Connect with us

Hi, what are you looking for?

News

CDM ပြုလုပ်လိုသော စစ်သားနှင့်ရဲများအတွက် ပြည်သူ့ရင်ခွင်မြင်းခြံအစီအစဥ်စတင်

မန္တလေးတိုင်း မြင်းခြံမြို့တွင် CDM ပြုလုပ်လိုသော တပ်မတော်သားနှင့် ရဲတပ်ဖွဲ့ဝင်များအတွက် ပြည်သူ့ရင်ခွင် မြင်းခြံ အစီအစဥ်ကို စတင်လိုက်ပြီး ၎င်းတို့၏ လုံခြုံရေး၊ နေထိုင်ရေးနှင့် စားဝတ်နေရေးတို့အတွက် အလုံးစုံ တာဝန်ယူပေးမည်ဖြစ်ကြောင်း မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက ကြေညာသည်။

People's Spring
People's Spring

တပ်မတော်သားများ၊မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအနေဖြင့် မိမိတို့ တပ်အတွင်း စခန်းအတွင်း အခြေအနေ အရပ်ရပ်ကို မိမိသည်သာ အသိဆုံးဖြစ်ကြောင်း၊ ယခုအခါ တစ်စုတစ်ဖွဲ့၏ အာဏာငမ်းဖမ်း၍ ပြည်သူများ အတိဒုက္ခရောက်နေရသည်မှာ ခုနှစ်လကျော်ခဲ့ပြီဖြစ်ကြောင်း၊ ၎င်း ခုနှစ်လတာကာလအတွင်း မြန်မာပြည်တဝှမ်းမှ ပြည်သူများသည် ပုံသဏ္ဍာန်မျိုးစုံဖြင့် စစ်ကောင်စီကို လက်မခံကြောင်း ဆန့်ကျင်ကြောင်းများကို ပြသခဲ့ကြောင်း၊ ဖမ်းဆီးခံရသူများ၊ ရှောင်တိမ်းပြေးလွှားနေရသူများ များစွာရှိနေ၍ အသက်သေဆုံးရသူများလည်း အများအပြားရှိလာကြောင်း၊ ပြည်သူလူထုတစ်ရပ်လုံး၏ စစ်ကောင်စီပြုတ်ကျရေးတော်လှန်မှုသည် မည်သည့်နည်းနှင့်မျှရပ်တန့်သွားမည်မဟုတ်ကြောင်း၊ ပြည်သူအား မျက်နှာမူ၍ စစ်ကောင်စီ၏ လက်ပါးစေ အသုံးတော်ခံအဖြစ် မလုပ်ဆောင်ချင်သော၊ CDM လုပ်၍ ပြည်သူ့ဖက်မှ ရပ်တည်မည့် စစ်တပ်ဖွဲ့ဝင်၊ ရဲတပ်ဖွဲ့ဝင်များကို မြင်းခြံပြည်သူများမှ နွေးထွေးလှိုက်လှဲစွာ ကြိုဆိုကြောင်းမြင်းခြံလူထုလှုပ်ရှားမှုကော်မတီကယနေ့ကြေညာသည်။

ထိုအပြင် မြင်းခြံမြို့အပါအဝင် မန္တလေးတိုင်းအတွင်းရှိ စစ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များအနေဖြင့် CDM ပြုလုပ်လိုပါက ကော်မတီကို ဆက်သွယ်နိုင်ပြီး CDM ပြုလုပ်လာပါက လုံခြုံရေး၊ နေထိုင်ရေးနှင့် စားဝတ်နေရေးတို့အတွက် အလုံးစုံ တာဝန်ယူပေးမည်ဖြစ်ကြောင်း၊ ထို့ပြင် အလေးအနက် အသိအမှတ်ပြုမှတ်တမ်းတင်ဂုဏ်ပြုခြင်းနှင့် ထိုက်တန်သည့် ချီးမြှင့်ခြင်းတို့ကို လုပ်ဆောင်ပေးမည်ဖြစ်ကြောင်းလည်းဖော်ပြထားသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

အလံဖြူနောက်ကွယ်က စစ်သား​တွေရဲ့ ဆုံးဖြတ်ချက်

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို တက်တဲ့ စစ်သင်္ဘောတွေကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ စစ်သင်္ဘောတွေ ထိခိုက်နစ်မြုပ်ပြီး သင်္ဘောပေါ်ပါ စစ်သားတွေ ရေစီးနဲ့မျောပါလာတာကို ကချင်သတင်းရင်းမြစ်အချို့က ဖော်ပြတဲ့ ရုပ်သံမှာ တွေ့ရပါတယ်။

သတင်း

ကချင်ပြည်နယ်ရွှေကူ-ဗန်းမော်ကြားအလံဖြူထောင်တဲ့စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ​ကျော်ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က လုံခြုံဘေးကင်းရာ ပို့ဆောင်​ပေးခဲ့ရ​ကြောင်း စစ်​ရေးသတင်းရင်းမြစ်​​တွေက ​ပြောပါတယ်။

သတင်း

စစ်တပ်လက်အောက်ခံအုပ်ချုပ်ရေးမှူးအဖွဲ့တွေကလည်း ရပ်ကွက်တိုင်းကို အိမ်ထောင်စုဇယားတောင်းပြီး ငွေကောက်ခံဖို့ စီစဉ်နေ