Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီတပ်စွဲရာ ညောင်ငုပ်တိုပျူစခန်းကို PDFများ စီးနင်းတိုက်ခိုက်

စစ်ကောင်စီဘက်က အထိနာ၍ လေကြောင်းပစ်ကူ Mi 35 စစ်ရဟတ်ယာဉ်ဖြင့် ပစ်ခတ်ခဲ့၍ ပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်ပေါင်းစုရဲဘော်များ ဆုတ်ခွာခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

စစ်ကိုင်းတိုင်းအတွင်း သွားလာနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - CJ
စစ်ကိုင်းတိုင်းအတွင်း သွားလာနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - CJ

စစ်အုပ်စု အထိနာပြီး ပြည်သူ့ရဲဘော်တစ်ဦး ကျဆုံး

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးစခန်းကို ဒေသတွင်း တပ်ပေါင်းစုများက စီးနင်းတိုက်ခိုက်ရာ စစ်အုပ်စုအထိအခိုက်ရှိပြီး ပြည်သူ့ရဲဘော်တစ်ဦးလည်း ကျဆုံးခဲ့ကြောင်း စစ်ကိုင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။

ယမန်နေ့(ဒီဇင်ဘာ ၁၉ ရက်) နံနက် ၄ နာရီခန့်က စစ်ကိုင်းမြို့နယ် ဆားတောင်မြို့၊ ညောင်ငုပ်တိုကျေးရွာရှိ စစ်ကောင်စီတပ်နှင့် ပျူစောထီးစခန်းကို စစ်ကိုင်းခရိုင် တပ်ရင်း (၂)၊ စစ်ကိုင်းခရိုင် တပ်ရင်း (၃)၊ စစ်ကိုင်းမြို့နယ်(ပ.က.ဖ)၊ နယ်မြေခံ LPDF/PDFများ ပါဝင်သော မဟာမိတ်တပ်ပေါင်းစုက စီးနင်းတိုက်ခိုက်ခဲ့ရာ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ကြောင်း ဒေသတွင်း PDF များက ထုတ်ပြန်သည်။

Public Service Announcement
Public Service Announcement

အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီဘက်က ၁၁ဦး သေဆုံးပြီး ဒဏ်ရာရရှိသူများပြားကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော် တစ်ဦးကျဆုံးပြီး တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်း ပကဖအဖွဲ့က အသိပေးသည်။

စစ်ကောင်စီဘက်က အထိနာ၍ လေကြောင်းပစ်ကူ Mi 35 စစ်ရဟတ်ယာဉ်ဖြင့် ပစ်ခတ်ခဲ့၍ ပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်ပေါင်းစုရဲဘော်များ ဆုတ်ခွာခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ဖြစ်စဥ်နှင့်ပတ်သက်၍ ဒေသတွင်း PDFအဖွဲ့များထံ ဆက်သွယ်မေးမြန်းရန် ကြိုးစားသော်လည်း ဆက်သွယ်၍ မရသေးပေ။ ထို့အပြင် ထိခိုက်သေဆုံးမှုနှင့်ပတ်သက်ပြီးလည်း သီးခြားအတည်မပြုနိုင်သေးပေ။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်

သတင်း

မြို့ပေါ်ကျောင်းအပ်ထားတဲ့ ကလေးမိဘတွေအနေနဲ့ လုံခြုံရေးရှေ့ရှုပြီး မြို့ပေါ်ပြောင်းရွှေ့နေထိုင်ကြဖို့ မေတ္တာရပ်ခံ