Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

နယူးဇီလန် ဝန်ကြီးချုပ် ရာထူးကို ဆက်ခံမယ့် ဟစ်ပ်ကင်စ်

အစောပိုင်းတုန်းက တရားရေးဝန်ကြီး ကီရီ အလန်ဟာ နိုင်ငံသမိုင်းမှာ ပထမဆုံး မော်ရီ တိုင်းရင်းသား မျိုးနွယ်ဝင် ဝန်ကြီးချုပ် ဖြစ်လာနိုင်ကြောင်း ခန့်မှန်းမှုတွေ ရှိခဲ့ပေမယ့် ဟစ်ပ်ကင်စ်ရဲ့ ဆက်ခံမှုကြောင့် အဲဒီ ဖြစ်နိုင်ခြေက အဆုံးသတ်သွားခဲ့ပါတယ်။

နယူးဇီလန် ဝန်ကြီးချုပ် ရာထူးကို ဆက်ခံမယ့် ဟစ်ပ်ကင်စ်
နယူးဇီလန် ဝန်ကြီးချုပ် ရာထူးကို ဆက်ခံမယ့် ဟစ်ပ်ကင်စ်

ရာထူးက နုတ်ထွက်တော့မယ့် နယူးဇီလန် ဝန်ကြီးချုပ် ဂျက်ဆင်ဒါ အားဒန်ရဲ့ နေရာမှာ လက်ရှိ အစိုးရ အဖွဲ့ဝင် ဝန်ကြီး တစ်ဦးဖြစ်တဲ့ ခရစ္စ ဟစ်ပ်ကင်စ်က အစားထိုး ဆက်ခံသွားမှာ ဖြစ်ပါတယ်။

အာဏာရ လေဘာပါတီရဲ့ အမတ်တွေထဲမှာ ဝန်ကြီးချုပ် တာဝန်ကို ယူရမယ့် ပါတီခေါင်းဆောင် နေရာအတွက် ဟစ်ပ်ကင်စ် တစ်ဦးတည်းက အဆိုတင်သွင်းခဲ့တယ်လို့ သိရပါတယ်။ သူဟာ အရမ်း ပင်ပန်းနေပြီဆိုတဲ့ အကြောင်းပြချက်နဲ့ ဝန်ကြီးချုပ် တာဝန်တွေကို စွန့်ခွာတော့မယ့် အားဒန်ရဲ့ နေရာမှာ ဖေဖော်ဝါရီ ၇ ရက်ကစပြီး အစားထိုး ဆက်ခံသွားမှာ ဖြစ်ပါတယ်။

အသက် ၄၄ နှစ်အရွယ် ဟစ်ပ်ကင်စ်ဟာ လက်ရှိမှာ နယူးဇီလန် အစိုးရရဲ့ ရဲလုပ်ငန်း၊ ပညာရေးနဲ့ ပြည်သူ့ရေးရာ ဝန်ကြီးအဖြစ် တာဝန် ယူထားသလို လွှတ်တော် ဥက္ကဋ္ဌ အနေနဲ့လည်း ခန့်အပ် ခံထားရပါတယ်။ သူဟာ ၂၀၀၈ ခုနှစ်မှာ လွှတ်တော် အမတ်အနေနဲ့ စတင်ရွေးကောက် ခံခဲ့ရပြီး ၂၀၂၀ နှစ်ကုန်ပိုင်းတုန်းက နိုင်ငံရဲ့ ကိုဗစ် ကပ်ရောဂါ တိုက်ဖျက်ရေး ဝန်ကြီးအဖြစ် ခန့်အပ် ခံခဲ့ရဖူးပါတယ်။

နယူးဇီလန်ကို ၅ နှစ်ခွဲလောက် ဝန်ကြီးချုပ်အဖြစ် တာဝန်ယူ ဦးဆောင်ခဲ့သူ အားဒန်ဟာ အံ့ဩစရာ အခြေအနေ တစ်ရပ်အဖြစ် ရာထူးက အနားယူတော့မယ်လို့ ကမ္ဘာသိ ကြေညာခဲ့ပါတယ်။ သူဟာ နိုင်ငံကို ဆက်လက် ဦးဆောင်ဖို့ လုံလောက်တဲ့ ရင်းမြစ်နဲ့ စွမ်းအင်တွေ မကျန်တော့ဘူးလို့ အားဒန်က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

နယူးဇီလန်မှ အောက်တိုဘာလကျရင် ရွေးကောက်ပွဲ ကျင်းပဖို့ ရှိနေတာကြောင့် ဟစ်ပ်ကင်စ် အနေနဲ့ ဝန်ကြီးချုပ်အဖြစ် ဘယ်လောက်ကြာကြာ တာဝန်ယူနိုင်မလဲ ဆိုတာ မသေချာသေးဘဲ ဖြစ်နေပါတယ်။ သူဟာ အားဒန်ရဲ့ အရိုက်အရာ ဆက်ခံသူအဖြစ် ဇန်နဝါရီ ၂၂ ရက်ကျရင် လွှတ်တော်ထဲက လေဘာပါတီ အမတ်တွေရဲ့ တရားဝင် ထောက်ခံ အသိအမှတ်ပြုမှု လိုအပ်ဦးမှာ ဖြစ်ပါတယ်။

အားဒန်ဟာ နယူးဇီလန် သမိုင်းမှာ အအောင်မြင်ဆုံး ခေါင်းဆောင်တစ်ဦး ဖြစ်ခဲ့ပေမယ့်လည်း အခုလပိုင်းတွေအတွင်း ကုန်စျေးနှုန်း မြင့်တက်မှုနဲ့ လူမှုကဏ္ဍ မညီမျှမှုတွေကြောင့် သူ့အပေါ် လူထု ထောက်ခံမှုဟာ ကြုံဖူးသမျှ အနိမ့်ဆုံး အခြေအနေထိ ပြန်ကျဆင်းနေတယ်လို့ ဆိုပါတယ်။ ဒါဟာ အားဒန် တစ်ဦးတည်းတင် မကဘဲ လေဘာပါတီ တစ်ခုလုံးအပေါ် လူကြိုက် နည်းလာမှုလည်း ဖြစ်ပါတယ်။

အစောပိုင်းတုန်းက တရားရေးဝန်ကြီး ကီရီ အလန်ဟာ နိုင်ငံသမိုင်းမှာ ပထမဆုံး မော်ရီ တိုင်းရင်းသား မျိုးနွယ်ဝင် ဝန်ကြီးချုပ် ဖြစ်လာနိုင်ကြောင်း ခန့်မှန်းမှုတွေ ရှိခဲ့ပေမယ့် ဟစ်ပ်ကင်စ်ရဲ့ ဆက်ခံမှုကြောင့် အဲဒီ ဖြစ်နိုင်ခြေက အဆုံးသတ်သွားခဲ့ပါတယ်။

တကယ်လို့ လာမယ့် ရွေးကောက်ပွဲမှာ လေဘာပါတီသာ အရေးနိမ့်ခဲ့မယ်ဆိုရင် ဟစ်ပ်ကင်စ်ဟာ ဝန်ကြီးချုပ်အဖြစ် ၈ လ သာ တာဝန်ယူရမယ့် သဘောပါပဲ။ ဒါဆိုရင် ၁၈၈၄ ခုနှစ်က ဟယ်ရီ အက်ကင်ဆန်နောက်ပိုင်း ရာထူးသက်တမ်း အတိုဆုံး နယူးဇီလန် ဝန်ကြီးချုပ် အနေနဲ့ မှတ်တမ်းဆိုး ဝင်သွားပါလိမ့်မယ်။ အက်ကင်ဆန်ကတော့ နိုင်ငံရဲ့ ရွေးကောက်ခံ ခေါင်းဆောင်အဖြစ် ၈ ရက်သာ တာဝန် ထမ်းဆောင်ခဲ့ရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဝန်ကြီးချုပ် ဦးဆောင်သည့် ချင်းပြည်အစိုးရ သည် ဧပြီ ၁၃ရက်မှ ၁၉ရက်အတွင်း ချင်းပြည်နယ်အတွင်းရှိ ဇိုဖေ၊ လောက်တူ၊ ဇိုတုန်နှင့် ဆဲန်ထန်ဒေသများသို့ သွားရောက်စဉ် အထက်ပါအတိုင်း ပြောကြားခဲ့သည်ဟု ချင်းပြည်အစိုးရက ထုတ်ပြန်သည်။

သတင်း

ယနေ့ (ဧပြီ ၁၆ရက်) တွင် ကျရောက်သည့် NUG ဖွဲ့စည်းမှု ၃နှစ်ပြည့်တွင် ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မိန့်ခွန်းပြောကြားခဲ့ရာ ယခုကဲ့သို့ ထည့်သွင်း ပြောကြားခဲ့သည်။

နိုင်ငံတကာ

လောလောဆယ် စင်ကာပူ အစိုးရ အဖွဲ့ထဲမှာ ဘဏ္ဍာရေး ဝန်ကြီးအဖြစ်လည်း တာဝန်ယူထားတဲ့ ဝေါင်ဟာ နိုင်ငံသမိုင်းမှာ စတုတ္ထမြောက် ဝန်ကြီးချုပ် ဖြစ်လာမှာပါ။

သတင်း

ယာယီသမ္မတထံသို့ ဝန်ကြီးဦးရည်မွန်က သွားရောက်တင်ပြခဲ့ပြီး ဒုဝန်ကြီး နိုင်ကောင်းရွက်က ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းတို့ထံ တင်ပြခဲ့သည်ဟု အသိပေးသည်။