင့်ဒေသအသီးသီး၌တိုက်ခိုက်ခံနေရပြီး သေဆုံးထိခိုက်မှုများ​နေ့စဉ်ဖြစ်ပေါ်လျက်ရှိသည်။

“သရက်ကပစ(ကာကွယ်​ရေးပစ္စည်းစက်ရုံ)ဘက်မှာ ၈တန်းအောင်တွေတောင်ခေါ်မယ်ဆိုတဲ့ကြေညာချက်တွေထွက်လာတယ်။ အရင်က၁၀တန်းအောင်မှ။ ပြည်သူလူထုကလက်ရှိအနေအထားမှာ တပ်ထဲကို ဘယ်သူမှ ဝင်မယ့်သူမရှိဘူး။ မရှိတော့ သူတို့က ပျူစောထီးအဖွဲ့တွေကို ယူနီဖောင်းဝတ်ပြီးတော့ကင်းစောင့်ခိုင်းတယ်” ဟု​ ဒေသခံတစ်ဦးကလည်း ပြောသည်။

စစ်ကောင်စီတပ်သည် စစ်ကိုင်း၊ မကွေး ၊ မန္တလေး စသည့် ဒေသများရှိ ကျေးရွာများသို့ စစ်ကြောင်းထိုးရာတွင်လည်း ပျူစောထီးများကို အသုံးပြုပြီး စစ်ကြောင်းထိုးခြင်း၊ ကျေးရွာများကို မီးရှို့ခြင်း၊ ပြည်သူလူထုများကို ဖမ်းဆီးသတ်ဖြတ်အကြမ်းဖက်ခြင်းများကို ဆက်တိုက်ပြုလုပ်​နေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် သမင်ခြံရွာကို ဝင်ရောက်ခဲ့တဲ့ စစ်တပ်စစ်ကြောင်းဟာ ဒေသခံ အမျိုးသား၁၀ဦးကို ဖမ်းဆီးသွားပြီး အခုအထိ ဖမ်း‌ဆီးခံရသူတွေရဲ့သတင်းအစအန ပျောက်နေတယ်လို့ ဒေသခံတွေ‌က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆောမြို့ကို ဝင်ရောက်လာတဲ့ စစ်တပ်စစ်ကြောင်းက ဒေသခံ လူငယ်နဲ့ လူလတ်ပိုင်း ၂၀ ကျော်ကို မေလ ၁၄ရက်မှာ ဖမ်းဆီးခဲ့ကြောင်း ဒေသခံက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ဒလမြို့နယ်မှာ ဇနီးဖြစ်သူအသတ်ခံရတာနဲ့ပတ်သက်ပြီး တရားခံဖမ်းမပေးတဲ့ စစ်တပ်နဲ့ရဲကို လူမှုကွန်ရက်မှာ ဝေဖန်ခဲ့တယ်ဆိုပြီး ဒေါက်တာကောင်းစံကို အာဏာသိမ်းစစ်တပ်က ဖမ်းဆီးသွားတယ်လို့ ​ဒေသခံအချို့က​ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ် နဲ့ ကချင်ပြည်နယ်အစပ် KIA သိမ်းပိုက်ထိန်းချုပ်ထားတဲ့မဘိမ်းမြို့နယ်အတွင်းတိုက်ပွဲ တွေဖြစ်လာနိုင်တာကြောင့်တပါတ်အတွင်း ဒေသခံပြည်သူတွေရှောင်တိမ်းကြဖို့ကချင်လွတ်လပ်ရေးတပ်မတော်( KIA)က သတိပေးထားတယ်လို့ ဒေသခံ​တွေက​ပြောပါတယ်။