Connect with us

Hi, what are you looking for?

သတင်း

လက်နက်သယ်လာသည့် PDF တပ်ဖွဲ့ ပွင့်ဖြူမြို့နယ်၌ တိုက်ခိုက်ခံရပြီး ၁၂ဦးကျဆုံး

အဆိုပါ တိုက်ခိုက်ခံရမှု ဖြစ်စဉ်တွင် PDF ရဲဘော် ၁၄ဦး လွတ်မြောက်ခဲ့ကြောင်း၊ လက်နက် ၃၀ ခန့်အနက် ၆လက် ပြန်လည်ရရှိခဲ့ပြီး ၂၀ ကျော် ဆုံးရှုံးခဲ့ရကြောင်း ၎င်းက ဆိုသည်။

ပွင့်ဖြူမြို့နယ် မဲဇလီရွာအနီး တံတားတွင် တိုက်ခိုက်ခံရ
ပွင့်ဖြူမြို့နယ် မဲဇလီရွာအနီး တံတားတွင် တိုက်ခိုက်ခံရ

▪️သုံးဦးဒဏ်ရာရ၊ ၂ဦးအရှင်ဖမ်းခံရပြီး ၁၄ဦးလွတ်မြောက်

မကွေးတိုင်း အတွင်းရှိ ပြည်သူကကာကွယ်ရေးတပ်ဖွဲ့(PDF) အဖွဲ့တစ်ဖွဲ့ လက်နက်နှင့်ခဲယမ်းများ သယ်ဆောင်စဉ် စစ်ကောင်စီတပ်၏ တိုက်ခိုက်မှု ခံရ၍ PDF ရဲဘော် ၁၂ဦးကျဆုံးပြီး ၃ဦးဒဏ်ရာရခဲ့ကြောင်း မကွေးတိုင်းရှိ PDF တပ်ဖွဲ့များနှင့် နီးစပ်သူတစ်ဦးကပြောသည်။

အင်အား ၃၀ ကျော်ပါသည့် PDF တပ်ဖွဲ့သည် ပွင့်ဖြူမြို့နယ် မဲဇလီရွာအနီး တံတားတွင် ယနေ့ ဇွန်လ ၂၂ရက် မနက် အစောပိုင်း၌ တိုက်ခိုက်ခံရခြင်းဖြစ်သည်ဟုဆိုသည်။

ပွင့်ဖြူမြို့နယ် မဲဇလီရွာအနီး တံတားတွင် တိုက်ခိုက်ခံရ
ပွင့်ဖြူမြို့နယ် မဲဇလီရွာအနီး တံတားတွင် တိုက်ခိုက်ခံရ

“သူတို့က မနက်စောစော ၃နာရီလောက်မှာ စခန်းတစ်ခုက ဖြတ်လာတာ။ ဖြတ်လာတယ်ဆို ဒီလမ်းကြောင်းကို စခ တွေက ကြိုပြီး သတင်းရတဲ့ ပုံရှိပါတယ်။ သတင်းရတော့ ည ၁၂နာရီလောက်က ကင်းပုန်းဝပ်ပြီး စောင့်နေ တာ။ စောင့်ပြီးတော့ အဝင်၀မှာ ကင်းပုန်းဝပ်နေတယ်။ အထွက်မှာ ဂိတ်ချထားတယ်။ ဂိတ်ချထားပြီးဝင်လာတာနဲ့ တစ်ခါတည်း တန်းပြီးတော့ဆီးပြီး စစ်တဲ့အချိန်မှာ ကိုယ့်ဘက်က စပြီး လက်နက်နဲ့ပစ်တယ်။ ပစ်တဲ့အချိန်မှာ သူတို့ဘက်ကလည်း လက်နက်နဲ့ထုတယ် ။ RPGနဲ့ ထုတယ်ပြောတယ်။ အဲဒီမှာ ကိုယ့်ပေါ်မှာ ပါလာတဲ့ ပေါက်ကွဲစေတက်တဲ့ ပစ္စည်းတွေက ထ ပေါက်ကွဲပြီး အကုန်လုံး မီးထတောက်တယ်။ ထတောက်တော့ ကိုယ့်ဘက်က ၁၂ယောက်လောက် သေတယ် ၃ယောက်က ဒဏ်ရာပြင်းထန်တယ်။ ၂ယောက်ကတော့ အရှင်ဖမ်းမိတယ်” ဟု မကွေးတိုင်းရှိ PDF တပ်ဖွဲ့များနှင့် နီးစပ်သူက ပြောသည်။

ပွင့်ဖြူမြို့နယ် မဲဇလီရွာအနီး တံတားတွင် တိုက်ခိုက်ခံရ
ပွင့်ဖြူမြို့နယ် မဲဇလီရွာအနီး တံတားတွင် တိုက်ခိုက်ခံရ

အဆိုပါ တိုက်ခိုက်ခံရမှု ဖြစ်စဉ်တွင် PDF ရဲဘော် ၁၄ဦး လွတ်မြောက်ခဲ့ကြောင်း၊ လက်နက် ၃၀ ခန့်အနက် ၆လက် ပြန်လည်ရရှိခဲ့ပြီး ၂၀ ကျော် ဆုံးရှုံးခဲ့ရကြောင်း ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

“ကျွန်တော်တို့ တိုင်းပြည်အတွက် ကလေးတွေက ကြိုးစားပြီးတော့ လက်နက်တွေကို ကိုယ့်ဒေသကို ရောက်အောင် သယ်ကြတယ်။ ဒါပေမဲ့ အဆင်မသင့်တော့ သတင်းတွေ ပေါက်ကြားပြီး အခုလို ဖြစ်သွားတာ ဒါကတော့စိတ်မကောင်းစရာပေါ့” ဟု မကွေးတိုင်းရှိ PDF တပ်ဖွဲ့များနှင့်နီးစပ်သူက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။