Connect with us

Hi, what are you looking for?

သတင်း

‘နန်းထိုက်အောင်စစ်ဆင်ရေး’အဖြစ် မင်းလှမြို့နယ်မှ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးကို ပစ်ခတ်ရှင်းလင်း

ယမန်နေ့(ဇန်နဝါရီ ၂၉)ည ၁၁ နာရီ ၂၀မိနစ်ခန့်က မင်းလှမြို့နယ် ခွက်မကျေးရွာအုပ်စုမှ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ထွန်းဝင်းဆိုသူအား ငလှစမ်းကျေးရွာ၌ ဖဲရိုက်နေစဥ် သေနတ်ဖြင့် သုံးချက် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဆို သည်။

စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ထွန်းဝင်း(ပုံဟောင်း)
စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ထွန်းဝင်း(ပုံဟောင်း)

ပဲခူးတိုင်း မင်းလှမြို့နယ်မှ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတစ်ဦးကို ‘နန်းထိုက်အောင်စစ်ဆင်ရေး’ အဖြစ် ပတ်ခတ်ရှင်းလင်းလိုက်ကြောင်း သာယာဝတီခရိုင် PDF ဂဋ္ဌုန်တပ်ဖွဲ့က ပြောသည်။

ယမန်နေ့(ဇန်နဝါရီ ၂၉)ည ၁၁ နာရီ ၂၀မိနစ်ခန့်က မင်းလှမြို့နယ် ခွက်မကျေးရွာအုပ်စုမှ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ထွန်းဝင်းဆိုသူအား ငလှစမ်းကျေးရွာ၌ ဖဲရိုက်နေစဥ် သေနတ်ဖြင့် သုံးချက် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဆို သည်။

Public Service Announcement
Public Service Announcement

“ထွန်းဝင်းဟာ ပြည်သူလူထုအပေါ် အမျိုးမျိုးခေါင်းစဥ်တပ် ဖမ်းဆီးနှိပ်စက် ငွေကြေးတောင်းခံတာ၊ လောင်း ကစားပေါင်းစုံလုပ်ပြီး စစ်ကောင်စီကို ငွေကြေးထောက်ပံ့တာတွေ လုပ်ဆောင်နေသူဖြစ်ပါတယ်”ဟု သာယာဝတီဂဋ္ဌုန်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထိုကဲ့သို့ စစ်ကောင်စီနှင့် ၎င်း၏ထောက်တိုင်များအား ဆက်လက်တိုက်ခိုက်ပြီး တော်လှန်ရေးအောင်မြင်အောင်လုပ်ဆောင်နိုင်စေရန် ပြည်သူများယခင်ထက် ပိုမိုထောက်ပံ့ကူညီကြရန် အထက်ပါတာဝန်ရှိသူက ပန်ကြားသည်။

Public Service Announcement

Public Service Announcement

အထက်ပါ စစ်ဆင်ရေးအား မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် ဂဋ္ဌုန်တပ်ဖွဲ့ တပ်ခွဲ (၃)တို့ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်ခန့်အုပ်ချုပ်​ရေးမှူးကဦး​ဆောင်ပျူအဖွဲ့ ဖွဲ့ထားချိန်ယခုဖြစ်စဥ်ဖြစ်ခဲ့ဟုဒေသခံအချို့​ပြော

သတင်း

မကွေးတိုင်း၊မင်းတုန်းမြို့နယ်ကနေ မင်းလှမြို့နယ် ရှမ်းတပ်စခန်းကို လာတဲ့ စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်ရာ စစ်တပ်ဘက်က​သေဆုံးထိခိုက်မှုများပြီး စစ်ကားတစ်စီး၊မီးစက်တစ်လုံးနဲ့ စစ်သုံးပစ္စည်း​​တွေသိမ်းဆည်းရရှိခဲ့တယ်လို့ ဗမာပြည်ကာကွယ်ရေးတပ်-USBA ကထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ ဆောမြို့နယ်က စစ်ဆင်ရေးအတွင်းမှာ အာဏာသိမ်းစစ်တပ်ထံက လက်နက်ခဲယမ်းတွေ သိမ်းရထားတယ်လို့ ဂန့်ဂေါခရိုင်စစ်ရေးတာ၀န်ရှိသူက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ မိတ္တီလာမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဖို့ လူငယ်တွေအမြန်ပို့ဖို့ တောင်းခံပြီးနောက် စစ်မှုထမ်း လူစုပေးနေတဲ့ အုပ်ချုပ်ရေးမှူးနဲ့ညီဖြစ်သူတို့ ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။