Connect with us

Hi, what are you looking for?

သတင်း

မင်းဘူးတွင် ​မြေငလျင်လှုပ်

မင်းဘူးမြို့တွင် ယနေ့(ဖေဖော်ဝါရီလ ၂ရက်)နံနက် ၆ နာရီ၃၀မိနစ်ခန့်က ငလျင်လှုပ်ခတ်သွား​ခြင်းဖြစ်သည်ဟု​ဒေသခံများက​ပြောသည်။

မင်းဘူးတွင် ​မြေငလျင်လှုပ်
မင်းဘူးတွင် ​မြေငလျင်လှုပ်

မကွေးတိုင်း မင်းဘူးမြို့တွင်အင်အားရစ်ချ်တာစကေး၄ဒဿမ ၅ အဆင့်ငလျင်လှုပ်ခတ်သွားကြောင်း အမေရိကန်ဘူမိလေ့လာရေးဌာန USGSက ထုတ်ပြန်ထားသည်။

မင်းဘူးမြို့တွင် ယနေ့(ဖေဖော်ဝါရီလ ၂ရက်)နံနက် ၆ နာရီ၃၀မိနစ်ခန့်က ငလျင်လှုပ်ခတ်သွား​ခြင်းဖြစ်သည်ဟု​ဒေသခံများက​ပြောသည်။

” ငလျင်က လှုပ်တာ သိပ်မသိသာလိုက်ဘူး။ဒါပေမယ့် လှုပ်နေကြမဟုတ်တော့ လန့်တယ်”ဟု မင်းဘူးဒေသခံတစ်ဦးကပြောသည်။

အဆိုပါငလျင်သည် မြေအနက် ၅၆ ကီလိုမီတာဝန်းကျင်တွင် ဗဟိုပြုလှုပ်ခတ်သွားခြင်းဟု USGSကထုတ်ပြန်သည်။ USGS သည်ကမ္ဘာတစ်ဝန်း​မြေငလျှင်လှုပ်ရှားမှုများကို ​စောင့်ကြည့်မှတ်တမ်းတင်​ပေး​နေ​ခြင်းဖြစ်သည်။​မြေအနက် ၁၀ ကီလိုမီတာ ထက်နည်း၍ လှုပ်ပါက ​ဇောက်တိမ်ငလျှင် ဟု​ခေါ်ပြီး ဖျက်အားပိုပြင်းပြီး ၊​မြေအနက် ပိုနက်​လေ ဖျက်အား​လျော့ပါးသွား​လေဖြစ်​​ကြောင်း​မြေငလျင်ပညာရှင်များက​ပြောသည်။ယခုမင်းဘူးငလျှင်မှာ ရစ်ချ်တာစ​ကေး ၄ ဒသမ ၅ ရှိသဖြင့် အင်အားအသင့်အတင့် ​​ရှိ​သော်လည်း မြေအနက်တွင်လှုပ်ရှားသွားခြင်းဖြစ်၍ ​​ဖျက်အားနည်းခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

မင်းဘူးမြို့နှင့်ထိစပ်နေသော ရခိုင်ပြည်နယ်၊ အမ်းမြို့တွင်လည်း မြေလွှာလှုပ်ရှားမှုရှိခဲ့သည်ဟု ဒေသခံများကပြောသည်။

ပြီးခဲ့သည့်ဒီဇင်ဘာလအတွင်းမန္တလေးနှင့်စစ်ကိုင်းပတ်ဝန်းကျင်တွင် ငလျင် ၆ကြိမ်ထက်မနည်းလှုပ်ခဲ့ပြီး ​ရှေး​ဟောင်း​စေတီ ပုထိုးအချို့ ထိခိုက်ပျက်စီးမှုရှိခဲ့သည်။ စစ်ကိုင်းပြတ်ရွေ့သည် ပုံစံအမျိုးမျိုး လှုပ်ရှားနေပြီးငလျင်ဘေးသတ်ပြုနေထိုင်ကြရန် ဘူမိဗေဒပညာရှင်အချို့က သတိပေး ထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကျူရှူးကျွန်းပေါ်က ငလျင်ဘေးသင့် ကူမာမိုတို ဒေသဆီ ဂျပန်ဝန်ကြီးချုပ် စနအဲ တကိချိက ကိုယ်တိုင် သွားရောက်ခဲ့ပြီး ကယ်ဆယ်ရေး အဖွဲ့ဝင်တွေ၊ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

နိုင်ငံတကာ

ဇွန်လတုန်းက ဗင်နီဇွဲလား နိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ စုံတွဲငလျင်ကြီး နှစ်ခုကြောင့် သေဆုံးသူ အရေအတွက်ဟာ ၆၀၀၀ ကျော်လွန်လာပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းမှာ ဇူလိုင် ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၇.၁ အဆင့် ငလျင်ကြီးကြောင့် သေဆုံးသူဟာ နှစ်ဒါဇင် နီးပါးထိ များပြားလာခဲ့ပါတယ်။

သတင်း

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့အနီးကို ဗဟိုပြုပြီး ၄.၆ အဆင့်ရှိ အင်အား အတော်အသင့်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က သတင်းထုတ်ပြန်ပါတယ်။