Connect with us

Hi, what are you looking for?

News

KNU တပ်မဟာ(၄)နယ်မြေတွင် တိုက်ပွဲစတင်ဖြစ်ပွား၊ စစ်ကောင်စီမှ အရာရှိအပါအဝင် ​လေးဦးသေဆုံး

KNU အုပ်ချုပ်နယ်မြေ ပုလောမြို့နယ် ဆားခဲကျေးရွာနှင့် ပန္နဲတောင်နယ်စပ် အကြား၌ စက်တင်ဘာ ၇ရက် နံနက်ပိုင်းက စစ်ကေင်စီတပ်က ထိုးစစ်ဆင်ဝင်ရောက် လာ၍ KNUနှင့် ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့ ပူးပေါင်းအဖွဲ့ဝင်များ ပူးပေါင်း ခုခံခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ကရင်အမျိုးသားအစည်းအရုံး(KNU) ထားဝယ်ခရိုင်၊ တပ်မဟာ(၄) နယ်မြေ၌ ယနေ့ တိုက်ပွဲစတင်ဖြစ်ပွားရာ စစ်ကောင်စီတပ်က အရာရှိ ၁ဦးအပါအဝင် ၄ဦးသေဆုံးပြီး ဒဏ်ရာရသူများပြား ခဲ့ကြောင်း အဆိုပါဒေသ စစ်မြေပြင်သတင်းများဆက်တိုက် ဖော်ပြနေသည့် WAE ၏လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။

KNU အုပ်ချုပ်နယ်မြေ ပုလောမြို့နယ် ဆားခဲကျေးရွာနှင့် ပန္နဲတောင်နယ်စပ် အကြား၌ စက်တင်ဘာ ၇ရက် နံနက်ပိုင်းက စစ်ကေင်စီတပ်က ထိုးစစ်ဆင်ဝင်ရောက် လာ၍ KNUနှင့် ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့ ပူးပေါင်းအဖွဲ့ဝင်များ ပူးပေါင်း ခုခံခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ယနေ့တွင် တိုက်ပွဲစတင်ဖြစ်ပွားပြီး ပုလောမြို့နယ် PDFနှင့် KNU တပ်မဟာ(၄) တပ်ရင်း(၇)၊ တပ်ခွဲ(၂) တပ်ဖွဲ့ဝင်များ ညီညီညွတ်ညွတ် ဖြင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း KNU တပ်မဟာ(၄)မှ ဗိုလ်ကြီးဇော်ထွန်းက ပြောကြားချက်ရုပ်သံဖိုင်ကို WAEက ဖော်ပြသည်။

“အောင်မြင်ချင်တယ် ။ အောင်မြင်လိုတာ ပြည်သူလူထု ဆန္ဒလိုလားတဲ့အတိုင်း တိုက်ပွဲဖြစ်တာ။ အရေးတော်ပုံအောင်ရမည်”ဟု ဗိုလ်ကြီးဇော်ထွန်းက ပြောသည်။

Public Service Announcement

Public Service Announcement

ယနေ့ ပုလောမြို့နယ်၌ တိုက်ပွဲ ၄ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ ဗိုလ်အဆင့်ရှိသူ အပါအဝင် ၄ဦးသေဆုံးကာ ၃၀ဦး ဒဏ်ရာရခဲ့ကြောင်း၊ PDF တပ်မှ စစ်သည်တစ်ဦး ဒဏ်ရာရခဲ့ကြောင်း WAEက ဖော်ပြသည်။

KNU တပ်မဟာ(၄)နယ်မြေတွင် ယခင်ကတိုက်ပွဲဖြစ်ပွားမှု မရှိခဲ့ဘဲ အမျိုးသားညီညွတ်ရေးအစိုးရက စစ်အာဏာရှင်ဆန့်ကျင်ရေး ပြည်သူလူထုခုခံတွန်းလှန်စစ် စတင်ပြီဖြစ်ကြောင်း ကြေညာခဲ့သည့် ယနေ့တွင် တိုက်ပွဲများ စတင်ခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် အဆိုပါဒေသသို့ စစ်ကောင်စီတပ်မှ အင်အားများ ဖြည့်တင်းနေသည်ဟုဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ မိုးဗြဲ -နန်းမယ်ခုံမြို့ကြား နဲ့ ဒီးမော့ဆိုမြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တိုက်ပွဲအတွင်း စစ်တပ်တပ်ဖွဲ့ဝင် ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးမှုတွေလည်းရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ပဲခူးတိုင်းစစ်ဌာန၊ အမှတ် (၂၂) ဗျူဟာလက်အောက်မှာရှိတဲ့ သာယာဝတီခရိုင် တပ်ရင်း (၁)က ဇွန်လ ၁၇ ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။