Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကိုင်းတိုင်း ဒီချုပ်ပါတီအတွင်းရေးမှူး ဦးမြင့်ကြည် ကွယ်လွန်

ဦးမြင့်ကြည်သည် အသက်(၇၇)နှစ်အရွယ်ရှိပြီး စစ်ကိုင်းတိုင်းရှိ ၎င်း၏ နေအိမ်၌ ကွယ်လွန်​ခဲ့ခြင်းဟု ဒီချုပ်ပါတီဝင်တစ်ဦးက ပြောသည်။

ဒီချုပ်ပါတီအတွင်းရေးမှူး ဦးမြင့်ကြည်
ဒီချုပ်ပါတီအတွင်းရေးမှူး ဦးမြင့်ကြည်

စစ်ကိုင်းတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)အတွင်းရေးမှူး ဦးမြင့်ကြည် (၉၆)ပါးရောဂါဖြင့် ကွယ်လွန်သွားကြောင်း အဆိုပါ ပါတီအသိုင်းအဝိုင်းက အတည်ပြုသည်။

ဦးမြင့်ကြည်သည် အသက်(၇၇)နှစ်အရွယ်ရှိပြီး စစ်ကိုင်းတိုင်းရှိ ၎င်း၏ နေအိမ်၌ ကွယ်လွန်​ခဲ့ခြင်းဟု ဒီချုပ်ပါတီဝင်တစ်ဦးက ပြောသည်။

“ဦးမြင့်ကြည်က ပါတီအပေါ်တော်တော်လေး သံယောဇဥ်ကြီးတယ်။ သူကို့ စစ်ကောင်စီက ထိန်းသိမ်းခဲ့သေးတယ်။ ပြန်လွတ်လာတာ။ အခုတော့ သူ့အိမ်မှာပဲ ဆုံးပါးတာ”ဟု ၎င်းကပြောသည်။

စစ်ကောင်စီက နိုင်ငံတော်အာဏာသိမ်းပြီးနောက် ပထမဆုံးဖမ်းဆီးခံရသူများထဲတွင် ဦးမြင့်ကြည် ပါဝင်ခဲ့သည်။ကျန်းမာရေးမကောင်းသည့်ဦးမြင့်ကြည်သည် တစ်လကြာ ထိမ်းသိမ်းခံရပြီးနောက် ပြန်လွတ်မြောက်လာခဲ့သည်။

“မိသားစုနဲ့အတူထပ်တူဝမ်းနည်းရပါတယ်။ ပါတီတာဝန်ကိုကျတဲ့နေရာကနေ တာဝန်ကျေတဲ့သူ အမြဲတမ်းအမှတ်ရနေပါမယ်။ ကောင်းရာမွန်ရာရောက်ပါစေ”ဟု ဒီချုပ်ပါတီဝင်လူငယ်တစ်ဦးက လူမှုကွန်ရက်တွင် ရေးသားထားသည်။