Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မတူပီငလိုင်ရွာခံ ၂ဦးကိုစစ်ကောင်စီတပ်သတ်ဖြတ်သွားဟု မိသားစုဝင်ပြော

မတူပီမြို့နယ် ငလိုင်ရွာအနီးရှိ မတူပီ ချင်းကာကွယ်ရေးတပ်(CDF) စခန်းကို စစ်ကောင်စီက ဝင်ရောက်စီးနင်းစဉ်အပြန်အလှန် ပစ်ခတ်မှုဖြစ်ခဲ့ပြီး နှစ်ဖက် ကျဆုံးထိခိုက်ရှိခဲ့သည်။

(စစ်​ကောင်စီတပ်၏ သတ်ဖြတ်မှုခံခဲ့ရ​​သောဦးဗန်ဘိတ်နှင့် ဦးလက်ဗ်လျန်ပါ။ ဓါတ်ပုံ-​ပေးပို့)
(စစ်​ကောင်စီတပ်၏ သတ်ဖြတ်မှုခံခဲ့ရ​​သောဦးဗန်ဘိတ်နှင့် ဦးလက်ဗ်လျန်ပါ။ ဓါတ်ပုံ-​ပေးပို့)

▪︎စစ်ကောင်စီက အကြမ်းဖက်သတ်ဖြတ်မှုများဆက်လုပ်လာနိုင်၍ အထူးဂရုပြုရန် မတူပီ ပအဖ သတိပေး

ချင်းပြည်နယ် မတူပီမြို့နယ် ငလိုင်ရွာကို စစ်ကောင်စီတပ် ဝင်ရောက်စီးနင်းစဉ် ပြည်သူ ၂ဦးကို သတ်ဖြတ်သွားကြောင်း သတ်ဖြတ်ခံရသူနှစ်ဦး၏ မိသားစုဝင်တစ်ဦးက ပြောသည်။

“နာမည်က ဦဗန်ဘိတ် နှင့် ဦးလက်ဗ်လျန်ပါ။ ဦးလက်ဗ်လျန်က ကျနော့ရဲ့အကိုပါ။ ဦးဗန်ဘိတ်က ကျွန်တော်ဦးလေးဖြစ်ပါတယ်။ ပြည်သူစစ်စစ်ပါ” ဟု ဒေသခံက ပြောပြသည်။

ဇန်နဝါရီ ၁၅ရက်က စစ်ကောင်စီတပ်ကအင်အားအလုံးအရင်းဖြင့် ဝင်ရောက်စီးနင်းခဲ့ရာ အပြစ်မဲ့ ပြည်သူ ၂ဦးကို ဖမ်းဆီးသတ်ဖြတ်ကြောင်း၊ ယင်းအနက် တစ်ဦးကို နေအိမ်နှင့်အတူမီးရှုံခဲ့ပြီး ကျန်တစ်ဦးကို ငလိုင် သင်္ချိုင်း၌ စွန့်ပစ်သွားကြောင်း မတူပီ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ က ဇန်နဝါရီ ၂၂ရက်တွင် အသိပေးထားသည်။

(စစ်​ကောင်စီတပ်၏ သတ်ဖြတ်မှုခံခဲ့ရ​​သောဦးဗန်ဘိတ်နှင့် ဦးလက်ဗ်လျန်ပါ။ ဓါတ်ပုံ-​ပေးပို့)
(စစ်​ကောင်စီတပ်၏ သတ်ဖြတ်မှုခံခဲ့ရ​​သောဦးဗန်ဘိတ်နှင့် ဦးလက်ဗ်လျန်ပါ။ ဓါတ်ပုံ-​ပေးပို့)

ငလိုင်ဒေသ၌ နောက်ထပ်ရုပ်အလောင်း ၄လောင်းကို တွေ့ရသော်လည်း မီးရှို့ထား၍ စစ်ကောင်စီတပ်ဖွဲ့ဝင်လား ၊ ပြည်သူလားဆိုသည်ကို အတိအကျ မသိရသေးဟု ဒေသခံက ပြောသည်။

Public Service Announcement

Public Service Announcement

မတူပီမြို့နယ် ငလိုင်ရွာအနီးရှိ မတူပီ ချင်းကာကွယ်ရေးတပ်(CDF) စခန်းကို စစ်ကောင်စီက ဝင်ရောက်စီးနင်းစဉ်အပြန်အလှန် ပစ်ခတ်မှုဖြစ်ခဲ့ပြီး နှစ်ဖက် ကျဆုံးထိခိုက်ရှိခဲ့သည်။

စစ်ကောင်စီတပ်သည် ငလိုင်ရွာမှ နေအိမ်များ၊ ဘုရားကျောင်းများကို မီးရှို့ခြင်း၊ ဖျက်စီးခြင်းများ လုပ်ဆောင်ခဲ့သည့်အပြင် ပြည်သူလူထုပိုင်ပစ္စည်းများ ယူဆောင်သွားသည်ဟု ဆိုသည်။

မတူပီ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် စစ်ကောင်စီတပ်သည် ပြည်သူလူထုနေအိမ်များကို ဘူဒိုဇာဖြင့် ထိုး၍ ဖျက်ဆီးခြင်း၊ပြည်သူလူထုပိုင်ပစ္စည်းများ ခိုးယူခြင်းများ ကျူးလွန်ခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်က ပြည်သူလူထုများအား သတ်ဖြတ်မှု ကျူးလွန်ခဲ့ခြင်းအတွက် တာဝန်ရှိသူအားလုံး တာဝန်ယူရမည်ဖြစကြောင်းနှင့် ယင်းသို့ လုပ်ဆောင်ချက်အပေါ် ပြင်းထန်စွာ ရှုတ်ချကြောင်း မတူပီ ပအဖက ထုတပြန်သည်။

မတူပီမြို့နယ်အတွင်း စစ်ကောင်စီတပ်များက အကြမ်းဖက်သတ်ဖြတ်မှုများနှင့် ဓားပြတိုက်မှုများ ဆက်လက်ကျူးလွန်လာနိုင်၍ ပြည်သူများ အနေဖြင့် အထူးဂရုစိုက် သွားလာနေထိုင်ကြရန် မတူပီ ပအဖက တိုက်တွန်းထားသည်။

စစ်ကောင်စီ၏ ကျူးလွန်မှုများအား တုံ့ပြန်နိုင်ရန် မတူပီပအဖနှင့် မတူပီ ချင်းကာကွယ်ရေးတပ်(CDF)များက အလေးထား ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ခဲ့ပြီး စစ်ကောင်စီတပ်သားများ၏ စစ်ရေးလှုပ်ရှားမှု သတင်းများအား မတူပီ CDF ထံ သတင်းပေးပို့ခြင်းဖြင့် ပူးပေါင်းပါဝင်ကူညီပေးရန် မေတ္တာရပ်ခံခဲ့သည်။

မတူပီ CDF အနေဖြင့် စစ်ကောင်စီတပ်၏ စီးနင်းမှုအပေါ် တုံ့ပြန်သည့်အနေဖြင့် ဇန်နဝါရီ ၂၁ရက်တွင် မတူပီ – ဟားခါးလမ်းနှင့် မတူပီ – မင်းတပ်လမ်းရှိ စစ်ကောင်စီ ပစ်မှတ်နေရာ ၅နေရာကို ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ အဆိုပါ တိုက်ခိုက်မှုများအတွင်း စစ်ကောင်စီတပ်က ၁၇ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူများစွာရှိခဲ့ကြောင်း ဖော်ပြထားသည်။ အထိနာသည့် စစ်ကောင်စီတပ်က တုံ့ပြန်တိုက်ခိုက်မှုများ၊ နယ်မြေရှင်းလင်းမှုများ လုပ်ဆောင်လာနိုင်၍ တိုက်ပွဲပြင်းထန်လာနိုင်ကြောင်း မတူပီ CDF ပြောရေးဆိုခွင့်ရှိသူက ယမန်နေ့တွင် ပြောကြားထားသည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။