Connect with us

Hi, what are you looking for?

နိုင်ငံတကာ

နယူးဇီလန် ဝန်ကြီးချုပ် ရာထူးကို ဆက်ခံမယ့် ဟစ်ပ်ကင်စ်

အစောပိုင်းတုန်းက တရားရေးဝန်ကြီး ကီရီ အလန်ဟာ နိုင်ငံသမိုင်းမှာ ပထမဆုံး မော်ရီ တိုင်းရင်းသား မျိုးနွယ်ဝင် ဝန်ကြီးချုပ် ဖြစ်လာနိုင်ကြောင်း ခန့်မှန်းမှုတွေ ရှိခဲ့ပေမယ့် ဟစ်ပ်ကင်စ်ရဲ့ ဆက်ခံမှုကြောင့် အဲဒီ ဖြစ်နိုင်ခြေက အဆုံးသတ်သွားခဲ့ပါတယ်။

နယူးဇီလန် ဝန်ကြီးချုပ် ရာထူးကို ဆက်ခံမယ့် ဟစ်ပ်ကင်စ်
နယူးဇီလန် ဝန်ကြီးချုပ် ရာထူးကို ဆက်ခံမယ့် ဟစ်ပ်ကင်စ်

ရာထူးက နုတ်ထွက်တော့မယ့် နယူးဇီလန် ဝန်ကြီးချုပ် ဂျက်ဆင်ဒါ အားဒန်ရဲ့ နေရာမှာ လက်ရှိ အစိုးရ အဖွဲ့ဝင် ဝန်ကြီး တစ်ဦးဖြစ်တဲ့ ခရစ္စ ဟစ်ပ်ကင်စ်က အစားထိုး ဆက်ခံသွားမှာ ဖြစ်ပါတယ်။

အာဏာရ လေဘာပါတီရဲ့ အမတ်တွေထဲမှာ ဝန်ကြီးချုပ် တာဝန်ကို ယူရမယ့် ပါတီခေါင်းဆောင် နေရာအတွက် ဟစ်ပ်ကင်စ် တစ်ဦးတည်းက အဆိုတင်သွင်းခဲ့တယ်လို့ သိရပါတယ်။ သူဟာ အရမ်း ပင်ပန်းနေပြီဆိုတဲ့ အကြောင်းပြချက်နဲ့ ဝန်ကြီးချုပ် တာဝန်တွေကို စွန့်ခွာတော့မယ့် အားဒန်ရဲ့ နေရာမှာ ဖေဖော်ဝါရီ ၇ ရက်ကစပြီး အစားထိုး ဆက်ခံသွားမှာ ဖြစ်ပါတယ်။

အသက် ၄၄ နှစ်အရွယ် ဟစ်ပ်ကင်စ်ဟာ လက်ရှိမှာ နယူးဇီလန် အစိုးရရဲ့ ရဲလုပ်ငန်း၊ ပညာရေးနဲ့ ပြည်သူ့ရေးရာ ဝန်ကြီးအဖြစ် တာဝန် ယူထားသလို လွှတ်တော် ဥက္ကဋ္ဌ အနေနဲ့လည်း ခန့်အပ် ခံထားရပါတယ်။ သူဟာ ၂၀၀၈ ခုနှစ်မှာ လွှတ်တော် အမတ်အနေနဲ့ စတင်ရွေးကောက် ခံခဲ့ရပြီး ၂၀၂၀ နှစ်ကုန်ပိုင်းတုန်းက နိုင်ငံရဲ့ ကိုဗစ် ကပ်ရောဂါ တိုက်ဖျက်ရေး ဝန်ကြီးအဖြစ် ခန့်အပ် ခံခဲ့ရဖူးပါတယ်။

နယူးဇီလန်ကို ၅ နှစ်ခွဲလောက် ဝန်ကြီးချုပ်အဖြစ် တာဝန်ယူ ဦးဆောင်ခဲ့သူ အားဒန်ဟာ အံ့ဩစရာ အခြေအနေ တစ်ရပ်အဖြစ် ရာထူးက အနားယူတော့မယ်လို့ ကမ္ဘာသိ ကြေညာခဲ့ပါတယ်။ သူဟာ နိုင်ငံကို ဆက်လက် ဦးဆောင်ဖို့ လုံလောက်တဲ့ ရင်းမြစ်နဲ့ စွမ်းအင်တွေ မကျန်တော့ဘူးလို့ အားဒန်က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

နယူးဇီလန်မှ အောက်တိုဘာလကျရင် ရွေးကောက်ပွဲ ကျင်းပဖို့ ရှိနေတာကြောင့် ဟစ်ပ်ကင်စ် အနေနဲ့ ဝန်ကြီးချုပ်အဖြစ် ဘယ်လောက်ကြာကြာ တာဝန်ယူနိုင်မလဲ ဆိုတာ မသေချာသေးဘဲ ဖြစ်နေပါတယ်။ သူဟာ အားဒန်ရဲ့ အရိုက်အရာ ဆက်ခံသူအဖြစ် ဇန်နဝါရီ ၂၂ ရက်ကျရင် လွှတ်တော်ထဲက လေဘာပါတီ အမတ်တွေရဲ့ တရားဝင် ထောက်ခံ အသိအမှတ်ပြုမှု လိုအပ်ဦးမှာ ဖြစ်ပါတယ်။

အားဒန်ဟာ နယူးဇီလန် သမိုင်းမှာ အအောင်မြင်ဆုံး ခေါင်းဆောင်တစ်ဦး ဖြစ်ခဲ့ပေမယ့်လည်း အခုလပိုင်းတွေအတွင်း ကုန်စျေးနှုန်း မြင့်တက်မှုနဲ့ လူမှုကဏ္ဍ မညီမျှမှုတွေကြောင့် သူ့အပေါ် လူထု ထောက်ခံမှုဟာ ကြုံဖူးသမျှ အနိမ့်ဆုံး အခြေအနေထိ ပြန်ကျဆင်းနေတယ်လို့ ဆိုပါတယ်။ ဒါဟာ အားဒန် တစ်ဦးတည်းတင် မကဘဲ လေဘာပါတီ တစ်ခုလုံးအပေါ် လူကြိုက် နည်းလာမှုလည်း ဖြစ်ပါတယ်။

အစောပိုင်းတုန်းက တရားရေးဝန်ကြီး ကီရီ အလန်ဟာ နိုင်ငံသမိုင်းမှာ ပထမဆုံး မော်ရီ တိုင်းရင်းသား မျိုးနွယ်ဝင် ဝန်ကြီးချုပ် ဖြစ်လာနိုင်ကြောင်း ခန့်မှန်းမှုတွေ ရှိခဲ့ပေမယ့် ဟစ်ပ်ကင်စ်ရဲ့ ဆက်ခံမှုကြောင့် အဲဒီ ဖြစ်နိုင်ခြေက အဆုံးသတ်သွားခဲ့ပါတယ်။

တကယ်လို့ လာမယ့် ရွေးကောက်ပွဲမှာ လေဘာပါတီသာ အရေးနိမ့်ခဲ့မယ်ဆိုရင် ဟစ်ပ်ကင်စ်ဟာ ဝန်ကြီးချုပ်အဖြစ် ၈ လ သာ တာဝန်ယူရမယ့် သဘောပါပဲ။ ဒါဆိုရင် ၁၈၈၄ ခုနှစ်က ဟယ်ရီ အက်ကင်ဆန်နောက်ပိုင်း ရာထူးသက်တမ်း အတိုဆုံး နယူးဇီလန် ဝန်ကြီးချုပ် အနေနဲ့ မှတ်တမ်းဆိုး ဝင်သွားပါလိမ့်မယ်။ အက်ကင်ဆန်ကတော့ နိုင်ငံရဲ့ ရွေးကောက်ခံ ခေါင်းဆောင်အဖြစ် ၈ ရက်သာ တာဝန် ထမ်းဆောင်ခဲ့ရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဧရာမ လှိုင်းလုံးကြီးတွေ ရိုက်ခတ်ခဲ့တာကြောင့် နယူးဇီလန်ရဲ့ မြို့တော်မှာ ဒေသခံတွေ ရာနဲ့ချီပြီး အရေးပေါ် ရွှေ့ပြောင်းစေခဲ့ရကြောင်း သိရပါတယ်။

နိုင်ငံတကာ

ရေနေ သတ္တဝါ တစ်ကောင်ကောင်ရဲ့ တိုက်ခိုက်မှုကြောင့် နယူးဇီလန်မှာ ကျင်းပနေတဲ့ ရေလွှာလျှောစီး ပြိုင်ပွဲ ဗိုလ်လုပွဲနေ့ အစီအစဉ်တွေကို ယာယီ ဆိုင်းငံ့ခဲ့ရပါတယ်။

နိုင်ငံတကာ

အိန္ဒိယရဲ့ ဘောလိဝုဒ် ရုပ်ရှင်ကြယ်ပွင့် မင်းသား ဂျိုးဆက် ဗီဂျေးဟာ တမီလ်နာဒူ ပြည်နယ်ရဲ့ ဝန်ကြီးချုပ် ရာထူးကို တရားဝင် စတင် ထမ်းဆောင်နေပြီ ဖြစ်ပါတယ်။

သတင်း

နယူးဇီလန်နိုင်ငံ အောက်ကလန်မြို့မှာ မြန်မာ့ဒီမိုကရေစီအင်အားစုတွေ ပူးပေါင်းပြီး နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေကြောင်း သက်သေပြဖို့အတွက် "Proof of life" ငြိမ်းချမ်းစွာ စုပေါင်းဆန္ဒပြတောင်းဆိုမှုကို ဒီကနေ့ (မေလ ၉ ရက်)က ပြုလုပ်ခဲ့ပါတယ်။