Connect with us

Hi, what are you looking for?

သတင်း

နဂါးနီစစ်ကြောင်းတိုက်ပွဲဝင် ရဲဘော်များအား NUG လက်နက်များပေးအပ်

စစ်ကြောင်းမှူးများမှလည်း အမျိုးသားညီညွတ် ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များကို ကျေးဇူးတင်စကား ပြန်လည်ပြောဆိုခဲ့သည်ဟု ဖော်ပြသည်။

NUG အစိုးရက လက်နက်များတပ်ဆင်ပေးအပ်နေစဉ်၊ ဓာတ်ပုံ - နဂါးနီစစ်ကြောင်း
NUG အစိုးရက လက်နက်များတပ်ဆင်ပေးအပ်နေစဉ်၊ ဓာတ်ပုံ - နဂါးနီစစ်ကြောင်း

ကရင်အမျိုးသားအစည်းအရုံး(KNU)နယ်မြေရှိ နဂါးနီစစ်ကြောင်း တိုက်ပွဲဝင်ရဲဘော်များအား အမျိုးသားညီညွတ်ရေးအစိုးရ တောင်ပိုင်းစစ် ဒေသတပ်မှူးများက လက်နက်တပ်ဆင် ပေးအပ်ပွဲ ပြုလုပ်ခဲ့ကြောင်း နဂါးနီစစ်ကြောင်းက ယမန်နေ့ ညပိုင်း၌ သတင်းထုတ်ပြန်သည်။

အဆိုပါ လက်နက်ပေးအပ်ပွဲကို ဖေဖော်ဝါရီ ၁၄ရက် က ကျင်းပခဲ့ပြီး တောင်ပိုင်းစစ်ဒေသ ဒုစစ်ဒေသမှူး ရဲဘော်စောရှားနှင့် တောင်ပိုင်းစစ်ဒေသ၊ တာဝန်ရှိပုဂ္ဂိုလ်များက စစ်ဒေသခွဲအမှတ် (၃)အတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် ၏ နဂါးနီစစ်ကြောင်းသို့ လက်နက်များပေးအပ်ခဲ့သည်ဟု ဆိုသည်။

ထို့ပြင် စစ်ဒေသခွဲ အမှတ်(၃)အတွင်း စစ်ဆင်ရေးနှင့်ပတ်သက်၍ ပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေများကို ရဲဘော်များ သိရှိစေရန်အတွက် ရှင်းလင်းပြောကြားခဲ့ကြောင်း ဖော်ပြထားပြီး အသေးစိတ် အခြေအနေကို ဖော်ပြမထားပေ။

နွေဦးတော်လှန်ရေး၏ ၂နှစ်ကျော်ကာလအတွင်း အာဏာရှင်စနစ်အမြစ်ပြတ်ချေမှုန်းရေးအတွက် ရဲဘော်များ၏ စိတ်ဓာတ်မာကျောနေမှုများကို ဂုဏ်ပြုကြောင်းလည်း တာဝန်ရှိသူများက ပြောကြားခဲ့သည်ဟုဆိုသည်။

Public Service Announcement

Public Service Announcement

NUG အစိုးရက လက်နက်များတပ်ဆင်ပေးအပ်နေစဉ်၊ ဓာတ်ပုံ - နဂါးနီစစ်ကြောင်း
NUG အစိုးရက လက်နက်များတပ်ဆင်ပေးအပ်နေစဉ်၊ ဓာတ်ပုံ – နဂါးနီစစ်ကြောင်း

စစ်ကြောင်းမှူးများမှလည်း အမျိုးသားညီညွတ် ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များကို ကျေးဇူးတင်စကား ပြန်လည်ပြောဆိုခဲ့သည်ဟု ဖော်ပြသည်။

နဂါးနီစစ်ကြောင်းသည် KNU တပ်မဟာ(၆) နယ်မြေတွင် တိုက်ပွဲဝင်နေသည့် စစ်ကြောင်းဖြစ်သည်။

အမျိုးသားညီညတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် KNUနယ်မြေရှိ စစ်ကြောင်းများအပါအဝင် ဒေသအသီးသီးရှိ ပြည်သူ့ကာကွယ်ရေးတပ်များအား လက်နက်တပ်ဆင်ဖြည့်တင်းမှုများ ဆက်တိုက် ပြုလုပ်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။