Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

KNUနယ်မြေ၌ ပြည်သူ့ကာကွယ်ရေးတပ်မတော် တောင်ညိုစစ်ကြောင်း မွမ်းမံသင်တန်းဆင်းပွဲကျင်းပ

သင်တန်းဆင်းပွဲအခမ်းအနားကိုဖေဖော်ဝါရီလ ၁၅ ရက်တွင်ကျင်းပခဲ့ခြင်းဖြစ်ပြီး တောင်ညိုစစ်ကြောင်း၏ စစ်ကြောင်းမှူး၊ ဒုစစ်ကြောင်းမှူးနှင့် ကရင်အမျိုးသားအစည်းအရုံး KNU / KNLA မှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့သည်။

ဓါတ်ပုံ-NUG-MOD
ဓါတ်ပုံ-NUG-MOD

တောင်ပိုင်းစစ်ဒေသ၊စစ်ဒေသခွဲအမှတ် ၃၊ပြည်သူ့ကာကွယ်ရေးတပ်မတော် ကစယ့်သူး(တောင်ညို)စစ်ကြောင်း၏ မွမ်းမံသင်တန်းဆင်းပွဲအခမ်းအနားအောင်မြင်စွာကျင်းပခဲ့ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနကသတင်းထုတ်ပြန်သည်။

သင်တန်းဆင်းပွဲအခမ်းအနားကိုဖေဖော်ဝါရီလ ၁၅ ရက်တွင်ကျင်းပခဲ့ခြင်းဖြစ်ပြီး တောင်ညိုစစ်ကြောင်း၏ စစ်ကြောင်းမှူး၊ ဒုစစ်ကြောင်းမှူးနှင့် ကရင်အမျိုးသားအစည်းအရုံး KNU / KNLA မှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့သည်။

Public Service Announcement

Public Service Announcement

အဆိုပါ မွမ်းမံသင်တန်းတွင် သင်တန်းသားရဲဘော်များအား စာတွေ့၊ လက်တွေ့ဖြင့်လေ့ကျင့်သင်ကြားပေးခဲ့ပြီးသင်တန်းကာလအားဖြင့် ၂ လတာကြာမြှင့်ခဲ့ကြောင်း သိရသည်။

သင်တန်းဆင်းပွဲအခမ်းအနားတွင် တောင်ညိုစစ်ကြောင်းရှိ ရဲဘော်များမှ ပြည်သူ့ကာကွယ်ရေးတပ်မတော် အလံတော်ကို အလေးပြုသစ္စာဆိုခြင်း၊တာဝန်ရှိသူများမှ ကာကွယ်ရေးဝန်ကြီးပေးပို့သည့် သဝဏ်လွှာကို ဖတ်ကြားခြင်း၊သင်တန်းဆင်းရဲဘော်များကို တစ်ဦးချင်း သစ္စာရေ တိုက်ကျွေးခြင်း ပြုလုပ်ခဲ့သည်ဟုဆိုသည်။

ယခုသင်တန်းဆင်းပွဲပြုလုပ်ရာဒေသသည် KNU ဒူးပလာယာခရိုင်တပ်မဟာ(၆)နယ်မြေ၌ဖြစ်သည်။