Connect with us

Hi, what are you looking for?

သတင်း

မတူပီငလိုင်ရွာခံ ၂ဦးကိုစစ်ကောင်စီတပ်သတ်ဖြတ်သွားဟု မိသားစုဝင်ပြော

မတူပီမြို့နယ် ငလိုင်ရွာအနီးရှိ မတူပီ ချင်းကာကွယ်ရေးတပ်(CDF) စခန်းကို စစ်ကောင်စီက ဝင်ရောက်စီးနင်းစဉ်အပြန်အလှန် ပစ်ခတ်မှုဖြစ်ခဲ့ပြီး နှစ်ဖက် ကျဆုံးထိခိုက်ရှိခဲ့သည်။

(စစ်​ကောင်စီတပ်၏ သတ်ဖြတ်မှုခံခဲ့ရ​​သောဦးဗန်ဘိတ်နှင့် ဦးလက်ဗ်လျန်ပါ။ ဓါတ်ပုံ-​ပေးပို့)
(စစ်​ကောင်စီတပ်၏ သတ်ဖြတ်မှုခံခဲ့ရ​​သောဦးဗန်ဘိတ်နှင့် ဦးလက်ဗ်လျန်ပါ။ ဓါတ်ပုံ-​ပေးပို့)

▪︎စစ်ကောင်စီက အကြမ်းဖက်သတ်ဖြတ်မှုများဆက်လုပ်လာနိုင်၍ အထူးဂရုပြုရန် မတူပီ ပအဖ သတိပေး

ချင်းပြည်နယ် မတူပီမြို့နယ် ငလိုင်ရွာကို စစ်ကောင်စီတပ် ဝင်ရောက်စီးနင်းစဉ် ပြည်သူ ၂ဦးကို သတ်ဖြတ်သွားကြောင်း သတ်ဖြတ်ခံရသူနှစ်ဦး၏ မိသားစုဝင်တစ်ဦးက ပြောသည်။

“နာမည်က ဦဗန်ဘိတ် နှင့် ဦးလက်ဗ်လျန်ပါ။ ဦးလက်ဗ်လျန်က ကျနော့ရဲ့အကိုပါ။ ဦးဗန်ဘိတ်က ကျွန်တော်ဦးလေးဖြစ်ပါတယ်။ ပြည်သူစစ်စစ်ပါ” ဟု ဒေသခံက ပြောပြသည်။

ဇန်နဝါရီ ၁၅ရက်က စစ်ကောင်စီတပ်ကအင်အားအလုံးအရင်းဖြင့် ဝင်ရောက်စီးနင်းခဲ့ရာ အပြစ်မဲ့ ပြည်သူ ၂ဦးကို ဖမ်းဆီးသတ်ဖြတ်ကြောင်း၊ ယင်းအနက် တစ်ဦးကို နေအိမ်နှင့်အတူမီးရှုံခဲ့ပြီး ကျန်တစ်ဦးကို ငလိုင် သင်္ချိုင်း၌ စွန့်ပစ်သွားကြောင်း မတူပီ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ က ဇန်နဝါရီ ၂၂ရက်တွင် အသိပေးထားသည်။

(စစ်​ကောင်စီတပ်၏ သတ်ဖြတ်မှုခံခဲ့ရ​​သောဦးဗန်ဘိတ်နှင့် ဦးလက်ဗ်လျန်ပါ။ ဓါတ်ပုံ-​ပေးပို့)
(စစ်​ကောင်စီတပ်၏ သတ်ဖြတ်မှုခံခဲ့ရ​​သောဦးဗန်ဘိတ်နှင့် ဦးလက်ဗ်လျန်ပါ။ ဓါတ်ပုံ-​ပေးပို့)

ငလိုင်ဒေသ၌ နောက်ထပ်ရုပ်အလောင်း ၄လောင်းကို တွေ့ရသော်လည်း မီးရှို့ထား၍ စစ်ကောင်စီတပ်ဖွဲ့ဝင်လား ၊ ပြည်သူလားဆိုသည်ကို အတိအကျ မသိရသေးဟု ဒေသခံက ပြောသည်။

Public Service Announcement

Public Service Announcement

မတူပီမြို့နယ် ငလိုင်ရွာအနီးရှိ မတူပီ ချင်းကာကွယ်ရေးတပ်(CDF) စခန်းကို စစ်ကောင်စီက ဝင်ရောက်စီးနင်းစဉ်အပြန်အလှန် ပစ်ခတ်မှုဖြစ်ခဲ့ပြီး နှစ်ဖက် ကျဆုံးထိခိုက်ရှိခဲ့သည်။

စစ်ကောင်စီတပ်သည် ငလိုင်ရွာမှ နေအိမ်များ၊ ဘုရားကျောင်းများကို မီးရှို့ခြင်း၊ ဖျက်စီးခြင်းများ လုပ်ဆောင်ခဲ့သည့်အပြင် ပြည်သူလူထုပိုင်ပစ္စည်းများ ယူဆောင်သွားသည်ဟု ဆိုသည်။

မတူပီ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် စစ်ကောင်စီတပ်သည် ပြည်သူလူထုနေအိမ်များကို ဘူဒိုဇာဖြင့် ထိုး၍ ဖျက်ဆီးခြင်း၊ပြည်သူလူထုပိုင်ပစ္စည်းများ ခိုးယူခြင်းများ ကျူးလွန်ခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်က ပြည်သူလူထုများအား သတ်ဖြတ်မှု ကျူးလွန်ခဲ့ခြင်းအတွက် တာဝန်ရှိသူအားလုံး တာဝန်ယူရမည်ဖြစကြောင်းနှင့် ယင်းသို့ လုပ်ဆောင်ချက်အပေါ် ပြင်းထန်စွာ ရှုတ်ချကြောင်း မတူပီ ပအဖက ထုတပြန်သည်။

မတူပီမြို့နယ်အတွင်း စစ်ကောင်စီတပ်များက အကြမ်းဖက်သတ်ဖြတ်မှုများနှင့် ဓားပြတိုက်မှုများ ဆက်လက်ကျူးလွန်လာနိုင်၍ ပြည်သူများ အနေဖြင့် အထူးဂရုစိုက် သွားလာနေထိုင်ကြရန် မတူပီ ပအဖက တိုက်တွန်းထားသည်။

စစ်ကောင်စီ၏ ကျူးလွန်မှုများအား တုံ့ပြန်နိုင်ရန် မတူပီပအဖနှင့် မတူပီ ချင်းကာကွယ်ရေးတပ်(CDF)များက အလေးထား ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ခဲ့ပြီး စစ်ကောင်စီတပ်သားများ၏ စစ်ရေးလှုပ်ရှားမှု သတင်းများအား မတူပီ CDF ထံ သတင်းပေးပို့ခြင်းဖြင့် ပူးပေါင်းပါဝင်ကူညီပေးရန် မေတ္တာရပ်ခံခဲ့သည်။

မတူပီ CDF အနေဖြင့် စစ်ကောင်စီတပ်၏ စီးနင်းမှုအပေါ် တုံ့ပြန်သည့်အနေဖြင့် ဇန်နဝါရီ ၂၁ရက်တွင် မတူပီ – ဟားခါးလမ်းနှင့် မတူပီ – မင်းတပ်လမ်းရှိ စစ်ကောင်စီ ပစ်မှတ်နေရာ ၅နေရာကို ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ အဆိုပါ တိုက်ခိုက်မှုများအတွင်း စစ်ကောင်စီတပ်က ၁၇ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူများစွာရှိခဲ့ကြောင်း ဖော်ပြထားသည်။ အထိနာသည့် စစ်ကောင်စီတပ်က တုံ့ပြန်တိုက်ခိုက်မှုများ၊ နယ်မြေရှင်းလင်းမှုများ လုပ်ဆောင်လာနိုင်၍ တိုက်ပွဲပြင်းထန်လာနိုင်ကြောင်း မတူပီ CDF ပြောရေးဆိုခွင့်ရှိသူက ယမန်နေ့တွင် ပြောကြားထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ် မောင်တောမြို့နယ် အောင်သုခကျေးရွာမှာ ၂ နှစ်ကျော်အရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်၊ သတ်ဖြတ်ခဲ့တဲ့ အသက် ၁၆ နှစ်အရွယ် မောင်ပေါက်စချေဆိုသူကို သက်ငယ်မုဒိမ်းမှု၊ လူသတ်မှုတို့နဲ့ အာရက္ခတပ်တော်(AA)ရဲ့ မောင်တောခရိုင်တရားရုံးက ထောင်ဒဏ် ၁၀နှစ်ချမှတ်လိုက်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုနဲ့ စစ်ကြောင်းထိုး သတ်ဖြတ်မှုတွေကြောင့် ၄လအတွင်း စိတ်ကျန်းမာရေးမကောင်းသူတွေ အပါအဝင် ပြည်သူ ၁၅ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းတိုင်းရင်းသား ခရစ်ယာန် သင်းအုပ်ဆရာ တစ်ဦးကို အာဏာသိမ်း မြန်မာစစ်တပ်က သတ်ဖြတ်ခဲ့ကြောင်း Burma Research Institute (BRI)က ပြောဆိုခဲ့ပြီး စစ်တပ်ရဲ့ ဖိနှိပ်မှုကို ခံနေရတဲ့ မြန်မာ ခရစ်ယာန် အသိုက်အဝန်းကို ကူညီ ကာကွယ်ပေးဖို့ အမေရိကန် အစိုးရကို တိုက်တွန်း တောင်းဆိုခဲ့ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။