ပဲခူးတိုင်း မင်းလှမြို့နယ်မှ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတစ်ဦးကို ‘နန်းထိုက်အောင်စစ်ဆင်ရေး’ အဖြစ် ပတ်ခတ်ရှင်းလင်းလိုက်ကြောင်း သာယာဝတီခရိုင် PDF ဂဋ္ဌုန်တပ်ဖွဲ့က ပြောသည်။
ယမန်နေ့(ဇန်နဝါရီ ၂၉)ည ၁၁ နာရီ ၂၀မိနစ်ခန့်က မင်းလှမြို့နယ် ခွက်မကျေးရွာအုပ်စုမှ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ထွန်းဝင်းဆိုသူအား ငလှစမ်းကျေးရွာ၌ ဖဲရိုက်နေစဥ် သေနတ်ဖြင့် သုံးချက် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဆို သည်။

“ထွန်းဝင်းဟာ ပြည်သူလူထုအပေါ် အမျိုးမျိုးခေါင်းစဥ်တပ် ဖမ်းဆီးနှိပ်စက် ငွေကြေးတောင်းခံတာ၊ လောင်း ကစားပေါင်းစုံလုပ်ပြီး စစ်ကောင်စီကို ငွေကြေးထောက်ပံ့တာတွေ လုပ်ဆောင်နေသူဖြစ်ပါတယ်”ဟု သာယာဝတီဂဋ္ဌုန်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Public Service Announcement
ထိုကဲ့သို့ စစ်ကောင်စီနှင့် ၎င်း၏ထောက်တိုင်များအား ဆက်လက်တိုက်ခိုက်ပြီး တော်လှန်ရေးအောင်မြင်အောင်လုပ်ဆောင်နိုင်စေရန် ပြည်သူများယခင်ထက် ပိုမိုထောက်ပံ့ကူညီကြရန် အထက်ပါတာဝန်ရှိသူက ပန်ကြားသည်။
အထက်ပါ စစ်ဆင်ရေးအား မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် ဂဋ္ဌုန်တပ်ဖွဲ့ တပ်ခွဲ (၃)တို့ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း အသိပေးထားသည်။
