Connect with us

Hi, what are you looking for?

သတင်း

ကရင်နှစ်သစ်ကူးနေ့တွင် ကော့ကရိတ်မြို့နယ်ထဲ လေကြောင်းတိုက်ခိုက်

စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုနှင့် လေကြောင်းတိုက်ခိုက်မှုကြောင့် ကျေးရွာများအတွင်းမှ နေအိမ်အများအပြား ထိခိုက်ပျက်စီးခဲ့သလို ဒေသခံတချို့လည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ကရင်နှစ်သစ်ကူးနေ့တွင် ကော့ကရိတ်မြို့နယ်ထဲ လေကြောင်းတိုက်ခိုက်
ကရင်နှစ်သစ်ကူးနေ့တွင် ကော့ကရိတ်မြို့နယ်ထဲ လေကြောင်းတိုက်ခိုက်

ယနေ့ ကရင်နှစ်ကူးနေ့တွင် ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်အတွင်းကို စစ်ကောင်စီတပ်က လက်နက်ကြီးနှင့် လေကြောင်းပစ်ခတ်တိုက်ခိုက်မှုများ လုပ်ခဲ့ကြောင်း တော်လှန်ရေးအင်အားစုများက ပြောကြားသည်။

ယနေ့တွင်ကျရောက်သော ကရင့်အမျိုးသားနှစ်သစ်ကူးနေ့အခမ်းအနားသို့ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သဝဏ်လွှာပေးပို့ခဲ့ပြီး ယင်းသဝဏ်လွှာထဲတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် လက်နက်ကိုင်သံသရာမှ ရုန်းထွက်ကြရန် အချိန်ကျပြီဖြစ်ကြောင်း တိုက်တွန်းပြောဆိုထားသည်။

ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ် တည်ဆောက်နိုင်ရေးအတွက် တစ်နိုင်ငံလုံး ထာ၀ရငြိမ်းချမ်းရေးရရှိရန် အဓိကလိုအပ်ချက်ဖြစ်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် လက်နက်ကိုင်လမ်းစဉ်နှင့် လက်နက်ကိုင်ပဋိပက္ခများကို စွန့်ခွာ၍ တွေ့ဆုံဆွေးနွေးမှုများမှ တစ်ဆင့် နိုင်ငံရေးလမ်းကြောင်းပေါ် ငြိမ်းချမ်းစွာလျှောက်လှမ်းရန် စစ်ခေါင်းဆောင်က တိုက်တွန်းထားသည်။

ငြိမ်းချမ်းရေးရရှိရန် အရေးကြီးကြောင်း စစ်ခေါင်းဆောင်က ပြောဆိုနေစဉ် တစ်ဖက်မှာ ယနေ့တွင် ကရင်လူမျိုးများအထွတ်အမြတ်ထားသော နေ့တစ်နေ့ဖြစ်သည့် ကရင့်နှစ်သစ်ကူးနေ့တွင် စစ်ကောင်စီက ကော့ကရိတ်မြို့နယ်အတွင်း စစ်ရေးလှုပ်ရှားမှုပြုလုပ်ခဲ့ပြီး လေယာဉ်ဗုံးကြဲမှုနှင့် လက်နက်ကြီးပစ်ခတ်ခြင်းများ နေ့စဉ်အဆက်မပြတ် လုပ်ဆောင်ခဲ့သည်။

Public Service Announcement

Public Service Announcement

“ကော့ကရိတ်မှာ မနက်ကတည်းကနေ အခုချိန်ထိ လက်နက်ကြီးတွေနဲ့ ရွာတွေထဲကို ရမ်းသမ်းပြီး တောက်လျှောက်ပစ်နေသေစကြောင့် ရွာလုံးကျွတ်ထွက်ပြေးနေရပြီ။ တိုက်ပွဲတွေစိပ်လာတာနဲ့အမျှ ရွာတွေဘက်မှာ စစ်ရှောင်တွေများလာပြီး စားစရာလေးတွေ လိုအပ်နေတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

တပ်မဟာ(၆)နယ်မြေဖြစ်သည့် ကော့ကရိတ်မြို့နယ်တွင် ပြီးခဲ့သော ဒီဇင်ဘာလ(၁၆)ရက်နေ့က၍ ယနေ့အချိန်ထိ KNLA ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့အကြား စစ်ရေးအခြေအနေများ ပိုမိုပြင်းထန်လာခဲ့ပြီး စစ်ကောင်စီတပ်က ကော့ကရိတ်မြို့အနီးရှိ ကျေးရွာများအပေါ်သို့ လက်နက်ကြီးပစ်ခတ်မှုနှင့် လေကြောင်းတိုက်ခိုက်မှု နေ့စဉ်နှင့်အမျှ ပြုလုပ်ဆောင်ရွက်နေသည်။

စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုနှင့် လေကြောင်းတိုက်ခိုက်မှုကြောင့် ကျေးရွာများအတွင်းမှ နေအိမ်အများအပြား ထိခိုက်ပျက်စီးခဲ့သလို ဒေသခံတချို့လည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ယခုလို ကော့ကရိတ်မြို့နယ်အတွင်း (၁)ပတ်ကြာသည်အထိ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုများ အဆက်မပြတ်လုပ်ဆောင်ခဲ့သည့်အပေါ် ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)မှ စည်းရုံးလှုံ့ဆော်ရေးတာဝန်ခံ စောနန္ဒဆူးက သုံးသပ်ပြောဆိုသည်။

“လက်ရှိ ဆက်တိုက်ဖြစ်ပေါ်နေတဲ့ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုဟာဆိုလို့ရှိရင်တော့ ဒါအများကြီးပဲ ထိခိုက်နစ်နာမှုတွေဖြစ်ပေါ်စေတယ်၊ ပြည်သူလူထုတွေ ထောင်သောင်းချီပြီးတော့မှ ထွက်ပြေးတိမ်းရှောင်နေရတယ်။ အသက်အိုးအိမ်စည်းစိမ်တွေ ဆုံးရှုံးကြရတယ်။ ဒါအင်မတံမှ ဆိုးရွားတဲ့ စစ်ရာဇဝတ်မှုနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်တယ်ပေါ့” ဟု ၎င်းကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဇူလိုင် ၁၄ ရက် ၁ရက်တည်း ကလေးငယ် ၄ ဦး သေဆုံးပြီး ၇ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြ၀တီ-ကော့ကရိတ်အာရှလမ်းပိုင်းရဲ့ ကော့ကရိတ်မြို့အနီးမှာဒီနေ့ (ဇူလိုင် ၁၀)မနက်အစောပိုင်းကအာဏာသိမ်းစစ်တပ်နဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU)တပ်မဟာ ၆ တို့ကြားနာရီပိုင်းကြာတိုက် ပွဲဖြစ်ပွားခဲ့တယ်လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို သမ္မတအမည်ခံတင်မြှောက်ပြီး ရက် ၁၀၀ စီမံကိန်း အပူတပြင်း ပုံဖော်နေပေမဲ့ စစ်တပ်ဟာ အရပ်သား ပြည်သူတွေကို ပစ်မှတ်ထားတဲ့ လေကြောင်း တိုက်ခိုက်မှုတွေ ဆက်လုပ်နေလို့ ကလေးငယ်တွေ အပါအဝင် ပြည်သူ ရာချီသေဆုံးထိခိုက်ခဲ့ရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား ပြည်သူသေဆုံးထိခိုက်မှုတွေ ရှိနေကြောင်း ကန်ပက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က သတင်းထုတ်ပြန်ခဲ့ပြီး မြို့နယ်အတွင်း ပြည်သူတွေ အနေနဲ့ နေအိမ် တိုင်း ပုန်းခိုကျင်းတွေ တူးကြဖို့ နှိုးဆော် ထားပါတယ်။