Connect with us

Hi, what are you looking for?

သတင်း

မတရားသေဒဏ်စီရင်ခြင်းသည် တွေ့ဆုံဆွေးနွေးဖြေရှင်းရေးလမ်းကြောင်းကို စစ်ကောင်စီက အဆုံးစွန် ဖျက်ဆီးပစ်လိုက်ခြင်းဖြစ်ဟု ပအိုဝ်း PNFC ထုတ်ပြန်

အကြမ်းဖက်စစ်ကောင်စီက ပြောကြားနေသော ငြိမ်းချမ်းရေးနှင့် နိုင်ငံရေးဆွေးနွေးရေးဆိုသည်မှာ တိုက်မလား၊ လိုက်မလား ဟု စိန်ခေါ်ခြင်းသာဖြစ်ပြီး တွေ့ဆုံဆွေးနွေးဖြေရှင်းရေးလမ်းကြောင်းကို စစ်ကောင်စီက အဆုံးစွန် ဖျက်ဆီးပစ်လိုက်ခြင်းဖြစ်သည်ဟုလည်း PNFCက ထုတ်ပြန်ခဲ့သည်။

ပအိုဝ်း PNFC
ပအိုဝ်း PNFC

▪️စစ်အာဏာရှင် အမြန်ဆုံးအမြစ်ဖြတ်နိုင်ရေး စုပေါင်းဆန့်ကျင်တော်လှန်သွားမည်ဟု အသိပေး

အာဏာသိမ်းစစ်ကောင်စီက ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်၊ ဦးလှမျိုးအောင် ဦးအောင်သူရဇော်တို့ကို မတရားသေဒဏ်စီရင်ခြင်းသည် တွေ့ဆုံဆွေးနွေးဖြေရှင်းရေးလမ်းကြောင်းကို စစ်ကောင်စီက အဆုံးစွန် ဖျက်ဆီးပစ်လိုက်ခြင်းဖြစ်ကြောင်း ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ(PNFC)က ထုတ်ပြန်ခဲ့ပြီး စစ်အာဏာရှင် အမြန်ဆုံးအမြစ်ဖြတ်နိုင်ရေး စုပေါင်းဆန့်ကျင်တော်လှန်သွားမည်ဟု အသိပေးခဲ့သည်။

ဥပဒေနှင့်မညီဘဲ အာဏာသိမ်းခဲ့သော အကြမ်းဖက်စစ်ကောင်စီသည် တရားမဝင် အဖွဲ့အစည်း ဖြစ်၍ ပြည်တွင်းနှင့် နိုင်ငံတကာ ဥပဒေများအရ ကြိုးပေးကွပ်မျက်ပိုင်ခွင့်မရှိသောကြောင့် အကြမ်းဖက်လူသတ်မှု(ရာဇဝတ်မှု)ကို ကျူးလွန်ခြင်းသာဖြစ်သည်ဟု ဖော်ပြထားသည်။

ပွင်းလင်းမျှတသော တရားစီရင်ခွင့်ကိုမပေးဘဲ တရားလက်လွတ်သေဒဏ်များ ချမှတ်နေခြင်း၊ ကွပ်မျက်နေခြင်း ၊ သေဒဏ်ချမှတ်ခံထားရသူများအား ထပ်မံ၍ ကွပ်မျက်ရန် ပြင်ဆင်နေခြင်းတို့သည် နိုင်ငံတကာ မိသားစုများအပါအဝင် ပြည်သူတစ်ရပ်လုံးအား စိန်ခေါ်နေခြင်းသာ ဖြစ်သည်ဟု ဆိုသည်။

အကြမ်းဖက်စစ်ကောင်စီက ပြောကြားနေသော ငြိမ်းချမ်းရေးနှင့် နိုင်ငံရေးဆွေးနွေးရေးဆိုသည်မှာ တိုက်မလား၊ လိုက်မလား ဟု စိန်ခေါ်ခြင်းသာဖြစ်ပြီး တွေ့ဆုံဆွေးနွေးဖြေရှင်းရေးလမ်းကြောင်းကို စစ်ကောင်စီက အဆုံးစွန် ဖျက်ဆီးပစ်လိုက်ခြင်းဖြစ်သည်ဟုလည်း PNFCက ထုတ်ပြန်ခဲ့သည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီက ပြည်သူကို ရန်သူသတ်မှတ်၍ မှားပြီးသား အမှားများကို နောက်ထပ်အမှားများ ကျူးလွန်ပြီး ဖုံးကွယ်ရန် ကြိုးစားနေခြင်းဖြင့် နွေဦးတော်လှန်ရေး အရှိန်အဟုန်သည် ရပ်တန့်သွားမည် မဟုတ်ဘဲ ပြည်သူလူထု၏ နာကျည်းမုန်းတီးမှု၊ ရွံရှာမှုများ နှင့်အတူ တိုင်းရင်းသားလူမျိုးပေါင်းစုံပါဝင်ဆင်နွှဲနေသော ပြည်သူ့တော်လှန်ရေး၏ အရှိန်အဟုန်သည် အင်နှင့် အားနှင့် ပိုမိုမြင့်မားလာမည်သာဖြစ်သည်ဟု PNFCက ဆိုသည်။

PNFC သည် ကျန်ရစ်သူမိသားစုဝင်များ၊ မိဘဆွေမျိုးများနှင့် ထပ်တူ များစွာ ဝမ်းနည်းကြေကွဲရကြောင်း အလေးအနက်ဖော်ပြလျက် စစ်အာဏာရှင် စနစ်အောက်က လွတ်မြောက်ရေးအတွက် ရှေ့တန်းတပ်ဦးမှ နေ၍ အသက်စွန့်တိုက်ပွဲဝင်ပေးခဲ့ကြသည့် ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်၊ ဦးလှမျိုးအောင်နှင့် ဦးအောင်သူရဇော်တို့ကို ဦးညွှတ်ဂုဏ်ပြုလိုက်ကြောင်း ထုတ်ပြန်ခဲ့သည်။

ထိုသို့ ဦးညွှတ်ဂုဏ်ပြုခြင်းနှင့်အတူ စစ်အာဏာရှင် စနစ် အမြစ်ဖြတ်မည့် ပြည်သူ့တော်လှန်ရေးကြီး အမြန်ဆုံးအောင်မြင်စေရေးအတွက် တိုင်းရင်းသားလူမျိုးပေါင်းစုံ ပြည်သူလူထုတစ်ရပ်လုံးနှင့်အတူ PNFC အပါအဝင် ပအိုဝ်းပြည်သူများက စုပေါင်းဆန့်ကျင်တော်လှန်သွားမည်ဖြစ်ကြောင်း သန္နိဌာန်ပြုသည်ဟု ကြေညာခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

စစ်အာဏာရှင်စနစ်ဆိုးကို ဆန့်ကျင်ကြောင်းနဲ့ တော်လှန်ရေးတရပ်လုံးကိုယ်စားပြုနိုင်တဲ့ ခိုင်မာကျယ်ပြန့်အားကောင်းတဲ့ ဦးဆောင်မှု ဖြစ်ပေါ်ရေး တက်ကြွစွာ ပူးပေါင်းဆောင်ရွက်မယ်လို့ ပအိုဝ်းမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO/PNLA)ရဲ့ ဗဟိုကော်မတီမျက်နှာစုံညီအစည်းအဝေးက ထုတ်ပြန်ကြေညာပါတယ်။