Connect with us

Hi, what are you looking for?

သတင်း

NUGကို ဥရောပပါလီမန် တရားဝင်အသိအမှတ်ပြု

ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းသည် ဥရောပပါလီမန်သို့ မြန်မာ့အရေး ရှင်းလင်းပြောကြားခဲ့ပြီး နိုင်ငံတကာအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရကို မဖြစ်မနေ အသိအမှတ်ပြုရမည်ဟု ထည့်သွင်းပြောကြားသည်။

ဓာတ်ပုံ - European Parliament in ASEAN
ဓာတ်ပုံ - European Parliament in ASEAN

အမျိုးသားညီညွတ်ရေးအစိုးရ NUGကို တရားဝင်အစိုးရအဖြစ် ဥရောပပါလီမန်(European Parliament)က အသိအမှတ်ပြုကြောင်း လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက ပြောသည်။

ဥရောပပါလီမန်သည် NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းကို ဘယ်လ်ဂျီယံ၊ ဘရက်ဆဲလ်၌ ကျင်းပသည့် အစည်းအဝေးသို့ မြန်မာပြည်သူများ၏ ဒီမိုကရေစီနည်းကျရွေးချယ်တင်မြှောက်သော တရားဝင်ကိုယ်စားလှယ်အဖြစ် ဖိတ်ကြားခဲ့ပြီး နွေးထွေးစွာ ကြိုဆိုခဲ့သည်။

ဓာတ်ပုံ - European Parliament in ASEAN
ဓာတ်ပုံ – European Parliament in ASEAN

ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းသည် ဥရောပပါလီမန်သို့ မြန်မာ့အရေး ရှင်းလင်းပြောကြားခဲ့ပြီး နိုင်ငံတကာအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရကို မဖြစ်မနေ အသိအမှတ်ပြုရမည်ဟု ထည့်သွင်းပြောကြားသည်။

Public Service Announcement
Public Service Announcement

“NUG ကို တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုပြီး တက်ရောက်စကားပြောဖို့ ဖိတ်ကြားခဲ့အတွက် European Parliament ကို အထူးကျေးဇူးတင်ပါတယ်” ဟု ဝန်ကြီးဦးအောင်မျိုးမင်းက ယနေ့ ရေးသား အသိပေးသည်။

Public Service Announcement

Public Service Announcement

ဥရောပပါလီမန်၌ မိန့်ခွန်းပြောကြားရာတွင်လည်း အကြမ်းဖက်စစ်အုပ်စုအပေါ် လေယာဉ်ဆီ အပါအဝင် ပိုမိုကျယ်ပြန့်သော ဒဏ်ခတ်ပိတ်ဆို့မှု ပြုလုပ်ရန်၊ လူသားချင်းစာနာမှု အထောက်အပံ့များကို NUG နှင့် တိုင်းရင်းသားအဖွဲ့အစည်းများမှ တဆင့်ပေးအပ်ရန်တို့ကို တောင်းဆိုခဲ့သည်။

ထို့အပြင် အာဆီယံ၏ တူညီဆန္ဒ ၅ရပ်မှာ အလုပ်မဖြစ်ဘဲ ယင်းအစား ပိုမိုအားကောင်းသည့် အရေးယူဆောင်ရွက်မှုနှင့် ပြောင်းလဲရမည်ဟု ဝန်ကြီး ဦးအောင်မျိုးမင်းက ပြောသည်။ မြန်မာ့အကျပ်အတည်းဖြေရှင်းရေးမှာ အာဆီယံ၏ တစ်ကိုယ်တော်ရှိုး မဟုတ်ကြောင်းလည်း ထည့်သွင်းပြောကြားသည်။

ဆက်စပ်သတင်းများ

သတင်း

လက်နက်ကိုင်တော်လှန်ရေးကို လက်မခံဟုပြောဆိုထားတဲ့ လူထူခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသံဖိုင်တု ထွက်ပေါ်လာတာနဲ့ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က သတိပေးချက်တရပ် လူမှုကွန်ရက်ကနေ ပြန်လည်ရေးသားခဲ့ပြီး ပြည်သူတွေအနေနဲ့ စစ်အုပ်စုရဲ့ စိတ်ဓာတ်စစ်ဆင်ရေးကို သတိထားဖို့ သတိပေးလိုက်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ဖျက်သိမ်းကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)က ဒီကနေ့ ဩဂုတ် ၂၁ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

သတင်း

ဘတ်တံဆိပ်လို့ခေါ်တဲ့ တပ်ဖွဲ့အသီးသီးရဲ့ အဖွဲ့အစည်းအမှတ်တံဆိပ် လက်မောင်းတံဆိပ်တွေ မတူသော်လည်း ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကော်မတီ(SCEF)ရဲ့ အောက်မှာ အတူတကွ တိုက်ပွဲဝင်ကြမှာဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောပါတယ်။

သတင်း

ဥက္ကဋ္ဌအဖြစ် ဒေါက်တာသိန်းလွင် တာဝန်ယူပြီး NUG ပညာရေးဝန်ကြီးနဲ့ တိုင်းရင်းသားကိုယ်စားလှယ်များ ပါဝင်