Connect with us

Hi, what are you looking for?

သတင်း

စစ်​ကောင်စီ၏က​လေးခရိုင်မြန်မာ့စီးပွား​ရေးဘဏ်မန်​နေဂျာနှင့် တပ်ကြပ်တစ်ဦးKTV တွင်သီချင်းဆို​စဥ်အဖမ်းခံရ

“KTVမှာဝင်ဖမ်းတာ။ ကျန်တဲ့သူတွေကထွက်ပြေးသွားတာ။ နှစ်ယောက်တော့ရလိုက်တယ်” ဟု ယင်းဖြစ်စဥ်ကို သိ​သော ဒေသခံတစ်ဦးကပြောသည်။

ဦးထွန်းထွန်းနိုင်နှင့် ၎င်း၏ မိသားစု
ဦးထွန်းထွန်းနိုင်နှင့် ၎င်း၏ မိသားစု

▪︎ဖမ်းဆီးခံရ​သော ဘဏ်မန်​နေဂျာ၏​ဖေစ်ဘွခ်အ​​ကောင့်တွင် ​တော်လှန်​ရေးပိုစ်များဆက်တိုက်တင်​နေ

စစ်​ကောင်စီ၏ကလေးခရိုင်မြန်မာ့စီးပွားရေးဘဏ် မန်နေဂျာနှင့် စစ်ကောင်စီတပ်မှ တပ်ကြပ်တစ်ဦးတို့ KTV တွင် သီချင်းဆိုနေစဥ် လူတစ်စုက ဖမ်းဆီးသွားကြောင်း ကလေးမြို့ခံများကပြောသည်။

ကလေးခရိုင် မြန်မာ့စီးပွားရေးဘဏ် မန်နေဂျာဦးထွန်းထွန်းနိုင်နှင့် စစ်ကောင်စီတပ်မှတပ်ကြပ်တစ်ဦးကို ကလေးမြို့ပေါ်ရှိ KTVတစ်ခုတွင် အမည်မသိလက်နက်ကိုင်များက ယမန်နေ့(ဒီဇင်ဘာလ ၁ဝရက်)ညတွင် ဖမ်းဆီးခံရခြင်းဖြစ်သည်။

“KTVမှာဝင်ဖမ်းတာ။ ကျန်တဲ့သူတွေကထွက်ပြေးသွားတာ။ နှစ်ယောက်တော့ရလိုက်တယ်” ဟု ယင်းဖြစ်စဥ်ကို သိ​သော ဒေသခံတစ်ဦးကပြောသည်။

ဦးထွန်းထွန်းနိုင်သည် Tun Tun Naing အမည်ဖြင့် ဖေ့စ်ဘွတ်ခ်သုံးစွဲသူဖြစ်ပြီးဖမ်းဆီးခံရပြီးနောက်၎င်း၏အကောင့်တွင် ​နွေဦးတော်လှန်ရေးနှင့်ပတ်သက်သော စာများရေးတင်​နေသည်ကိုတွေ့ရသည်။

Public Service Announcement

Public Service Announcement

“​သွေး​ကြွေးမှာ​ဆွေး​နွေးစရာမရှိ မ— မင်း​အောင်လှိုင်” ၊ “အ​ရေး​​တော်ပုံ​အောင်ရမည်” ၊”အ​မေစုကျန်းမာပါ​စေ” စ​သောစာများ​ရေးသားတင်ထားသလို ၊က​လေးPDF လိုဂိုနှင့် က​လေးမြို့နယ်တွင် ဖမ်းဆီးခံခဲ့ရ​သော PDFအမျိုးသမီး ၉ ဦး၏ ဓါတ်ပုံကိုလည်းတင်ထားသည်။

“ဖမ်းသွားသူတွေက သူ့အကောင့်ကို ယူပြီး တင်နေကြတာ။ မင်းအောင်လှိုင်ကိုလည်းဆဲထားတယ်။မြို့မှာတော့ပွဲဖြစ်နေကြတယ်။ ရယ်နေရတယ်” ဟု က​လေးမြို့ခံတစ်ဦးကပြောသည်။

ဦးထွန်းထွန်းနိုင်နှင့် စစ်ကောင်စီတပ်ဖွဲ့တပ်ကြပ်တစ်ဦး ဖမ်းဆီးခံရသည့်သတင်းနှင့်ပတ်သက်၍ People’s Defence Force (Kalay) သို့မေးမြန်းရာမသိရှိသေးဟု ဖြေကြားသည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသမီးငယ်တွေကို အတင်းအဓမ္မလိင်ကျွန်ပြု၊ နှိပ်စက်ပြီး ငွေကြေးခေါင်းပုံဖြတ်ခဲ့တဲ့ မြောက်ဦးမြို့ရှိ ရွှေရိုးရာ KTV မှ ပိုင်ရှင်အပါအဝင် တာဝန်ရှိအမျိုးသမီးသုံးဦးကို အာရက္ခတပ်တော်(AA)ရဲ့တပ်ဖွဲ့က ထောင်ဒဏ်တသက်ထိ ချမှတ်နိုင်တဲ့ လူကုန်ကူးမှုနဲ့ ဖမ်းဆီး၊ အရေးယူထားတယ်လို့ ထုတ်ပြန်ပါတယ်။

သတင်း

ကာလာအိုကေဆိုင်(KTV)က ပြန်လာတဲ့ မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ်က အကျဉ်းဦးစီးအရာရှိနဲ့ ထောင်တန်းစီးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သရက်ခရိုင်တပ်ရင်း(၅)က ဒီကနေ့ ဇွန်လ ၅ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။