Connect with us

Hi, what are you looking for?

သတင်း

မင်းလှနဲ့ လက်ပံတန်းတိုက်ပွဲ​တွေမှာ စစ်တပ်​သေဆုံးထိခိုက်မှုများ

ရဲကွန်မန်ဒို စစ်ကြောင်းမှူးပါဒဏ်ရာအပြင်းအထန်ရဟုသာယာ၀တီခရိုင်စစ်ရေးတာ၀န်ရှိသူ​ပြော

(ပဲခူးတိုင်းအနောက်ခြမ်းက မင်းလှနဲ့ လက်ပံတန်းမြို့နယ်တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်ထံက သိမ်းရတဲ့ လက်နက်ခဲယမ်းတွေ။ ဓာတ်ပုံ - PDF)

စက်တင်ဘာ -၂၂၊၂၀၂၆။မိုမို/People’s Spring

ပဲခူးတိုင်းအနောက်ခြမ်းက မင်းလှ နဲ့ လက်ပံတန်းမြို့နယ်တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်သေဆုံးသူ ၃၀ ​ကျော်ရှိပြီး စစ်တပ်မှရဲကွန်မန်ဒိုစစ်ကြောင်းမှူးပါဒဏ်ရာအပြင်းအထန်ရခဲ့တယ်လို့ ဒေသခံ စစ်ရေးသတင်းရင်းမြစ်အချို့က ‌ပြောပါတယ်။

မင်းလှနဲ့ လက်ပံတန်းမြို့နယ်မှာ စစ်တပ်၊ရဲကွန်မန်ဒို ၊ ပြည်သူ့စစ် စုဖွဲ့ထားတဲ့ အင်အား ၄၀၀ ၀န်းကျင်နဲ့ စစ်ကြောင်းထိုးလာတာကြောင့် ဩဂုတ်လလယ်ကစပြီး တိုက်ပွဲတွေဖြစ်နေကာ လက်ရှိအချိန်ထိလည်း စစ်ဆိုင်ထားတယ်လို့ာဆိုပါတယ်။

“ထိတွေ့တိုက်ပွဲ ၇ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပါတယ်။ရဲကွန်မန်ဒို စစ်နိုင်(စစ်ကြောင်းမှူး) ဆီးခုံ ထိခိုက်သေနတ်ဒဏ်ရာ အပြင်းအထန်ရတယ်။ သတင်းဖုံးထားပါတယ်။ရန်သူဘက်က ၃၂ ဦး ၀န်းကျင်သေဆုံးတယ်”လို့ သာယာ၀တီခရိုင်က စစ်ရေးတာ၀န်ရှိသူတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် စစ်တပ် ဒရုန်းအဖွဲ့က ကိုယ့်အဖွဲ့ကို ဗုံးပြန်ပြီးကြဲမိလို့ သေဆုံးထိခိုက်မှုတွေရှိတယ်လို့လည်း ဆိုပါတယ်။ စစ်တပ်ရဲ့ ထိခိုက်သေဆုံးမှုတွေနဲ့ပတ်သက်ပြီး လူထုနွေဦးက သီးခြားအတည်မပြုနိုင်ပါဘူး။

တိုက်ပွဲအတွင်း တော်လှန်ရေးတပ်ကလည်း ရဲဘော် ၂ ဦး ကျဆုံးပြီး ပြည်သူ ၁ဦး စစ်တပ်ရဲ့ ဒရုန်းကြောင့် သေဆုံးရပါတယ်လို့ သိရပါတယ်။

စစ်တပ်ဟာ လက်ပံတန်းမြို့ရဲ့ အရှေ့မြောက်ဘက်ခြမ်းမှာရှိတဲ့ ထန်းပင်ချောင်ကျေးရွာ အထိုင်စခန်းက လက်နက်ကြီး(ဟောင်ဝှစ်ဇာ)နဲ့ ရေငံကျေးရွာအထိုင်ချစခန်းက ဒရုန်းတွေနဲ့ တိုက်ခိုက်နေတယ်လို့လည်း လက်ပံတန်းမြို့နယ် စစ်ရေးသတင်းရင်းမြစ်က ဆိုပါတယ်။

ဒါ့အပြင် စစ်ကြောင်းရဲ့အင်အားတချို့က မင်းလှမြို့နယ်က ဦတိုတာကလေးရွာကို ပြန်ဆုတ်ခွာထားတယ်လို့ သိရပါတယ်။

စစ်တပ်စစ်ကြောင်းဟာ ကျေးရွာတချို့နဲ့ စစ်ရှောင် တောတိုက်တွေကို မီးရှို့တာ ၊အရပ်သားပြည်သူတွေကို ဖမ်းဆီးနှိပ်စက်တာ၊ ကျေးရွာတွေက ပြည်သူတွေကို အပြင်ထွက် စစ်ရှောင်ခွင့်မပြုဘဲ လူသားဒိုင်း ထားရှိတာတွေလုပ်ခဲ့တယ်လို့လည်း ဒေသခံ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

“လက်ပံတန်းမြို့နယ်ကို ဝင်တဲ့အခါမှာ ရန်ကုန်ကျောင်း(ဘုန်းကြီးကျောင်) အနီးက စစ်ရှောင်တွေ စုနေကြတဲ့ ‌ရွာတန်းကို မီးရှို့ပါတယ်။ရန်ကုန်ကျောင်း (ဘုန်းကြီးကျောင်း)ကိုလည်း မီးရှို့ဖျက်ဆီးသွားပါတယ်။ စစ်ရှောင်ဦးရေ က အနီးအနားရွာတွေရောဆိုရင်တစ်ထောင်ကျော်ရှိပါလိမ့်မယ်။ ခန့်မှန်းပဲသိရပါတယ်”လို့ သူက ပြောပါတယ်။

တော်လှန်ရေးအားကောင်းတဲ့ ပဲခူးရိုးမအနောက်ခြမ်းက လက်ပံတန်း၊မင်းလှ၊အုတ်ဖို၊နတ်တလင်း မြို့နယ်ကို နယ်မြေအသာစီးရယူဖို့ အာဏာသိမ်းစစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ အပြန်အလှန်ကြိုးစားနေပါတယ်။

ဒါကြောင့် တိုက်ပွဲတွေ မကြာခဏ ဖြစ်နေပြီး ရန်ကုန်-ပြည် ကားလမ်းဘေးက စစ်တပ် ဂိတ်စခန်းတွေ၊ ကျေးရွာအချို့က စခန်းတွေနဲ့ စစ်တပ်ဂိတ်စခန်းတွေ အပါအ၀င် လက်ပံတန်းမြို့နယ်၊ ဆင်တလင်းကျေးရွာရှိ စစ်တပ်အထိုင်စခန်းကြီးတစ်ခုကို ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းမှာ တော်လှန်ရေးတပ်တွေက သိမ်းပိုက်ခဲ့ပါတယ်။

လက်ပံတန်းမြို့နယ်မှာ စစ်တပ်က တပ်မ(၆၆)လက်အောက်ခံတပ်ရင်းတွေ၊ ပြည်သူ့စစ်တွေနဲ့ တော်လှန်ရေးတပ်တွေကို ခုခံတာနဲ့ တန်ပြန်ထိုးစစ်ဆင်တာတွေ လုပ်နေတာဖြစ်ပါတယ်။

လက်ရှိ မင်းလှနဲ့ လက်ပံတန်းမြို့နယ် နေရာ ၂ခုကို စစ်ကြောင်း ဖြန့်ကျက်ထိုးနေတဲ့ စစ်တပ်ကို သာယာဝတီခရိုင်တပ်ရင်း (၃)ရဲ့ တပ်ခွဲ ၁၊တပ်ခွဲ ၂ ၊သာယာဝတီခရိုင်တပ်ရင်း (၂) တပ်ခွဲ ၂၊တပ်ခွဲ ၃ ၊ လက်ပံတန်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ ရန်ကုန်စစ်ကြောင်း၊ မဟာစစ်ကြောင်းစတဲ့ တပ်ရင်းတပ်ဖွဲ့တွေ ပူးပေါင်းခုခံ တိုက်ခိုက်နေတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်သားအ​လောင်း၃၀​ကျော်ရပြီးစစ်တပ်စစ်​ကြောင်း​နောက်ပြန်ဆုတ်သွား

သတင်း

စစ်တပ်က ရန်ကုန်နဲ့ ဧရာဝတီတိုင်းချိတ်ဆက်ထားတဲ့ အဝေးပြေးလမ်းကိုအသုံးပြုပြီး စစ်လက်နက်ပစ္စည်းတွေကားနဲ့သယ်ယူပို့ဆောင်နေတဲ့အတွက် ခရီးသွားတွေသတိပြုသွားလာကြဖို့ မျက်မြင်တွေ့ရှိသူတွေက သတိပေးကြပါတယ်။

သတင်း

အမြန်လမ်းက တောင်ငူ - အုတ်တွင်းမြို့လမ်းပိုင်းက ကျေးရွာတွေမှာ တိုက်ပွဲထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ မိတ္ထီလာမြို့က စစ်တပ် ၃ခုဆုံတဲ့နေရာအနီးမှာ အိုးဝေသမားတစ်ဦးကို လူငယ်တွေက သံချွန်နဲ့ထိုးပြီး လုယက်မှုဖြစ်ပွားခဲ့ပါတယ်။

Facebook