Connect with us

Hi, what are you looking for?

သတင်း

စစ်အာဏာရှင်စနစ်အမြစ်ပြတ်ချေမှုန်းရေး ပအိုဝ်းပြည်သူများ ပို၍တိုက်ပွဲဝင်ကြရန် PNFC ပန်ကြား

PNFCက ယနေ့(ဒီဇင်ဘာ ၁၁ရက်) ကျင်းပသည့် (၇၃)နှစ်မြောက် ပဒေသရာဇ်စနစ်ဆိုးဆန့်ကျင်တော်လှန်ရေးနေ့ အထိမ်းအမှတ် ထုတ်ပြန်ချက်တွင် အထပ်ပါအတိုင်း ဖော်ပြခဲ့ခြင်းဖြစ်သည်။

(၇၃)နှစ်မြောက် ပဒေသရာဇ်စနစ်ဆိုးဆန့်ကျင်တော်လှန်ရေးနေ့ အထိမ်းအမှတ်ကို အွန်လိုင်းမှ ပြုလုပ်နေစဉ်
(၇၃)နှစ်မြောက် ပဒေသရာဇ်စနစ်ဆိုးဆန့်ကျင်တော်လှန်ရေးနေ့ အထိမ်းအမှတ်ကို အွန်လိုင်းမှ ပြုလုပ်နေစဉ်

ပအိုဝ်းပြည်သူများအနေဖြင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတိုက်ပွဲ၊ စစ်အာဏာရှင်စနစ်အမြစ်ပြတ်ချေမှုန်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေး တိုက်ပွဲတို့တွင် ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ(PNFC) နှင့်အတူ ဆထက်ထမ်းပိုးလက်တွဲ၍ တိုက်ပွဲဝင်ကြရန် PNFCက ယနေ့ ပန်ကြားလိုက်သည်။

PNFCက ယနေ့(ဒီဇင်ဘာ ၁၁ရက်) ကျင်းပသည့် (၇၃)နှစ်မြောက် ပဒေသရာဇ်စနစ်ဆိုးဆန့်ကျင်တော်လှန်ရေးနေ့ အထိမ်းအမှတ် ထုတ်ပြန်ချက်တွင် အထပ်ပါအတိုင်း ဖော်ပြခဲ့ခြင်းဖြစ်သည်။

(၇၃)နှစ်မြောက် ပဒေသရာဇ်စနစ်ဆိုးဆန့်ကျင်တော်လှန်ရေးနေ့ အထိမ်းအမှတ်ကို အွန်လိုင်းမှ ပြုလုပ်နေစဉ်
(၇၃)နှစ်မြောက် ပဒေသရာဇ်စနစ်ဆိုးဆန့်ကျင်တော်လှန်ရေးနေ့ အထိမ်းအမှတ်ကို အွန်လိုင်းမှ ပြုလုပ်နေစဉ်

လက်ရှိ အခြေအနေများအရ ဗမာအပါအဝင် တိုင်းရင်းသားလူမျိုးပေါင်းစုံ ပြည်သူလူထု အပေါ် ချုပ်ကိုင် ချယ်လှယ်ခဲ့သော စစ်အာဏာရှင်စနစ်သည် ပဋိပက္ခ ပေါင်းစုံတို့ဖြင့် ပြိုကွဲလုနီးနီးဖြစ်နေပြီဖြစ်ကြောင်း PNFCက ဆိုသည်။

စစ်အုပ်စု၏ အဆုံးစွန်သော ဖိနှိပ်ရက်စက်မှုတို့နှင့်အတူ ဗမာအပါအဝင် တိုင်းရင်းသား လူမျိုးပေါင်းစုံ ပြည်သူလူထုတစ်ရပ်လုံး၏ စစ်အုပ်စုအပေါ် စက်ဆုပ်ရွံရှာ မုန်းတီးမှုသည် အထွတ်အထိပ်တို့ ရောက်နေပြီဖြစ်၍ စစ်အာဏာရှင်စနစ်၏ တရားဝင်မှုသည် လုံး၀လွင့်ပျောက် ကုန်ဆုံးသွားပြီဖြစ်ကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

စစ်အုပ်စုသည် စစ်ရေးအရ ရှုံးနိမ့်မှုများကို ဆက်လက်ရင်ဆိုင်နေရပြီး အုပ်ချုပ်ရေးယန္တရားကိုလည်းအပြည့်အ၀ ကိုင်တွယ်နိုင်စွမ်းမရှိတော့ကြောင်း၊ နိုင်ငံတကာ ဆက်ဆံရေး၌လည်း လက်တဆုပ်စာ နိုင်ငံများကလွဲ၍ စစ်အုပ်စု၏ ကိုယ်စားပြုပိုင်ခွင့်သည် သုညအဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း PNFCက ဆိုသည်။

“ပြည်သူလူထု တစ်ရပ်လုံးကလည်း အင်နဲ့အားနဲ့ အရှိန်နဲ့ အဟုန်နဲ့ကြိုးပမ်းဆောင်ရွက်နေသလို နိုင်ငံတကာ မိတ်ဆွေများနဲ့ ပြည်တွင်းပြည်ပ နိုင်ငံတကာမှာရှိတဲ့အားလုံးရဲ့ ထောက်ပံ့မှုတွေ ကူညီမှုတွေနဲ့ ဒီတော်လှန်ရေးဟာ အောင်မြင်မယ်ဆိုတာကို ယုံကြည်ပါကြောင်း ပြောကြားလိုပါတယ်”ဟု PNFC ဥက္ကဋ္ဌက ယနေ့ကျင်းပသည့်အခမ်းအနားတွင် ပြောကြားသည်။

အဆိုပါအခမ်းအနားတွင် နွေဦးတော်လှန်ရေး၌ ပါဝင်နေသည့် ပအိုးအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့(ခမ်းကောင်) (PNDF-KK) နှင့် ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ်(PPDF-KD)တို့က စစ်ရေးလှုပ်ရှားဖော်ဆောင်မှု အပါအဝင် တစ်နှစ်တာအတွင်း လှုပ်ရှားမှုများကို အစီရင်ခံတင်ပြခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။