Connect with us

Hi, what are you looking for?

သတင်း

သီ​ပေါနှင့်လားရှိုးကြား စစ်​တပ်နှင့်SSPPတိုက်ပွဲဖြစ်

ပြည်ထောင်စုလမ်း သီပေါနှင့်လားရှိုးကြားရှိ မုန်းလမ်းရွာအနီးတွင် ယနေ့(နိုဝင်ဘာလ ၂၅ရက်) နံနက် ၁၀ နာရီခန့်မှ စတင်၍ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

(SSPP တပ်ဖွဲ့ဝင်အချို့ ။ ဓါတ်ပုံ-SSPP/SSA)
(SSPP တပ်ဖွဲ့ဝင်အချို့ ။ ဓါတ်ပုံ-SSPP/SSA)

ရှမ်းပြည်နယ်မြောက်ပိုင်းမန္တလေး-မူဆယ် ပြည်ထောင်စုလမ်း​ပေါ်ရှိ သီပေါလမ်းပိုင်းအနီးတွင်စစ်​ကောင်စီတပ်နှင့် SSPP/SSA တို့ကြားယနေ့ တိုက်ပွဲဖြစ်ပွားသည်။

ပြည်ထောင်စုလမ်း သီပေါနှင့်လားရှိုးကြားရှိ မုန်းလမ်းရွာအနီးတွင် ယနေ့(နိုဝင်ဘာလ ၂၅ရက်) နံနက် ၁၀ နာရီခန့်မှ စတင်၍ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့ တပ်စွဲထားတဲ့နေရာကိုစစ်တပ်ကဝင်လာပြီး စစ်ကြောင်းထိုးတာ။ တိုက်ပွဲဖြစ်နေတာဟုတ်ပါတယ်။ အထိအခိုက်သတင်းတွေတော့ မသိရသေးပါဘူးခမျ” ဟု SSPP ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှုး စိုင်းဘုန်းဟန်ကပြောသည်။

မုန်းလမ်းရွာသည် သီပေါမြို့နှင့် ၁၁ မိုင်ခန့်အကွာတွင်တည်ရှိသည်။ ပြည်ထောင်စုလမ်းမနှင့် သုံးမိုင်ခန့်ဝေးသောနေရာတွင် တိုက်ပွဲဖြစ်နေခြင်းဖြစ်သည်။နေ့လည် ၁၂နာရီအထိ သေနတ်သံများကြားနေရ၍ ခရီးသွားပြည်သူများသတိဖြင့် သွားလာကြရန် ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ မိုးဗြဲ -နန်းမယ်ခုံမြို့ကြား နဲ့ ဒီးမော့ဆိုမြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တိုက်ပွဲအတွင်း စစ်တပ်တပ်ဖွဲ့ဝင် ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးမှုတွေလည်းရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ပဲခူးတိုင်းစစ်ဌာန၊ အမှတ် (၂၂) ဗျူဟာလက်အောက်မှာရှိတဲ့ သာယာဝတီခရိုင် တပ်ရင်း (၁)က ဇွန်လ ၁၇ ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

လက်ရှိရရှိထားတဲ့ ငြိမ်းချမ်းရေးရလဒ်တွေ တည်ငြိမ်မှုရှိစေဖို့ ဆက်လက်ထိန်းသိမ်းထားပြီး နယ်မြေ တည်ငြိမ်အေးချမ်းရေးကို ထိခိုက်စေမယ့် အခြားလက်နက်ကိုင်အဖွဲများနဲ့ ပူးပေါင်းပါဝင်ပါတ်သက်မှု မရှိစေရေး ထိန်းသိမ်းဆောင်ရွက်သွားဖို့ စစ်ကောင်စီ ဘက်က ဆွေးနွေးလာကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)က ဒီကနေ့ ဇွန်လ ၁၇ရက်ညမှာ သတင်းထုတ်ပြန်ပါတယ်။