Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကိုင်းတိုင်းတွင် နေအိမ်မီးရှို့ခံရသည့်ပြည်သူများအတွက် နေအိမ်တစ်ထောင်ဆောက်လုပ် လှူဒါန်းပေး

စစ်ကိုင်းတိုင်းအတွင်းရှိ မီးဘေးသင့်ပြည်သူများ နေထိုင်ရန် အိမ်အလုံး တစ်ထောင် တည်ဆောက် နေပြီး ယခုအချိန်ထိ အိမ်အလုံးပေါင်း ၃၀၀ကျော်ဆောက်လုပ်လှူဒါန်းထားပြီးဖြစ်ကြောင်း S&C အဖွဲ့က ပြောသည်။

S&C က ပြန်လည်ဆောက်လုပ်လှူဒါန်းပေးနေသောနေအိမ်များ၊ ဓာတ်ပုံ-S&C
S&C က ပြန်လည်ဆောက်လုပ်လှူဒါန်းပေးနေသောနေအိမ်များ၊ ဓာတ်ပုံ-S&C

▪️နေအိမ်၆၀၀ ကျော်အတွက် ပူးပေါင်းပါဝင်လှူဒါန်းပေးရန် မေတ္တာရပ်ခံ

စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ကောင်စီတပ်မီးရှို့ဖျက်ဆီးသွားသည့် နေအိမ်ပိုင်ရှင်များအတွက် နေအိမ်အလုံးတစ်ထောင် ပြန်လည်တည်ဆောက် လှူဒါန်းပေးနေကြောင်း S&C မီးဘေးစစ်ဘေးပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့က ပြောသည်။

စစ်ကိုင်းတိုင်းအတွင်းရှိ မီးဘေးသင့်ပြည်သူများ နေထိုင်ရန် အိမ်အလုံး တစ်ထောင် တည်ဆောက် နေပြီး ယခုအချိန်ထိ အိမ်အလုံးပေါင်း ၃၀၀ကျော်ဆောက်လုပ်လှူဒါန်းထားပြီးဖြစ်ကြောင်း S&C အဖွဲ့က ပြောသည်။

“ စစ်ကိုင်းအတွင်း ဘယ်နေရာမဆိုလက်လှမ်းမှီသလောက်ကူညီပေးနေပါတယ်ဗျ။ နေရာဒေသသက်မှတ်ထားတာမျိုးတွေမရှိပါဘူး။ အိမ်တစ်လုံးစာလုံးလှူမယ်ဆိုရင် နှစ်သိန်းသုံးသောင်းကျပ်ပါ။အခြားပြောချင်တာကတော့ ပြည်သူတွေနဲ့ပူးပေါင်းပါဝင်ပေးဖို့ပြောချင်ပါတယ်။” ဟု S&C မီးဘေးစစ်ဘေးပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့ အဖွဲ့ဝင်တစ်ဦးက ပြောသည်။

S&C ထံသို့ ဆက်သွယ်အကူညီတောင်းခံလာသောမီးဘေးသင့် ကျေးရွာပေါင်း ၆၀ ကျော် အိမ်ထောင်စုအားဖြင့် ၂၈၆၀ ရှိကြောင်း၊ ကျန်ရှိနေသော အိမ်ထောင်စု ၆၀၀ ကျော်အတွက် ပါဝင်ပေးကြပါရန်လည်း မေတ္တာရပ်ခံထားသည်။

Public Service Announcement
Public Service Announcement

မီးဘေးသင့် ကျေးရွာပေါင်း ၃၀ကျော်ရှိ အိမ်ထောင်စု ၁,၂၀၀ကျော်အတွက် ဆေးဝါး၊စောင်၊ခြင်ထောင်၊ အစားအစာများ ပေးအပ်ရန်စီစဥ်ထားပြီး လက်တလော အိမ်ထောင်စု ၅၀၀ ကျော်အတွက် ရရှိထားကြောင်း၊ မြေပြင်သို့ တိုက်ရိုက်ပို့ဆောင်လျက်ရှိကြောင်း S&C အဖွဲ့က ပြောသည်။

S&C အဖွဲ့အစီအစဥ်ဖြင့် ယခုချိန်ထိစာသင်ကျောင်းပေါင်း (၈)ကျောင်း ဖွင့်လှစ်ပေးနိုင်ခဲ့ပြီး ထပ်မံ၍ ၁၂ကျောင်း တိုးချဲ့ဖွင့်လှစ်ရန်စီစဥ်နေကြောင်း S&C အဖွဲ့က ပြောသည်။

You May Also Like

သတင်း

မြန်မာနိုင်ငံဆိုင်ရာ ကနေဒါသံရုံးကလည်း စစ်တပ်တစ်တပ်၏ တာဝန်မှာ ပြည်သူများကို ကာကွယ်ရန်ဖြစ်ပြီး မြန်မာစစ်တပ်အနေဖြင့် ၎င်းကျူးလွန်နေသာ ရက်စက်သောအကြမ်းဖက်မှုများကို ရပ်တန့်ရန် ယနေ့ တောင်းဆိုထားသည်။

သတင်း

ဝက်လက်နယ်၌ မိုင်းဆွဲခံရသော စစ်အုပ်စုသည် ရွှေဘိုမြို့သို့ပြန်လည်ဆုတ်ခွာသွား၍ ယာယီပိတ်ထားသော ရွှေဘို-မန္တလေးလမ်းအား ပြန်လည်ဖွင့်ထားကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက ပြောသည်။

သတင်း

ရွှေကူနယ်တိုက်ပွဲသတင်းကို KIA သတင်းပြန် ကြားရေးကဖော်ပြထားရာ မတ်လ ၂၄ရက်က ရွှေကူမြို့နယ် ငှက်တံတားရွာ တိုက်ပွဲ၌စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုများရှိခဲ့ကြောင်း အသိပေးထားသည်။

သတင်း

" ကားလမ်းပေါ် မိုင်းရှင်းဖို့ကြိုးစားနေတဲ့ စစ်ကောင်စီ စစ်သား သုံးဦး ရှေ့ကိုကျွံထွက်လာပြီး မိုင်းကွင်းပေါ်ရောက်လာချိန် ပဒေသာမိုင်း ငါးလုံးနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြတာဖြစ်ပြီး သုံးဦးလုံးသေဆုံးနိုင်ဖွယ်ရှိတယ်လို့သိရပါတယ်။"ဟု စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။