ဒုန်နှဲမ်လာလ်သည် ချင်းတိုင်းရင်းသူတစ်ဦးလည်းဖြစ်သည်။ ချင်းပြည်နယ်သည် စစ်အာဏာရှင်အား လက်နက်ဆွဲကိုင်၍ အစောဆုံးတော်လှန်ခဲ့သည့် ပြည်နယ်တစ်ခုဖြစ်သလို CDM ပြုလုပ်သည့် ရဲတပ်ဖွဲ့ဝင်များတွင်လည်းချင်းတိုင်းရင်းသားအများအပြားပါဝင်နေသည်။
Hi, what are you looking for?
ကလေးခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ အမျိုးသမီးရဲအရာရှိတစ်ဦးဖြစ်သော ဒုတိယတပ်ကြပ် ဒုန်နှဲမ်လာလ်သည် စစ်အာဏာရှင်အမိန့်မနာခံတော့ဘဲ အာဏာဖိဆန်မှု (CDM )လှုပ်ရှားမှုတွင် ပူးပေါင်းပါဝင်လာကြောင်းဒေသခံ ပြည်သူများကပြောသည်။
ဒုန်နှဲမ်လာလ်သည် ချင်းတိုင်းရင်းသူတစ်ဦးလည်းဖြစ်သည်။ ချင်းပြည်နယ်သည် စစ်အာဏာရှင်အား လက်နက်ဆွဲကိုင်၍ အစောဆုံးတော်လှန်ခဲ့သည့် ပြည်နယ်တစ်ခုဖြစ်သလို CDM ပြုလုပ်သည့် ရဲတပ်ဖွဲ့ဝင်များတွင်လည်းချင်းတိုင်းရင်းသားအများအပြားပါဝင်နေသည်။
စစ်ကိုင်းတိုင်းက ကလေး၊ ဆားလင်းကြီးနဲ့ ရွှေဘိုမြို့နယ်တို့မှာ တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေက သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံတဲ့ လှုပ်ရှားမှုတွေ စက်တင်ဘာ ၂၁ ရက်က ပြုလုပ်ခဲ့ပါတယ်။
စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ ကွန်ပြူတာဆိုင်ဖွင့်ထားတဲ့ နေအိမ် မီးလောင်ပြီး ဝန်ထမ်းမိန်းကလေး ၃ဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)နဲ့ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM) နိုင်ငံ့ဝန်ထမ်းတွေ ဆွေးနွေးပွဲကို ဇူလိုင် ၁၂ရက်က ကျင်းပခဲ့ကြောင်း SCEFနဲ့ CDM အ ဖွဲ့အစည်းတွေက အသိပေးထုတ်ပြန်ပါတယ်။
တော်လှန်ရေး (၅)နှစ်ကျော်တဲ့အထိ စိတ်ဓာတ်မကျဘဲပါဝင်နေတဲ့ အကြမ်းမဖက်အာဏာဖီဆန်ရေး (CDM)ဝန်ထမ်းတွေ စည်းလုံးကြဖို့ ဂုဏ်ပြုတွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ကရင်နီပြည်နိုင်ငံ့ဝန်ထမ်းအကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုကောင်စီ (KSCSC-CDM) တာဝန်ရှိသူက ပြောပါတယ်။