Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းတိုင်းတွင် နေအိမ်မီးရှို့ခံရသည့်ပြည်သူများအတွက် နေအိမ်တစ်ထောင်ဆောက်လုပ် လှူဒါန်းပေး

စစ်ကိုင်းတိုင်းအတွင်းရှိ မီးဘေးသင့်ပြည်သူများ နေထိုင်ရန် အိမ်အလုံး တစ်ထောင် တည်ဆောက် နေပြီး ယခုအချိန်ထိ အိမ်အလုံးပေါင်း ၃၀၀ကျော်ဆောက်လုပ်လှူဒါန်းထားပြီးဖြစ်ကြောင်း S&C အဖွဲ့က ပြောသည်။

S&C က ပြန်လည်ဆောက်လုပ်လှူဒါန်းပေးနေသောနေအိမ်များ၊ ဓာတ်ပုံ-S&C
S&C က ပြန်လည်ဆောက်လုပ်လှူဒါန်းပေးနေသောနေအိမ်များ၊ ဓာတ်ပုံ-S&C

▪️နေအိမ်၆၀၀ ကျော်အတွက် ပူးပေါင်းပါဝင်လှူဒါန်းပေးရန် မေတ္တာရပ်ခံ

စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ကောင်စီတပ်မီးရှို့ဖျက်ဆီးသွားသည့် နေအိမ်ပိုင်ရှင်များအတွက် နေအိမ်အလုံးတစ်ထောင် ပြန်လည်တည်ဆောက် လှူဒါန်းပေးနေကြောင်း S&C မီးဘေးစစ်ဘေးပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့က ပြောသည်။

စစ်ကိုင်းတိုင်းအတွင်းရှိ မီးဘေးသင့်ပြည်သူများ နေထိုင်ရန် အိမ်အလုံး တစ်ထောင် တည်ဆောက် နေပြီး ယခုအချိန်ထိ အိမ်အလုံးပေါင်း ၃၀၀ကျော်ဆောက်လုပ်လှူဒါန်းထားပြီးဖြစ်ကြောင်း S&C အဖွဲ့က ပြောသည်။

“စစ်ကိုင်းအတွင်း ဘယ်နေရာမဆိုလက်လှမ်းမှီသလောက်ကူညီပေးနေပါတယ်ဗျ။ နေရာဒေသသက်မှတ်ထားတာမျိုးတွေမရှိပါဘူး။ အိမ်တစ်လုံးစာလုံးလှူမယ်ဆိုရင် နှစ်သိန်းသုံးသောင်းကျပ်ပါ။အခြားပြောချင်တာကတော့ ပြည်သူတွေနဲ့ပူးပေါင်းပါဝင်ပေးဖို့ပြောချင်ပါတယ်။”ဟု S&C မီးဘေးစစ်ဘေးပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့ အဖွဲ့ဝင်တစ်ဦးက ပြောသည်။

S&C ထံသို့ ဆက်သွယ်အကူညီတောင်းခံလာသောမီးဘေးသင့် ကျေးရွာပေါင်း ၆၀ ကျော် အိမ်ထောင်စုအားဖြင့် ၂၈၆၀ ရှိကြောင်း၊ ကျန်ရှိနေသော အိမ်ထောင်စု ၆၀၀ ကျော်အတွက် ပါဝင်ပေးကြပါရန်လည်း မေတ္တာရပ်ခံထားသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

မီးဘေးသင့် ကျေးရွာပေါင်း ၃၀ကျော်ရှိ အိမ်ထောင်စု ၁,၂၀၀ကျော်အတွက် ဆေးဝါး၊စောင်၊ခြင်ထောင်၊ အစားအစာများ ပေးအပ်ရန်စီစဥ်ထားပြီး လက်တလော အိမ်ထောင်စု ၅၀၀ ကျော်အတွက် ရရှိထားကြောင်း၊ မြေပြင်သို့ တိုက်ရိုက်ပို့ဆောင်လျက်ရှိကြောင်း S&C အဖွဲ့က ပြောသည်။

S&C အဖွဲ့အစီအစဥ်ဖြင့် ယခုချိန်ထိစာသင်ကျောင်းပေါင်း (၈)ကျောင်း ဖွင့်လှစ်ပေးနိုင်ခဲ့ပြီး ထပ်မံ၍ ၁၂ကျောင်း တိုးချဲ့ဖွင့်လှစ်ရန်စီစဥ်နေကြောင်း S&C အဖွဲ့က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်က ရေနံမြေ Well-1 နဲ့ ဝဲတူး Well-2 ဒေသအခေါ်အခေါ် (ဝဲလ်တမ်း၊ ဝဲလ်တူး ရေနံမှော်)ကို စစ်တပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်းဒေသအတွင်း တနေရာမှာ အမျိုးသမီးမဟာမိတ် အင်အားစု (WAB) စုဖွဲ့မှု (၅)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဂျန်ဒါအသိပညာပေးမှုဆိုင်ရာ ဆွေးနွေးပွဲကို ဒီကနေ့ (စက်တင်ဘာ ၁၀) ပြုလုပ်ခဲ့ပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့က ရှစ်မျက်နှာဘုရားမှာ တပ်စွဲထားတဲ့ စစ်တပ်ဟာ မြို့တွင်းက ကြောင်ပန်းခုံကျေးရွာ ဝင်ရောက်စီးနင်းမီးရှို့ခဲ့ပြီး မီးငြှိမ်းတဲ့ ဒေသခံတွေကိုပါ သေနတ်နဲ့လိုက်လံ ပစ်ခတ်ခဲ့တယ်လို့ မြို့နယ်လူသားစာနာ တာဝန်ခံက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ရွှေဒါးကျကျေးရွာကို ပြီးခဲ့တဲ့ ရက်ပိုင်းမှာ အာဏာသိမ်းစစ်တပ် စစ်ကြောင်းဝင်ရောက်လာပြီးနောက် နေအိမ်တွေကိုမီးရှို့တာတွေပြုလုပ် နေတယ်လို့ သတင်းရင်းမြစ်အချို့ဆီကသိရပါတယ်။