Connect with us

Hi, what are you looking for?

News

ပုလဲမြို့နယ်တိုက်ပွဲဖြစ် စစ်ကောင်စီတပ်မှခုနစ်ဦးသေ၊ လေးဦးဒဏ်ရာရ

စစ်ကောင်စီမှ အလောင်းများကိုပြန်သယ်ပြီး သွေးအိုင်များကို သဲများဖြင့်အုပ်ခဲ့ပြီး ဆိုင်ကယ်များကို ထားခဲ့ကြောင်း PRA က ထုတ်ပြန်သည်။

ဓာတ်ပုံ - PRA

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ဒေသခံတပ်များ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီဘက်မှ ခုနစ်ဦးသေဆုံးပြီး လေးဦး ဒဏ်ရာပြင်းထန်စွာ ရရှိသွားကြောင်း ပြည်သူ့တော်လှန်ရေးတပ်မတော်(PRA)က သတင်းထုတ်ပြန်သည်။

ယနေ့ (စက်တင်ဘာ၈ ရက်)နံနက်ပိုင်းက ပုလဲမြို့နယ်တွင် စစ်ကောင်စီဘက်မှ အင်အား ၃၀ ကျော် ဆိုင်ကယ်များဖြင့်တက်လာရာ ပြည်သူ့တော်လှန်ရေး တပ်မတော် (PRA) တပ်ရင်း(၁) { တပ်ခွဲ(၁)နှင့်တပ်ခွဲ(၁၁) } နှင့်ဒေသခံ(PDF)တို့ ပူးပေါင်းပြီး မိုင်းဆွဲ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ခုနစ်ဦး ကျဆုံးပြီး လေးဦး ဒဏ်ရာ ပြင်းထန်ခဲ့ကြောင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ဓာတ်ပုံ – PRA

သို့သော်ပြည်သူ့တော်လှန်ရေးတပ်မတော်(PRA)နှင့် ဒေသခံ(PDF)အဖွဲ့တို့မှ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ပြည်သူ့တော်လှန်ရေးတပ်မတော်(PRA) က အသိပေးခဲ့သည်။

စစ်ကောင်စီမှ အလောင်းများကိုပြန်သယ်ပြီး သွေးအိုင်များကို သဲများဖြင့်အုပ်ခဲ့ပြီး ဆိုင်ကယ်များကို ထားခဲ့ကြောင်း PRA က ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ယမန်နေ့ကလည်း ပုလဲမြို့နယ်ရှိ နဂါးမတောင် ၊ ထန်းကင်းကြီး ၊ ခေါ်သန္တီကျေးရွာ နှင့် ရွာသစ်ကြီး အနီးရှိ အကြမ်းဖက်စစ်ကောင်စီ၏ Mytel တာဝါတိုင်များအား PALE PDF နှင့် PRA တို့မှ ပူးပေါင်း၍ မိုင်းခွဲမီးရှို့ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်နေပြီး စစ်တပ်က လေကြောင်းကနေ ပစ်ကူပေးနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်း မြစ်တချို့က ပြောပါတယ်။

သတင်း

ဧရာဝတီတိုင်း၊ရေကြည် နဲ့ သာပေါင်းမြို့နယ်အစပ်မှာတိုက်ပွဲတွေဆက်ပြင်းထန်နေပြီးစစ်တပ်က အရပ်သားတွေရှိနေတဲ့ ရွာကိုဗုံးကြဲ‌ နေတယ်လို့ ​ဒေသခံ​တွေက​ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ ဩဂုတ်၈ရက်က တိုက်ပွဲဆက်ဖြစ်ပွားခဲ့ပြီး စစ်တပ်အထိနာကာ တပ်ပြန်ဆုတ်သွားတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆော - လောင်းရှည်လမ်းပိုင်း တိုက်ပွဲအတွင်း စစ်တပ်က အလင်းဝင်လာသူနဲ့ သုံ့ပန်းအဖြစ် ဖမ်းမိသူ ၂၀ကျော်ရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ဂန့်ဂေါခရိုင်စစ်ဌာန တာ၀န်ရှိသူ ကိုဇင်ကို၀င်းက ပြောပါတယ်။