Connect with us

Hi, what are you looking for?

သတင်း

Forum 2000 ​ဖောင်​ဒေးရှင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုလုပ်ဆောင်သူတွေကို ရဲစွမ်းသတ္တိနဲ့ တာဝန်ယူမှာဆိုင်ရာဆုချီးမြှင့်

စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုတွေမှာ ဦးဆောင်နေတဲ့ ဒေါက်တာတေဇာစန်း ၊ ကိုနန်းလင်း ၊ ကိုထက်မြတ်အောင်နဲ့ အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု -GSCB တို့ကို Forum 2000 Foundation က ရဲစွမ်းသတ္တိနဲ့ တာဝန်ယူမှာဆိုင်ရာဆု (International Award for Courage and Responsibility)ဆုချီးမြှင့်ခဲ့ပါတယ်။

အောက်တိုဘာ-၁၂၊၂၀၂၆။သတိုး/People’s Spring

စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုတွေမှာ ဦးဆောင်နေတဲ့ ဒေါက်တာတေဇာစန်း ၊ ကိုနန်းလင်း ၊ ကိုထက်မြတ်အောင်နဲ့ အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု -GSCB တို့ကို Forum 2000 Foundation က ရဲစွမ်းသတ္တိနဲ့ တာဝန်ယူမှာဆိုင်ရာဆု (International Award for Courage and Responsibility)ဆုချီးမြှင့်ခဲ့ပါတယ်။

“ရဲစွမ်းသတ္တိနဲ့ တာဝန်ယူမှာဆိုင်ရာဆုပေါ့။ Award for Courage and Responsibility။ ဒီဆု‌ကိုပေးအပ်တယ် ချီးမြှင့်တယ်ဆိုတာ ကျွန်တော်တို့အနေနဲ့ ပြောရမယ်‌ဆိုရင် သန်း ငါးဆယ်ကျော်သော ကျွန်တော်တို့ မြန်မာပြည်သူလူထုရဲ့ စစ်အာဏာရှင်စနစ်အပေါ် ခုခံ တွန်းလှန်တဲ့စိတ်ဓာတ် ရဲစွမ်းသတ္တိ ဒီတော်လှန်စိတ် တော်လှန်သွေး တော်လှန်ဂုဏ်ကို အသိအမှတ်ပြုတယ် ဂုဏ်ပြုတယ် ဒီလိုပဲ ကျွန်တော်တို့ ရှူမြင်နားလည် ခံယူပါတယ်။ ” လို့ ဒေါက်တာတေဇာစန်းက ‌ဆုရရှိတဲ့အပေါ် မှတ်ချက်ပေးပါတယ်။

ဆုပေးပွဲကို ချက်သမ္မတနိုင်ငံ ပရက်မြို့မှာ ကျင်းပခဲ့တာဖြစ်ပြီး ဆုပေးပွဲကို GSCB အဖွဲ့က တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

“မြန်မာ့နွေဦးတော်လှန်ရေးနှင့် ဒီမိုကရေစီရေး လှုပ်ရှားမှုသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီရေးကို ကာကွယ်နေရုံမျှမက၊ ကမ္ဘာ့ဒီမိုကရေစီစနစ် တည်တံ့ခိုင်မြဲရေးအတွက်ပါ တထောင့်တနေရာအဖြစ် ရှေ့တန်းမှ ခုခံကာကွယ်ပေးနေခြင်း ဖြစ်သည်။ အာဏာရှင်အုပ်စုများ အချင်းချင်း ညီညွတ်စွာ ကူညီထောက်ပံ့နေကြသည့် အချိန်တွင် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို တန်ဖိုးထားသည့် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့်လည်း အချင်းချင်း ပိုမိုညီညွတ်စွာ လက်တွဲကြရန်နှင့် မြန်မာ့ဒီမိုကရေစီရေးကို ကမ္ဘာ့ဒီမိုကရေစီရေး၏ အစိတ်အပိုင်းတစ်ခုအဖြစ် သတ်မှတ်ကာ ပိုမိုထိရောက်စွာ ကူညီဆောင်ရွက်ပေးကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။” လို့ GSCB ကထုတ်ပြန်ထားပါတယ်။

အဲဒီဆုကိုရရှိခဲ့တာက စစ်အာဏာရှင်စနစ်ကို အလျှော့မပေးဘဲ ရဲဝံ့စွာ ဆန့်ကျင်တွန်းလှန်နေတဲ့ မြန်မာပြည်သူတရပ်လုံးရဲ့ ညီညွတ်မှု၊ စွန့်လွတ်မှု၊ အနစ်နာခံမှုနဲ့ ကြိုးပမ်းဆောင်ရွက်မှု‌တွေကြောင့်ဖြစ်ပြီး ဒီဆုက မပြီးဆုံးသေးတဲ့ ဒီမိုကရေစီရေးနဲ့လူ့အခွင့်အ‌ရေး ကြိုးပမ်းမှုကို ကမ္ဘာ့နိုင်ငံ‌တွေက ဆက်လက်အလေးထား သတိပြုနေစေဖို့ အရေးကြီးတဲ့သတိပေးချက်တစ်ခုလည်း ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ တရားမဝင် စစ်အုပ်စုကို နိုင်ငံရေးအရ တရားဝင်မှု ပေးအပ်နိုင်တဲ့ မည်သည့် ဆောင်ရွက်ချက်မျိုးကိုမဆို အထူးရှောင်ကြဉ်ကြဖို့ နဲ့ အကြမ်းဖက် စစ်အုပ်စုအပေါ် ထိရောက်တဲ့ အရေးယူဆောင်ရွက်မှုတွေကို တုံ့ဆိုင်းမှုမရှိဘဲ ရဲဝံ့ပြတ်သားစွာ ဆောင်ရွက်ပြီး မြန်မာပြည်သူ တွေရဲ့ စစ်မှန်တဲ့ ဒီမိုကရေစီအရေး ကြိုးပမ်းမှု တွေကို ထိရောက်စွာ ဆက်လက်ကူညီ ပံ့ပိုးပေးကြပါဖို့ GSCB က တိုက်တွန်းထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ကနီမြို့နယ်မှာ သပိတ်အင်အားစုနဲ့ ဒေသခံပြည်သူတွေ ပူးပေါင်းပြီး ရွှေဝါရောင်တော်လှန်ရေး (၁၉)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လှုပ်ရှားမှု စက်တင်ဘာ ၁၈ ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီရှိ စစ်ကောင်စီ သံရုံးရှေ့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး စစ်အာဏာရှင် ဆန့်ကျင်ဆန္ဒပြပွဲ စက်တင်ဘာ ၁၅ ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွတ်မြောက်ရေးနဲ့ မြန်မာစစ်အာဏာရှင်ဆန့်ကျင်ရေး စက်တင်ဘာ ၈ရက်မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

မန္တလေးမြို့ကရတနာပုံတက္ကသိုလ်ကျောင်းသားသမဂ္ဂဥက္ကဋ္ဌ(ဟောင်း) ဖြစ်သူကိုထက်မြတ်အောင်အပါအဝင်စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးသပိတ်တွေမှာပါဝင်သူရှစ်ဦး ထောင်ဒဏ် ၃၇ နှစ်ချခံလိုက်ရတယ်လို့ ရတနာပုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂတော်လှန်ရေးဦးဆောင်ကော်မတီက ဇူလိုင် ၂၈ ရက်မှာ ထုတ်ပြန်ထားပါတယ်။

Facebook