Connect with us

Hi, what are you looking for?

သတင်း

မြိုင်မြို့နယ် ဗဟင်းတိုက်နယ်ဆေးရုံကို စစ်ကောင်စီတပ်က လေကြောင်းမှ ပစ်ခတ်

အဆိုပါ ဗဟင်းတိုက်နယ်ဆေးရုံသည် စစ်​ကောင်စီဝန်ထမ်းများစွန့်ပစ်သွားသဖြင့် NUG အစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနကတာဝန်ယူဖွင့်လှစ်​ပေး​နေခြင်းဖြစ်သည်။

(၂၀၂၂ နိုဝင်ဘာ လကုန်ပိုင်းက ဗဟင်းရွာတစ်​နေရာကို​တွေ့ရစဥ်။ ။ဓါတ်ပုံ-People's Spring)
(၂၀၂၂ နိုဝင်ဘာ လကုန်ပိုင်းက ဗဟင်းရွာတစ်​နေရာကို​တွေ့ရစဥ်။ ။ဓါတ်ပုံ-People's Spring)

▪︎လူနာ (၅၀)ကျော်အား အ ရေးပေါ်ကယ်ထုတ်ခဲ့ရ၊ပြည်သူတစ်ဦး​သေနတ်မှန်​သေဆုံး

မကွေးတိုင်း၊ မြိုင်မြို့နယ်မှ ဗဟင်းတိုက်နယ်ဆေးရုံအား စစ်ကောင်စီတပ်က ယ​နေ့​နေ့ခင်းပိုင်းတွင် လေကြောင်းမှ ပစ်ခတ်ခဲ့ရာ လူနာ (၅၀)ခန့်အား အရေးပေါ်ကယ်ထုတ်ခဲ့ရကြောင်း အကူအညီပေးနေသည့်ဒေသခံများကပြောသည်။

အဆိုပါ ဗဟင်းတိုက်နယ်ဆေးရုံသည် စစ်​ကောင်စီဝန်ထမ်းများစွန့်ပစ်သွားသဖြင့် NUG အစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနကတာဝန်ယူဖွင့်လှစ်​ပေး​နေခြင်းဖြစ်သည်။

စစ်ကောင်စီ၏ လစ်ဟင်းသွားသည့် ပြည်သူ့ကျန်းမာရေးစနစ်ကို အစားထိုးခြင်းဖြစ်ပြီး အနီးနားပြည်သူများက အဓိကအားကိုးရာဆေးရုံတခုဖြစ်သည်ဟု​ဒေသခံများက​ပြောသည်။ထိုပြင် ထိုဆေးရုံးအတွင်းသို့ဒေသခံကာကွယ်ရေးတပ်များပြင် လက်နက်ယူဆောင်လာခွင့်မရှိသည့်ဆေးရုံဖြစ်သည်ဟုသိရသည်။

ယနေ့ (ဇန်နဝါရီ ၂၁)နေ့လယ် ၁ နာရီခွဲခန့်တွင် စစ်သုံးရဟတ်ယာဥ်(Mi 35)ဖြင့် နာရီဝက်ခန့်ကြာအောင် ​လေးကြိမ်တိုင်လာရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများကပြောသည်။

Public Service Announcement

Public Service Announcement

“ဖြစ်သွားတဲ့အခြေအနေက ၁ နာရီခွဲတိတိမှာ ရဟတ်ယာဥ်နဲ့ဝဲပြီး လာပစ်တာဗျ။ ဆေးရုံပေါ်ကို (လက်နက်ကြီး) အချက် ၂၀၊ ၃၀လောက်ကျတယ်။ တော်တော်များတယ်ဗျ အချက်ရေ။ တော်တော်လည်း ပျက်စီးသွားတယ်”ဟု ဗဟင်းကျေးရွာမှ ဒေသခံတစ်ဦးက ပြော သည်။

Public Service Announcement
Public Service Announcement

စစ်ကောင်စီတပ်က လေကြောင်းမှလာရောက်ပစ်ခတ်စဥ် ဆေးရုံနောက်ဖက်ရှိ သစ်ပင်အောက်၌ ပုန်းခိုနေသော အသက် (၆၀)ဝန်းကျင်အရွယ် အမျိုးသမီးတစ်ဦး လက်နက်ကြီးကျည်ထိမှန်ကာ သေဆုံးခဲ့ရကြောင်း ၎င်းဒေသခံက ရှင်းပြသည်။

အထက်ပါ ဗဟင်းတိုက်နယ်ဆေးရုံတွင် မွေးလူ၊ ခွဲစိပ်လူနာများအပြင် ကလေး၊ လူကြီး အယောက် (၅၀) ကျော်ရှိနေပြီး ၎င်းလူနာများ နီးစပ်ရာကျေးရွာများနှင့် ဆွေမျိုးသားချင်းအိမ်များသို့ အရေးပေါ်ကယ်ထုတ်ခဲ့ရကြောင်း ဗဟင်းဒေသခံများက ရှင်းပြသည်။

“ကလေးမီးဖွားတာတွေရော၊ ခွဲခန်းဝင်နေတာတွေရောဆိုရင် လူနာအများကြီးပဲဗျ။ လူနာဆောင်ထဲကျတဲ့တစ်လုံးက ကွန်ကရစ်အုတ်ခုံကိုမှန်ပြီး နောက်ကြောင်းပြန်ထွက်သွားလို့ ကံကောင်းတာ။ မဟုတ်ရင် တွေးတောင်မတွေးရဲဘူး”ဟု ဗဟင်းကျေးရွာမှ ဒေသခံတစ်ဦးက ဆိုသည်။

အဆိုပါMi-35 ရဟတ်ယာဥ်သည် မုံရာ​လေဆိပ်မှ ​နေ့ခင်း ၁ နာရီ ၁၂ မိနစ်တွင် ထွက်ခွာပြီး ၊ဗုံးကျဲတိုက်ခိုက်ပြီး​နောက် မုံရွာ​လေဆိပ်သို့ ၂ နာရီ ၃ မိနစ်တွင် ပြန်လည်​ရောက်ရှိ​ကြောင်း​စစ်​ကောင်စီ​​လေတပ်​စောင့်ကြည့်​ရေးကွန်ယက်များကထုတ်ပြန်သည်ကို​တွေ့ရသည်။

“ဆေးရုံနဲ့ စာသင်ကျောင်းကို ဦးတည်ပြီးပစ်ခတ်သွားတာ။ အဖွားတစ်ဦးက ခြေထောက်နှစ်ချောင်းလုံးထိပြီး ဆုံးသွားတယ်။ ”ဟု ပခုက္ကူခရိုင်တပ်ရင်း ၁၄ တပ်ရင်းမှူးကလဘ်းပြောသည်။

စစ်ကောင်စီတပ်က ဆေးရုံတည်နေရာကို MI 35ဖြင့် အတိအကျ ဖြင့် လေးကြိမ်ပစ်ခတ်ခဲ့ပြီးမြေပြင်တိုက်ပွဲမရှိဘဲ ဆေးရုံနှင့်စာသင်ကျောင်းကို ယခုလိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများကပြောသည်။

လက်ရှိတွင် စစ်ကောင်စီတပ်၏လေကြောင်းပစ်ခတ်မှုကြောင့် ဗဟင်းတိုက်နယ်ဆေးရုံတစ်ခုလုံးနီးပါး ပျက်စီးခဲ့၍ ဆေးရုံအား ယာယီပိတ်လိုက်ရကြောင်း ဒေသခံများထံမှ စုံစမ်းသိရသည်။

မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ပြောဆိုမှုအရ တိုက်နယ်ဆေးရုံနှင့် ခြံကွက်သုံးခသာခြားသော ဗဟင်းအထက်တန်းကျောင်းကိုလည်း စစ်ကောင်စီတပ်က လေကြောင်းမှ ပစ်ခတ်မှုများရှိခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ အစည်းအဝေးလုပ်နေတာကို လာပစ်တာဗျ။ အစည်းအဝေးလုပ်တဲ့သတင်း ပေါက်ကြားသွားတယ်လို့ ယူဆတယ်”ဟု မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ခံ ကိုလက်ယာက ပြောသည်။

ဗဟင်းရွာရှိရဲစခန်းသည်ဒေသခံကာကွယ်ရေးတပ်များ မကြာခဏတိုက်ခိုက်မှုကြောင့် ၂၀၂၂ နိုဝင်ဘာ ၂၁ ရက်ကရဲစခန်းနှင့်ကျေးရွာကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးခဲ့ပြီး စခန်းဆုတ်သွားသည့် နေရာဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်မှာ မိုးကြီးပြီး မြို့ပေါ်ရပ်ကွက်အချို့နဲ့ ဆေးရုံကို တောင်ကျရေတွေနဲ့ ရွှံ့နွံတွေစီးဝင်လာတဲ့အတွက် လူနာတွေနဲ့ဒေသခံတွေကိုအရေးပေါ်ရွှေ့ပြောင်းခဲ့ရပါတယ်။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ် စစ်ကြောင်းထိုးနေတဲ့ကြားက အာဇာနည်နေ့ အခမ်းအနားကို တော် လှန်ရေးအင်အားစုတွေ ကျင်းပခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။