Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

လက်နက်သယ်လာသည့် PDF တပ်ဖွဲ့ ပွင့်ဖြူမြို့နယ်၌ တိုက်ခိုက်ခံရပြီး ၁၂ဦးကျဆုံး

အဆိုပါ တိုက်ခိုက်ခံရမှု ဖြစ်စဉ်တွင် PDF ရဲဘော် ၁၄ဦး လွတ်မြောက်ခဲ့ကြောင်း၊ လက်နက် ၃၀ ခန့်အနက် ၆လက် ပြန်လည်ရရှိခဲ့ပြီး ၂၀ ကျော် ဆုံးရှုံးခဲ့ရကြောင်း ၎င်းက ဆိုသည်။

ပွင့်ဖြူမြို့နယ် မဲဇလီရွာအနီး တံတားတွင် တိုက်ခိုက်ခံရ
ပွင့်ဖြူမြို့နယ် မဲဇလီရွာအနီး တံတားတွင် တိုက်ခိုက်ခံရ

▪️သုံးဦးဒဏ်ရာရ၊ ၂ဦးအရှင်ဖမ်းခံရပြီး ၁၄ဦးလွတ်မြောက်

မကွေးတိုင်း အတွင်းရှိ ပြည်သူကကာကွယ်ရေးတပ်ဖွဲ့(PDF) အဖွဲ့တစ်ဖွဲ့ လက်နက်နှင့်ခဲယမ်းများ သယ်ဆောင်စဉ် စစ်ကောင်စီတပ်၏ တိုက်ခိုက်မှု ခံရ၍ PDF ရဲဘော် ၁၂ဦးကျဆုံးပြီး ၃ဦးဒဏ်ရာရခဲ့ကြောင်း မကွေးတိုင်းရှိ PDF တပ်ဖွဲ့များနှင့် နီးစပ်သူတစ်ဦးကပြောသည်။

အင်အား ၃၀ ကျော်ပါသည့် PDF တပ်ဖွဲ့သည် ပွင့်ဖြူမြို့နယ် မဲဇလီရွာအနီး တံတားတွင် ယနေ့ ဇွန်လ ၂၂ရက် မနက် အစောပိုင်း၌ တိုက်ခိုက်ခံရခြင်းဖြစ်သည်ဟုဆိုသည်။

ပွင့်ဖြူမြို့နယ် မဲဇလီရွာအနီး တံတားတွင် တိုက်ခိုက်ခံရ
ပွင့်ဖြူမြို့နယ် မဲဇလီရွာအနီး တံတားတွင် တိုက်ခိုက်ခံရ

“သူတို့က မနက်စောစော ၃နာရီလောက်မှာ စခန်းတစ်ခုက ဖြတ်လာတာ။ ဖြတ်လာတယ်ဆို ဒီလမ်းကြောင်းကို စခ တွေက ကြိုပြီး သတင်းရတဲ့ ပုံရှိပါတယ်။ သတင်းရတော့ ည ၁၂နာရီလောက်က ကင်းပုန်းဝပ်ပြီး စောင့်နေ တာ။ စောင့်ပြီးတော့ အဝင်၀မှာ ကင်းပုန်းဝပ်နေတယ်။ အထွက်မှာ ဂိတ်ချထားတယ်။ ဂိတ်ချထားပြီးဝင်လာတာနဲ့ တစ်ခါတည်း တန်းပြီးတော့ဆီးပြီး စစ်တဲ့အချိန်မှာ ကိုယ့်ဘက်က စပြီး လက်နက်နဲ့ပစ်တယ်။ ပစ်တဲ့အချိန်မှာ သူတို့ဘက်ကလည်း လက်နက်နဲ့ထုတယ် ။ RPGနဲ့ ထုတယ်ပြောတယ်။ အဲဒီမှာ ကိုယ့်ပေါ်မှာ ပါလာတဲ့ ပေါက်ကွဲစေတက်တဲ့ ပစ္စည်းတွေက ထ ပေါက်ကွဲပြီး အကုန်လုံး မီးထတောက်တယ်။ ထတောက်တော့ ကိုယ့်ဘက်က ၁၂ယောက်လောက် သေတယ် ၃ယောက်က ဒဏ်ရာပြင်းထန်တယ်။ ၂ယောက်ကတော့ အရှင်ဖမ်းမိတယ်” ဟု မကွေးတိုင်းရှိ PDF တပ်ဖွဲ့များနှင့် နီးစပ်သူက ပြောသည်။

ပွင့်ဖြူမြို့နယ် မဲဇလီရွာအနီး တံတားတွင် တိုက်ခိုက်ခံရ
ပွင့်ဖြူမြို့နယ် မဲဇလီရွာအနီး တံတားတွင် တိုက်ခိုက်ခံရ

အဆိုပါ တိုက်ခိုက်ခံရမှု ဖြစ်စဉ်တွင် PDF ရဲဘော် ၁၄ဦး လွတ်မြောက်ခဲ့ကြောင်း၊ လက်နက် ၃၀ ခန့်အနက် ၆လက် ပြန်လည်ရရှိခဲ့ပြီး ၂၀ ကျော် ဆုံးရှုံးခဲ့ရကြောင်း ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

“ကျွန်တော်တို့ တိုင်းပြည်အတွက် ကလေးတွေက ကြိုးစားပြီးတော့ လက်နက်တွေကို ကိုယ့်ဒေသကို ရောက်အောင် သယ်ကြတယ်။ ဒါပေမဲ့ အဆင်မသင့်တော့ သတင်းတွေ ပေါက်ကြားပြီး အခုလို ဖြစ်သွားတာ ဒါကတော့စိတ်မကောင်းစရာပေါ့” ဟု မကွေးတိုင်းရှိ PDF တပ်ဖွဲ့များနှင့်နီးစပ်သူက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

တိုက်ပွဲဖြစ်ပွားမှုကြောင်း သရက်ကုန်းရွာပြည်သူများ ဘေးလွတ်ရာတိမ်းရှောင်နေရပြီး ထိခိုက်မှုရှိသည်ဟု နောင်ချိုဒေသခံများက ပြောသည်။

သတင်း

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းမှာပင် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ တာချ်ခရိုင်၊ မဲဆောက်မြို့နှင့် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဖော်ပြသည်။

သတင်း

အမှတ်(၂)တံတားအနီးရှိ မွေးမြူရေးဇုန်အနီးတွင်လည်း လက်နက်ကြီးကျ‌ရောက် ပေါက်ကွဲခဲ့ကြောင်း ဒေသခံများက ပြောသည်။