Connect with us

Hi, what are you looking for?

သတင်း

မြိုင်မြို့နယ် ကိုင်းတောမ၌တပ်စွဲထားသော စစ်ကောင်စီတပ်အား မိုင်းဆွဲတိုက်ခိုက်

“သူတို့က ၁၀ဦးရှိတာ။ လေးဦး ဈေးဝယ်လာတာ။သူတို့ဘက်က သေနတ်သုံးချက်ဖောက်တယ်”ဟု ဗိုလ်မိုးကြိုးက ပြောသည်။

တိုက်ခိုက်ခဲ့သော မိုင်းများအား တွေ့ရစဉ်၊ ဓာတ်ပုံ-GOBA
တိုက်ခိုက်ခဲ့သော မိုင်းများအား တွေ့ရစဉ်၊ ဓာတ်ပုံ-GOBA

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကိုင်းတောမကျေးရွာ၌ တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ စျေးဝယ်ထွက်ချိန် မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးကြောင်း God of Burmese Army –GOBA အဖွဲ့ခေါင်းဆောင် ဗိုလ်မိုးကြိုးက ပြောသည်။

ယနေ့(ဒီဇင်ဘာ ၁ရက်)နံနက် ၇နာရီခွဲခန့်က ကိုင်းတောမ တိုက်နယ်ဆေးရုံအနီးရှိ စာသင်ကျောင်းအနီး တပ်စွဲထားသော စစ်ကောင်စီတပ်များရောက်ရှိလာချိန် စလစ်မိုင်းအကြီး (၂)လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးပြီး အလောင်းများကိုဆွဲယူကာ ပြန်ဆုတ်သွားခဲ့ကြောင်း GOBA တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုးကြိုးက ပြောကြားသည်။

“သူတို့က ၁၀ဦးရှိတာ။ လေးဦး ဈေးဝယ်လာတာ။သူတို့ဘက်က သေနတ်သုံးချက်ဖောက်တယ်”ဟု ဗိုလ်မိုးကြိုးက ပြောသည်။

အဆိုပါစစ်ဆင်ရေးကို God of Burmese Army –GOBA ဗိုလ်မိုးကြိုးတပ်ဖွဲ့နှင့်အတူ မြိုင်(ပကဖ ) တပ်ရင်း(၁)၊ တပ်ခွဲ -၂ ဂဠုန်တပ်ဖွဲ့၊ ဗိုလ်တက်တူအဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထား သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း ရောက်ရှိ​နေတဲ့ စစ်တပ်စစ်ကြောင်းကြောင့် ကျေးရွာ ၁၀ ရွာထက်မနည်း တိမ်းရှောင်နေရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ပခုက္ကူမြို့အခြေစိုက် တပ်မ(၁၀၁)က စစ်ကြောင်းတွေ မြိုင်မြို့နယ်က တွင်းမပြည်သူ့စစ်ကျေးရွာကို ဦးတည်လာနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊မြိုင်မြို့နယ်ကို စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။