Connect with us

Hi, what are you looking for?

News

မိုင်တဲတာဝါတိုင်​စောင့် BGF ​တွေအတွက် ရွာသား​တွေဆီက​ငွေ​ကောက်​နေ

လှိုင်းဘွဲမြို့နယ် ဥဒေါင်းကျေးရွာမှာ မနေ့ စက်တင်ဘာ ၁၄ ရက်ကစပြီး တာဝါတိုင်စောင့် BGFတပ်ဖွဲ့တွေအတွက် ရွာသားတွေထံကနေ တစ်အိမ်ထောင်ကို ငွေကျပ် ၂၀၀၀ နှုန်းနဲ့ အုပ်ချုပ်​ရေးမှုးက လာရောက်ကောက်ခံတာလို့ ရွာသားတစ်ဦးက ပြောပါတယ်။

လှိုင်းဘွဲမြို့နယ်မှာ မိုင်တဲတာဝါတိုင်စောင့်ပေးနေရတဲ့ နယ်ခြားစောင့်တပ် BGF တပ်ဖွဲ့အတွက် အုပ်ချုပ်ရေးမှူးက ရွာသားတွေထံကနေ အဓမ္မငွေကြေးကောက်ခံတာတွေ လုပ်ဆောင်နေတယ်လို့ ​ဒေသခံ​တွေ ပြောကြားချက်အရ သိရပါတယ်။

လှိုင်းဘွဲမြို့နယ် ဥဒေါင်းကျေးရွာမှာ မနေ့ စက်တင်ဘာ ၁၄ ရက်ကစပြီး တာဝါတိုင်စောင့် BGFတပ်ဖွဲ့တွေအတွက် ရွာသားတွေထံကနေ တစ်အိမ်ထောင်ကို ငွေကျပ် ၂၀၀၀ နှုန်းနဲ့ အုပ်ချုပ်​ရေးမှုးက လာရောက်ကောက်ခံတာလို့ ရွာသားတစ်ဦးက ပြောပါတယ်။

” မနေ့က ရွာလူကြီး ပိုက်ဆံလာကောက်သွားတယ်။ တစ်အိမ်ကို နှစ်ထောင်ပေးရတယ်။ သူတို့ပြောတာကတော့ မိုင်တဲတာဝါတိုင်ကို BGF ကင်းလာစောင့်မယ်။ အဲ့ဒီ BGF တပ်ဖွဲ့အတွက် ရွာလူကြီးက ပိုက်ဆံကောက်တာ။ တချို့ ရွာသားတွေ အဆင်မပြေတဲ့လူတွေ ရှိတယ်လေ။ အခက်အခဲဖြစ်တာပေါ့” လို့ ရွာသားတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် တာဝါတိုင်ကို စောင့်မယ့် BGF တပ်ဖွဲ့တွေနဲ့အတူ တွဲဖက်ပြီး ရွာသားတွေလည်း တစ်ရက်ကို လေးဦးခန့် တာဝါတိုင်ကို စောင့်ရှောက်ပေးရမယ်လို့လည်း ရွာအုပ်ချုပ်ရေးမှူးက အမိန့်ထုတ်ထားတယ်လို့ ရွာသားတစ်ဦးက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

” တာဝါတိုင် ဖျက်ဆီးမခံရဖို့အတွက်ဆိုပြီး BGF က လာစောင့်ပေးရတာ။ BGF တွေနဲ့အတူ ရွာသားတွေကလည်း သွားစောင့်ပေးရတယ်။ တစ်နေ့ကို ရွာသား ၄ ဦး BGFနဲ့အတူတွဲပြီးတော့ စောင့်ရမှာ။ အလှည့်ကျပေါ့။ အုပ်ချုပ်ရေးမှူးက ခိုင်းတာ” ရွာသားတစ်ဦးက ဆိုပါတယ်။

ငွေကြေးပေးဆောင်ရပြီး တာဝါတိုင်ကို ကူညီစောင့်ရှောက်ပေးရတဲ့အပြင် ကြံ့ခိုင်ရေးပါတီဝင်တွေနဲ့ ဖွဲ့စည်းထားတဲ့ ကျေးရွာကာကွယ်ရေးအဖွဲ့နဲ့အတူ ပူးပေါင်းပြီး ရပ်ရွာလုံခြုံရေးကိုလည်း စောင့်ရှောက်ပေးရမယ်လို့ ကြားသိရကြောင်း ရွာသားတစ်ဦးထံကနေ သိရပါတယ်။

ဥဒေါင်းကျေးရွာရဲ့ အနီးအနားရွာတစ်ရွာဖြစ်တဲ့ နန်းသားအုန်းရွာမှာလည်း မိုင်တဲတာဝါတိုင်ရှိနေတဲ့အတွက် ရွာသားတွေက ငွေကြေးလာရောက်ကောက်ခံတဲ့ ရွာအုပ်ချုပ်ရေးမှူးထံ ငွေပေးဆောင်ခဲ့ရပြီး တာဝါတိုင်ကိုလည်း စောင့်ရှောက်ပေးရမယ်လို့ သိရပါတယ် ။

အခုလို တာဝါတိုင်တွေကို BGFတပ်ဖွဲ့က တာဝန်ယူစောင့်ရှောက်ရပြီး အဓမ္မငွေကြေးကောက်ခံမှုတွေ လုပ်ဆောင်တဲ့အပြင် BGFတပ်ဖွဲ့တွေ မရှိတဲ့ကျေးရွာတွေမှာ ရွာသူရွာသားတွေအနေနဲ့ တာဝါတိုင်ကို တာဝန်ခံစောင့်ရှောက်ရမယ်လို့လည်း သိရပါတယ်။

ဥဒေါင်းကျေးရွာဟာ အိမ်ခြေ ၁၀၀ ကျော်ရှိပြီး မိုင်တဲတာဝါတိုင်ကတော့ ကျေးရွာရဲ့အဆုံးမှာ တည်ရှိနေတာဖြစ်ကာ ရွာအုပ်ချုပ်ရေးမှူးဖြစ်သူက ကြံ့ဖွတ်ပါတီဝင်တစ်ဦးလည်း ဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂ ရက်နေ့က ဘားအံမြို့နယ် ပေါ့ထော်ကျေးရွာအတွင်းမှာရှိတဲ့ မိုင်တဲတာဝါတိုင်တစ်ခု မီးရှို့ခံရပြီးတဲ့နောက် တာဝါတိုင်တွေ နောက်ထပ်မီးရှို့မခံရဖို့အတွက် BGFတပ်ဖွဲ့က အခုလို တာဝန်ယူစောင့်ရှောက်ပေးရတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်အုပ်စုရဲ့ဟန်ပြလုပ်ရပ်တွေ စိစစ်ပြီး ကျားဖြန့်လုပ်ငန်း အမှန်တကယ် တိုက်ဖျက်နေတဲ့ မြေပြင်အဖွဲ့တွေနဲ့ လက်တွဲပူးပေါင်းဖို့ အိမ်နီးချင်းနဲ့ နိုင်ငံတကာထံ တောင်းဆို

သတင်း

ထိုင်း - မြန်မာနယ်စပ် မြဝတီမြို့မှာ ကရင်နယ်ခြားစောင့်တပ်(BGF)တပ်ဖွဲ့ဝင် မောင်းနှင်လာတဲ့ကားက ဝင်တိုက်လို့ ကလေးငယ် ၁ဦးအပါအဝင်ဒေသခံအချို့ ဒဏ်ရာအပြင်းအထန်ရရှိသွားပြီး လမ်းဘေး ဈေးဆိုင်နဲ့ ကား၊ဆိုင်ကယ်တွေ ပျက်စီးမှုဖြစ်ပွားခဲ့ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့အခြေစိုက် စစ်တပ်လက်အောက်ခံကရင်နယ်ခြားစောင့်တပ်(BGF)အမှတ်(၄)တပ်နယ်မှူး ဗိုလ်မှူးကြီးစောမုတ်သုန်ကို လူကုန်ကူးမှု နဲ့ ထိုင်းရာဇဝတ်တရားရုံးက ဖမ်း၀ရမ်းအမိန့် ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ညသန်းခေါင်အချိန် ပေါ်တာဆွဲခံရမှာစိုးရိမ်လို့ စိတ်ဝင်စားမှုနည်း