Connect with us

Hi, what are you looking for?

News

အရာတော်မြို့နယ်မှ ကျေးရွာအချို့ကို ဖျက်၍ပြောင်းမည်ဟု စစ်ကောင်စီတပ်ခြိမ်းခြောက်၊ လက်နက်များအပ်ရန်ပြော

စစ်ကိုင်းတိုင်း အရာတော်မြို့နယ်တွင် စစ်ကောင်စီကို ဆန့်ကျင်ဆန္ဒပြနေသောကျေးရွာများနှင့် PDF ရှိသည်ဆိုသည့် ကျေးရွာများအားဖျက်၍ ရွှေ့ပြောင်းမည်ဟု စစ်ကောင်စီက ခြိမ်းခြောက်နေကြောင်း ဒေသခံများက ပြော သည်။

-ပြည်သူထံအလင်းဝင်းရန် အကြမ်းဖက်စစ်ကောင်စီကို အရာတော်PDF တိုက်တွန်း

စစ်ကိုင်းတိုင်း အရာတော်မြို့နယ်တွင် စစ်ကောင်စီကို ဆန့်ကျင်ဆန္ဒပြနေသောကျေးရွာများနှင့် PDF ရှိသည်ဆိုသည့် ကျေးရွာများအားဖျက်၍ ရွှေ့ပြောင်းမည်ဟု စစ်ကောင်စီက ခြိမ်းခြောက်နေကြောင်း ဒေသခံများက ပြော သည်။

စစ်ကောင်စီကိုဆန့်ကျင်သူများအတွက် ရည်ရွယ်ရေး သားထားသောစာရွက်များအား အရာတော်မြို့နယ်အတွင်း ဖြန့်ဝေနေခြင်းဖြစ်သည်။

အရာတော်မြို့နယ်ရှိ ကြွေပုဂံနှစ်ရွာအား PDF များ များပြားပြီး လူသတ်၍ လုံခြုံရေးတပ်ဖွဲ့များအား မိုင်းထောင်တိုက်ခိုက်သည်ဟုစွပ်စွဲကာ ရွာဖျက်၍ ရွှေ့ပြောင်းသွားမည်ဖြစ်ကြောင်း၊ မလဲသာ၊ ကန်ရင်းရွာများကိုလည်း ဗုံး၊မိုင်းနှင့် သေနတ်များပြုလုပ်ဖြန့်ဖြူးရောင်းချနေပြီး PDF စခန်းနှင့် PDF များစွာရှိသည်ဟု စွပ်စွဲကာ အဆိုပါရွာများအား ရွာဖျက်၍ တိုင်းအစိုးရမှချပေးသော နေရာသို့ပြောင်းရွှေ့မည်ဖြစ်ကြောင်း၊ မကျီးကန်၊ နောင်ကြီးအိုင်၊ မင်းရွာတို့ကိုလည်းအမြဲတမ်းပုန်ကန်ဆန့်ကျင်ဆန္ဒပြပြီး အကြမ်းဖက်အဖွဲ့များ စုဖွဲ့ထားသည်ဟု စွပ်စွဲကာ အဆိုပါရွာများကိုလည်း ရွှေ့ပြောင်းရမည်ဖြစ် ကြောင်း ဖြန့်ဝေနေသည့်စာတွင် ရေးသားထားသည်။

Public Service Announcement

Public Service Announcement

ထို့အပြင်လက်နက်ခဲယမ်းများ၊ ဗုံးများ၊ မိုင်းများ အချိန်မီလာရောက်အပ်နှံကြရန်၊ နိုင်ငံတော်ပုန်ကန်မှု၊ အကြမ်း ဖက်လုပ်ရပ်များဟုလည်း စွပ်စွဲထားပြီး အဆိုပါလုပ်ရပ်များ ချက်ခြင်းရပ်တန့်ရန်၊ တာဝန်ရှိသူများထံ လက်နက်၊ ခဲယမ်း၊ ဗုံးများ၊ မိုင်းများ၊ အချိန်မီလာရောက် အပ်နှံကြရန်၊ အပ်နှံအလင်းဝင်ရောက်ခြင်းမရှိပါက မြို့ရွာများအလိုက် အကြမ်းဖက်လူသတ်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များကို တိုက်ခိုက်နေသော ကျေးရွာများအား အထက်ပါအတိုင်း ရွှေ့ပြောင်းစေမည်ဖြစ်ပြီး အကြမ်းဖက်ချေမှုန်းရေးကို စစ်ကြောင်းများချထား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော်နှင့်တပ်မတော်အပေါ် ပုန်ကန်နေပါက ဖမ်းဆီးအရေးယူခံရမည်ဖြစ်ပြီး မကြာမီသင့်အလှည့်ရောက်မည်ဖြစ်ကြောင်း ခြိမ်းခြောက်ထားသည်။

အရာတော်မြို့နယ်တွင် မြို့ပေါ်နေရာများဖြစ်သော ရဲစခန်းအနီး၊ အထွေထွေအုပ်ချုပ်ရေးမှုးရုံးအနီး၊ အ.ထ.ကကျောင်းအနီး၊ စည်ပင်စျေးအနီးများ၌ CCTV များလည်းတပ်ဆင်နေကြောင်း၊ အင်တာနက်လည်း ပြတ်တောက်နေကြောင်း ဒေသခံများက ယနေ့ ပြောသည်။

အရာတော်မြို့နယ် တော်လှန်ရေးအင်အားစုကလည်း အကြမ်းဖက်စစ်ကောင်စီကို ယနေ့တွင် စာထုတ်ကာ သတိပြန်ပေးခဲ့သည်။

စစ်ကောင်စီတပ်များက တော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်သမားများဟု အမည်တပ်ပြီး လက်နက်များ လာရောက်အပ်နှံပြီး အလင်းဝင်ရန်နှင့် မဝင်ပါက မြို့နယ်ကျေးရွာများကို ရွှေ့ပြောင်းစေမည်ဟု လက်နက်အားကိုး၍ ခြိမ်းခြောက်နေကြောင်း၊ ဖက်ဆစ်ဆန်ဆန် အကြမ်းဖက်၊ လူသတ်၊ ပစ္စည်းလု၊ ရွာမီးရှို့ခြင်းစသည့် လုပ်ရပ်များကို နှစ်ပေါင်းများစွာ ကျူးလွန်ကာ Crimes Against Humanity ခေါ် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့်ပြစ်မှုများ၊ War Crimes ခေါ် စစ်ရေးပြစ်မှုများစွာတို့ဖြင့် တစ်နိုင်ငံလုံးအပေါ် ဖိနှိပ်အုပ်ချုပ်လျက်ရှိသည့် အာဏာရူးစစ်ကောင်စီမှ သူခိုးလူပြန်ဟစ်ကာ ပြည်သူလူထုကိုအကြမ်းဖက်ဟု စွပ်စွဲသည်မှာ ရှက်ဖွယ်လိလိဖြစ်ကြောင်း၊ အရာတော်တော်လှန်ရေးအင်အားစုများသည် စစ်အာဏာရှင်စနစ် အမြစ်ပြတ်၍ ပြည်သူ့အာဏာ ပြည်သူ့လက်ဝယ် ပြန်ရောက်သည်အထိ တော်လှန်စစ်ကို နောက်မဆုတ်တမ်း ဆင်နွှဲသွားမည်ဖြစ်ကြောင်း အရာတော်မြို့နယ် တော်လှန်ရေးအင်အားစုက သတိပေးသည်။

ကျည်ဆန်ဗုံးသီးများကိုလည်း သင်တို့ရှေ့မှောက် သင်တို့လက်ထံအရောက် သေချာပေါက်လာရောက် ပစ်လွှတ်အပ်နှံမည်ဖြစ်သောကြောင့် ပြည်သူလူထုကို ခြိမ်း ခြောက်ရမ်းကားခြင်းများ မပြုလုပ်ဘဲ စိတ်အေးလက်အေးစောင့်စားနေကြရန် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များအား ကြိုတင်အသိပေးကြောင်း၊ ပြည်သူ့ထံလက် နက်ချ၍ အလင်းဝင်ရမည်မှာ အကြမ်းဖက် လူသတ်စစ်ကောင်စီသာ ဖြစ်ကြောင်း၊ အရာတော်မြို့နယ် တော်လှန်ရေးအင်အားစုက သတိပေးကြေညာခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။