Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီတပ်သားများ တွေဝေမနေဘဲ ပြည်သူ့ရင်ခွင်ခိုလှုံကြရန် CNF တာဝန်ရှိသူတိုက်တွန်း

ယခုလပိုင်းအတွင်း ချင်းပြည်နယ် တီးတိန်၊ ဟားခါး၊ထန်တလန်၊ မင်းတပ်နှင့် ပလက်၀ ဒေသများရှိ ချင်းတပ်ဖွဲ့များထံသို့ စစ်ကောင်စီတပ်မှ တပ်ဖွဲ့ဝင်များ အလင်းဝင်ရောက်လာမှု ဖြစ်စဉ်များစွာရှိခဲ့ကြောင်း သက်ဆိုင်ရာ ကာကွယ်ရေးတပ်များက ထုတ်ပြန်ထားသည်။

(ချင်းတပ် CDFသို့ လက်နက်နှင့်အတူ ခိုလှုံလာသည့် စစ်ကောင်စီ တပ်သားအချို့အား တွေ့ရစဥ်၊ဓာတ်ပုံ - CDF)
(ချင်းတပ် CDFသို့ လက်နက်နှင့်အတူ ခိုလှုံလာသည့် စစ်ကောင်စီ တပ်သားအချို့အား တွေ့ရစဥ်၊ဓာတ်ပုံ - CDF)

စစ်ကောင်စီတပ်သားများအနေဖြင့် လက်ရှိ အခြေအနေတွင် တွေဝေနေခြင်းမရှိဘဲ ပြည်သူ့ရင်ခွင်ခိုလှုံကြရန် ချင်းအမျိုးသားတပ်ဦး/ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောကြားသည်။

ဒီဇင်ဘာ ၂၄ရက်က ချင်းပြည်နယ် ထန်တလန်မြို့နယ်ရှိ စစ်ကောင်စီတပ်သား နှစ်ဦး လက်နက်များနှင့်အတူ CNA နှင့် ချင်းကာကွယ်ရေးတပ်(CDF)ထံ ခုံလှုံလာခြင်းနှင့်ပတ်သက်ပြီး မေးမြန်းရာ၌ ဆလိုင်းထက်နီက ထိုကဲ့သို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။

Public Service Announcement
Public Service Announcement

“ပြည်သူကပေါက်ဖွားလာတဲ့ စကစထဲက ပြည်သူ့စစ်သားတွေအနေနဲ့ ပြည်သူကိုချစ်ရင် ကိုယ့်နိုင်ငံတော်ကိုချစ်ရင် တွေဝေမနေဘဲ ပြည်သူ့ရင်ခွင်မှာ ခိုလှုံလာကြပါ။ ပြည်သူ့ရင်ခွင်က နွေးထွေးစွာ ကြိုဆိုပါတယ်”ဟု ဆလိုင်းထက်နီက ပြောသည်။

ယခုလပိုင်းအတွင်း ချင်းပြည်နယ် တီးတိန်၊ ဟားခါး၊ထန်တလန်၊ မင်းတပ်နှင့် ပလက်၀ ဒေသများရှိ ချင်းတပ်ဖွဲ့များထံသို့ စစ်ကောင်စီတပ်မှ တပ်ဖွဲ့ဝင်များ အလင်းဝင်ရောက်လာမှု ဖြစ်စဉ်များစွာရှိခဲ့ကြောင်း သက်ဆိုင်ရာ ကာကွယ်ရေးတပ်များက ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ထိုသို့ စစ်ကောင်စီတပ်မှ ထွက်ပြေးလာသူများအနက် လက်နက်ပါလာသူများရှိသကဲ့သို့ လက်နက်မဲ့ ထွက်ပြေးလာသူများလည်းရှိပြီး လက်နက်ပါလာသူများကို ဆုငွေပေးအပ်မည်ဖြစ်ကြောင်း CDFတပ်ဖွဲ့များက ကြေညာထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ချင်းကာကွယ်ရေးတပ် - အရှို (CDF-Asho) တပ်ဦးချုပ်နဲ့ တပ်ဖွဲ့ဝင်တွေ ကျဆုံးမှုအပေါ် ဝမ်းနည်းကြောင်း ချင်းတော်လှန်ရေးတပ်ဖွဲ့တခုဖြစ်တဲ့ ချင်းအမျိုးသားတပ်ဦး(CNF)က ဩဂုတ် ၂၂ရက်မှာ ထုတ်ပြန်ခဲ့ပြီး ကျန်ရစ်သူမိသားစုဝင်များ၊ CDF-အရှိုနဲ့တကွ တော်လှန်ရေးရဲဘော်ရဲဘက်များ အားလုံးနဲ့ထပ်တူ ဝမ်းနည်းကြေကွဲရကြောင်း ဖော်ပြပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။